



Ref – https://www.gsmarena.com/xiaomi_mi_8x_mi_8_youth_arrive_september_19-news-33190.php

Unicode

၂၀၁၈ နှောင်းပိုင်းမှာ ထွက်လာမယ့် Mi 8 စမတ်ဖုန်းသစ်တွေအတွက် သတင်းတွေထွက်နေတာ အတော်ကြာခဲ့ပါပြီ။ အခုဆိုရင် Specs တွေ ဘာပါလာမယ်ဆိုပြီးတော့တောင် Leak ဖြစ်နေကြတာကို တွေ့ကြမှာပါ။

ယနေ့ထွက်လာတဲ့ Xiaomi ရဲ့ တရားဝင်မီဒီယာ ဖိတ်ကြားစာ(ပုံ)အရ မော်ဒယ်နံပါတ် M1808D2TE လို့ သတ်မှတ်ထားတဲ့ ဟန်းဆက်အသစ်ကို လာမယ့် ၁၉ ရက်နေ့မှာ ချန်ဒူးမှာ တရားဝင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမိတ်ဆက်ပွဲကိုရောက်မှ သိရမယ့်အထဲမှာ လက်ရှိ Mi 8X, Mi 8X Youth, Mi8 Screen Fingerprint Edition စသဖြင့် သတင်းထွက်နေတဲ့ ဖုန်းရဲ့ နာမည်အစစ်အမှန်လည်း အပါအဝင်ပါပဲ။

အဆိုပါဖုန်းအသစ်မှာ Full HD+ Resolution အကြည်အားရှိမယ့် 6.26” လက်မ Display ပါဝင်မှာဖြစ်ပြီး Snapdragon 710 ချစ်ပ်ဆက် အသုံးပြုလာမှာပါ။ ကျောဘက်ကင်မရာက 12MP အဓိကဖြစ်နိုင်ပြီး ရှေ့ဘက် ဆယ်လ်ဖီကင်မရာကတော့ TENAA မှာမြင်တွေ့ရတဲ့ Spec အရ 24MP ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အချို့ Leak ဓါတ်ပုံတွေမှာ ဒီဖုန်းအသစ်မှာ Physical Fingerprint ဖတ်စက် မပါတဲ့အတွက် In-Display Fingerprint ကိုသုံးလာနိုင်တယ်လို့ ယူဆနေကြပါတယ်။ ဘယ်သတင်းတွေက အမှန်ဖြစ်မလဲ ဆိုတာကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ သဲသဲကွဲကွဲ သိကြရတော့မှာပါ။