[Zawgyi]

လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔ကေတာ့ အားလံုးလည္း ေမွ်ာ္လင့္ေစာင့္စားေနတဲ့ Samsung လည္း တလံုးတရင္းကို အားသြန္ခြန္စုိက္ ဦးတည္ေနတဲ့ ဖုန္းအသစ္မိတ္ဆက္ပြဲေလး လာေတာ့မွာျဖစ္ပါတယ္။ အဲဒီပြဲမွာေတာ့ S Series တို႔ ထြက္ေနက် ထံုးစံအတိုင္း Samsung Flagship ဖုန္းအသစ္ ျဖစ္လာမယ့္ Galaxy S10 ကို မိတ္ဆက္လာေတာ့မွာ ျဖစ္ပါတယ္။

ဒါတင္ပဲ မရပ္ေသးဘဲ Samsung ကေန ေနာက္ထပ္ စိတ္ဝင္စားစရာေလးေတြ ရိွေနပါေသးတယ္။ အဲတာေတြကေတာ့ အခု ဇန္နဝါရီ ၂၈ရက္ေန႔မွာ မိတ္ဆက္လာေတာ့မယ့္ Galaxy M10, M20 နဲ႔ M30 ဆိုတဲ့ M Series သစ္ေတြပါပဲ။ အခု ဒီထဲက M10 နဲ႔ M20 တို႔ရဲ႕ Specification ေတြကို သိရပါျပီ။

ဒီ Specs ေလးေတြကေတာ့ Samsung ဘက္ကကိုယ္တုိင္ ဝဘ္ဆိုဒ္မွာ မွားတင္ခဲ့မိတာ ျဖစ္ေပမယ့္ ခုေတာ့ ဖ်က္လိုက္ပါျပီ။ ပိုျပီးလက္ျမန္တဲ့ User ေတြေၾကာင့္ သတင္းတစ္ခြင္မွာ နာမည္ပတ္ၾကီးေနတ့ဲ M10 နဲ႔ M20 ေလးေတြပါ။

Galaxy M10

M Series သစ္ထဲမွာ အေသးဆံုးေလးကေတာ့ Dewdrop Notch ေလးနဲ႔ကို Proximity နဲ႔ Light Sensor ကို ထိပ္ဖက္မွာ ထားထားတာျဖစ္ပါတယ္။ Screen Size 6.2-inch (Resolution 1520×720p) ရိွတဲ့ LCD Display ကိုမွ 3.5mm နားၾကပ္ေပါက္လည္း ပါပါေသးတယ္။

Exyno 7872 နဲ႔ ထြက္လာမွာျဖစ္ျပီးေတာ့RAM  2/3GB နဲ႔ ေနာက္ကင္မရာ 13MP(f/1.9)+5MP(f/2.2) ျဖစ္ျပီး ေရွ႕ကင္မရာအေၾကာင္းကိုေတာ့ မေဖာ္ျပထားပါဘူး။ Battery 3400mAh ကို Android Oreo နဲ႔ ပြဲထြက္လာမွာ Galaxy M10 ေလးပါ။

Galaxy M20

ေနာက္ M20 ေလးကေတာ့ M Series ရဲ႕ အလတ္ေလးလို႔ ေျပာရမွာပါ။ နည္းနည္းေလးပိုၾကီးတဲ့ 6.3-inch Screen ေပမယ့္ ပံုစံကေတာ့ M10 နဲ႔ ခြ်တ္စြပ္နီးပါးေလာက္ပါပဲ။ ကြာသြားမွာက NFC Antenna နဲ႔ Fingerprint Reader ကို ေက်ာဘက္မွာ ထားထားတာပါ။

Screen Size 6.3-inch ကို သူကေတာ့ 1080×2340p LCD သံုးထားျပီး Exynos 7885, RAM 3GB , Storage 32/64GB နဲ႔လာမွာျဖစ္ပါတယ္။ ကင္မရာကေတာ့ 13MP(f/1.9)+5MP(f/2.2) သံုးထားျပီး Samsung ဖုန္းေတြမွာ အရမး္ကို ေမွ်ာ္လင့္ခဲ့ၾကတဲ့  5000mAh ကေတာ့ စိတ္ဝင္စားစရာပါပဲ။

ေနာက္ M30 အေၾကာင္းကေတာ့ သိပ္မသိရေသးေပမယ့္ ေက်ာဘက္မွာ ကင္မရာ ၃လံုးနဲ႔ ထြက္လာမယ့္ပံုပါ။ ဇန္နဝါရီ ၂၈ရက္မတိုင္ခင္ထိေတာ့ သတင္းအတိုအစေလးမ်ား ထြက္လာဦးမယ္ဆိုရင္ေတာ့ စိတ္ဝင္တစား ေစာင့္ၾကည့္ရဦးမွာပါ။

Ref: androidpit

[Unicode]

လာမယ့် ဖေဖော်ဝါရီလ ၂၀ရက်နေ့ကတော့ အားလုံးလည်း မျှော်လင့်စောင့်စားနေတဲ့ Samsung လည်း တလုံးတရင်းကို အားသွန်ခွန်စိုက် ဦးတည်နေတဲ့ ဖုန်းအသစ်မိတ်ဆက်ပွဲလေး လာတော့မှာဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ S Series တို့ ထွက်နေကျ ထုံးစံအတိုင်း Samsung Flagship ဖုန်းအသစ် ဖြစ်လာမယ့် Galaxy S10 ကို မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

ဒါတင်ပဲ မရပ်သေးဘဲ Samsung ကနေ နောက်ထပ် စိတ်ဝင်စားစရာလေးတွေ ရှိနေပါသေးတယ်။ အဲတာတွေကတော့ အခု ဇန်နဝါရီ ၂၈ရက်နေ့မှာ မိတ်ဆက်လာတော့မယ့် Galaxy M10, M20 နဲ့ M30 ဆိုတဲ့ M Series သစ်တွေပါပဲ။ အခု ဒီထဲက M10 နဲ့ M20 တို့ရဲ့ Specification တွေကို သိရပါပြီ။

ဒီ Specs လေးတွေကတော့ Samsung ဘက်ကကိုယ်တိုင် ဝဘ်ဆိုဒ်မှာ မှားတင်ခဲ့မိတာ ဖြစ်ပေမယ့် ခုတော့ ဖျက်လိုက်ပါပြီ။ ပိုပြီးလက်မြန်တဲ့ User တွေကြောင့် သတင်းတစ်ခွင်မှာ နာမည်ပတ်ကြီးနေတဲ့ M10 နဲ့ M20 လေးတွေပါ။

Galaxy M10

M Series သစ်ထဲမှာ အသေးဆုံးလေးကတော့ Dewdrop Notch လေးနဲ့ကို Proximity နဲ့ Light Sensor ကို ထိပ်ဖက်မှာ ထားထားတာဖြစ်ပါတယ်။ Screen Size 6.2-inch (Resolution 1520×720p) ရှိတဲ့ LCD Display ကိုမှ 3.5mm နားကြပ်ပေါက်လည်း ပါပါသေးတယ်။

Exyno 7872 နဲ့ ထွက်လာမှာဖြစ်ပြီးတော့RAM  2/3GB နဲ့ နောက်ကင်မရာ 13MP(f/1.9)+5MP(f/2.2) ဖြစ်ပြီး ရှေ့ကင်မရာအကြောင်းကိုတော့ မဖော်ပြထားပါဘူး။ Battery 3400mAh ကို Android Oreo နဲ့ ပွဲထွက်လာမှာ Galaxy M10 လေးပါ။

Galaxy M20

နောက် M20 လေးကတော့ M Series ရဲ့ အလတ်လေးလို့ ပြောရမှာပါ။ နည်းနည်းလေးပိုကြီးတဲ့ 6.3-inch Screen ပေမယ့် ပုံစံကတော့ M10 နဲ့ ချွတ်စွပ်နီးပါးလောက်ပါပဲ။ ကွာသွားမှာက NFC Antenna နဲ့ Fingerprint Reader ကို ကျောဘက်မှာ ထားထားတာပါ။

Screen Size 6.3-inch ကို သူကတော့ 1080×2340p LCD သုံးထားပြီး Exynos 7885, RAM 3GB , Storage 32/64GB နဲ့လာမှာဖြစ်ပါတယ်။ ကင်မရာကတော့ 13MP(f/1.9)+5MP(f/2.2) သုံးထားပြီး Samsung ဖုန်းတွေမှာ အရမ်းကို မျှော်လင့်ခဲ့ကြတဲ့  5000mAh ကတော့ စိတ်ဝင်စားစရာပါပဲ။

နောက် M30 အကြောင်းကတော့ သိပ်မသိရသေးပေမယ့် ကျောဘက်မှာ ကင်မရာ ၃လုံးနဲ့ ထွက်လာမယ့်ပုံပါ။ ဇန်နဝါရီ ၂၈ရက်မတိုင်ခင်ထိတော့ သတင်းအတိုအစလေးများ ထွက်လာဦးမယ်ဆိုရင်တော့ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပါ။

Ref: androidpit