Honor က တရုတ်မှာ တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Honor Pad 9 Pro လို့ အမည်ပေးထားပြီး 12.1” TFT LCD Display တပ်ဆင်ထားပါတယ်။ 2560x1600p Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ထားပြီး 1.07 Billion Color ကို ပြသပေးနိုင်ပါတယ်။

Honor Pad 9 Pro

MediaTek Dimensity 8100 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု MagicOS 8.0 မောင်းနှင်ထားပြီး 10,050mAh Battery တပ်ဆင်ထားပါတယ်။ 35W Fast Charging ပါလာပြီး စပီကာ ၄ လုံးနဲ့ Tweeter ၄ လုံး ထည့်သွင်းထားပါတယ်။

Honor Pad 9 Pro

အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ အထူက ၆.၆၄ မီလီမီတာ ရှိပြီး အလေးချိန်က ၅၈၉ ဂရမ် ရှိပါတယ်။ ဆက်သွယ်မှုအတွက် WiFi 6, Bluetooth 5.2 , 5G နဲ့ USB-Type-C Port ပါပါတယ်။

တက်ဘလက်အတွက် Starry Gray နဲ့ Sky Blue အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB Version ကို ၃၀၃ ဒေါ်လာနဲ့ 12/256GB Version ကို ၃၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina