[Zawgyi]

Google ရဲ႕ Pixel Watch ေတြနဲ႔ပတ္သက္တဲ့ ေကာလာဟလေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကတည္းက ထြက္ေပၚခဲ့ၿပီးသားပါ။ Pixel 3 ေတြနဲ႔အတူ မိတ္ဆက္ေတာ့မယ္လို႔ ေျပာခဲ့ၾကေပမယ့္လည္း တကယ္တမ္းျဖစ္မလာခဲ့တဲ့ေနာက္ Pixel Watch နဲ႔ပတ္သက္တဲ့ သတင္းေတြအေပၚ စိတ္ဝင္စားမႈ ေလ်ာ့နည္းသြားခဲ့ၾကပါတယ္။

၂၀၁၉ ခုႏွစ္ရဲ႕ ႏွစ္ဦးပိုင္းမွာေတာ့ Google Pixel Watch နဲ႔ ပတ္သက္တဲ့ သတင္းေတြက လႈပ္လႈပ္ရွားရွား ျဖစ္လာျပန္ပါတယ္။ Google ဟာ Fossil ရဲ႕ နည္းပညာအခ်ိဳ႕ကို ေဒၚလာ သန္း၄၀ ေပးၿပီး ဝယ္ယူလိုက္တဲ့ေနာက္ပိုင္း Pixel Watch ေတြရဲ႕ သတင္းေတြက စာမ်က္ႏွာေတြထက္ တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

Twitter ကတစ္ဆင့္ ေပါက္ၾကားလာတဲ့ သတင္းတစ္ခုကေတာ့ Google ဟာ “Medaka, Salmon နဲ႔ Walleye ဆိုတဲ့ Codename သုံးခုနဲ႔ စမ္သပ္မႈျပဳလုပ္ေနၿပီး ဒီထဲကမွ Medaka နဲ႔ Salmon တို႔ဟာ Pixel Watch အျဖစ္နဲ႔ ေပၚထြက္လာဖြယ္ရွိတယ္လို႔ ဆိုတာပါပဲ။

Salmon နဲ႔ Medaka ဆိုတာ ငါးနာမည္ေတြ ျဖစ္ပါတယ္။ Google ကလည္း သူတို႔ရဲ႕ Codename ေတြကို ငါးနာမည္ေတြနဲ႔ ေပးေလ့ရွိပါတယ္။ Nexus နဲ႔ Pixel ေတြအတြက္လည္း ငါးနာမည္ေတြပဲ ေပးခဲ့တာပါ။ ေပးထားတဲ့ နာမည္ေတြကလည္း ထုတ္လုပ္မယ့္ ထုတ္ကုန္ရဲ႕ ပုံပန္းသ႑ာန္ကို အနည္းနဲ႔အမ်ားေတာ့ ကိုယ္စားျပဳေနခဲ့ပါတယ္။ Medaka ဆိုတာကေတာ့ အလြန္ကိုမွ ေသးငယ္တဲ့ ဂ်ပန္မ်ိဳးစိတ္ ငါးတစ္မ်ိဳးပါ။

ၿပီးခဲ့တဲ့ႏွစ္ကတည္းက Google ဟာ Smartwatch သစ္သုံးမ်ိဳးအတြက္ လုပ္ေဆာင္ေနၿပီလို႔ သတင္းထြက္ခဲ့တဲ့အျပင္ Fossil နဲ႔လည္း လက္တြဲလိုက္တာေၾကာင့္ Pixel Watch ေတြအေၾကာင္းကေတာ့ ပိုၿပီးေတာ့ ေျပာလို႔ေကာင္းတဲ့ သတင္းေတြျဖစ္လာမွာ အမွန္ပါပဲ။

Ref: 9To5Mac

[Unicode]

Medaka နဲ့ Salmon တို့ဟာ Google Pixel Watch အတွက် Codename တွေဖြစ်တယ်လို့ သတင်းထွက်ပေါ်လာ

Google ရဲ့ Pixel Watch တွေနဲ့ပတ်သက်တဲ့ ကောလာဟလတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ထွက်ပေါ်ခဲ့ပြီးသားပါ။ Pixel 3 တွေနဲ့အတူ မိတ်ဆက်တော့မယ်လို့ ပြောခဲ့ကြပေမယ့်လည်း တကယ်တမ်းဖြစ်မလာခဲ့တဲ့နောက် Pixel Watch နဲ့ပတ်သက်တဲ့ သတင်းတွေအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ နှစ်ဦးပိုင်းမှာတော့ Google Pixel Watch နဲ့ ပတ်သက်တဲ့ သတင်းတွေက လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်ပါတယ်။ Google ဟာ Fossil ရဲ့ နည်းပညာအချို့ကို ဒေါ်လာ သန်း၄၀ ပေးပြီး ဝယ်ယူလိုက်တဲ့နောက်ပိုင်း Pixel Watch တွေရဲ့ သတင်းတွေက စာမျက်နှာတွေထက် တစ်ကျော့ပြန်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Twitter ကတစ်ဆင့် ပေါက်ကြားလာတဲ့ သတင်းတစ်ခုကတော့ Google ဟာ “Medaka, Salmon နဲ့ Walleye ဆိုတဲ့ Codename သုံးခုနဲ့ စမ်သပ်မှုပြုလုပ်နေပြီး ဒီထဲကမှ Medaka နဲ့ Salmon တို့ဟာ Pixel Watch အဖြစ်နဲ့ ပေါ်ထွက်လာဖွယ်ရှိတယ်လို့ ဆိုတာပါပဲ။

Salmon နဲ့ Medaka ဆိုတာ ငါးနာမည်တွေ ဖြစ်ပါတယ်။ Google ကလည်း သူတို့ရဲ့ Codename တွေကို ငါးနာမည်တွေနဲ့ ပေးလေ့ရှိပါတယ်။ Nexus နဲ့ Pixel တွေအတွက်လည်း ငါးနာမည်တွေပဲ ပေးခဲ့တာပါ။ ပေးထားတဲ့ နာမည်တွေကလည်း ထုတ်လုပ်မယ့် ထုတ်ကုန်ရဲ့ ပုံပန်းသဏ္ဍာန်ကို အနည်းနဲ့အများတော့ ကိုယ်စားပြုနေခဲ့ပါတယ်။ Medaka ဆိုတာကတော့ အလွန်ကိုမှ သေးငယ်တဲ့ ဂျပန်မျိုးစိတ် ငါးတစ်မျိုးပါ။

ပြီးခဲ့တဲ့နှစ်ကတည်းက Google ဟာ Smartwatch သစ်သုံးမျိုးအတွက် လုပ်ဆောင်နေပြီလို့ သတင်းထွက်ခဲ့တဲ့အပြင် Fossil နဲ့လည်း လက်တွဲလိုက်တာကြောင့် Pixel Watch တွေအကြောင်းကတော့ ပိုပြီးတော့ ပြောလို့ကောင်းတဲ့ သတင်းတွေဖြစ်လာမှာ အမှန်ပါပဲ။

Ref: 9To5Mac