Zawgyi

Xiaomi က မေန႔ကစျပီး Mi Mix 3 အေၾကာင္း Teaser ေတြကိုစျပီး ထုတ္ျပေနပါျပီ။ Mi Mix 3 မွာ သူမတူတဲ့ လုပ္ေဆာင္ခ်က္အသစ္အဆန္းေတြ ပါဝင္လာမယ္လို႔ေမွ်ာ္လင့္ေနၾကျပီး မၾကာခင္မွာပဲ ေမွ်ာ္လင့္ထားတဲ့ အရာေတြ တစ္ကယ္ပဲ မွန္ကန္ေနမလားဆိုတာ သိရေတာ့မွာပါ။ Mi Mix Series ဟာ Xiaomi ရဲ႕ အဆန္းသစ္ဆံုး ဖုန္း Series တစ္ခုျဖစ္ျပီး Screen-to-Body Ratio အေကာင္းဆံုး ပထမဆံုး ဖုန္းတစ္လံုးျဖစ္ပါတယ္။

မေန႔က Xiaomi ကေနျပီး Mi Mix 3 မွာပါဝင္တဲ့ Spec အၾကမ္းေတြကိုခ်ျပလိုက္ပါတယ္။ Xiaomi ရဲ႕ ေနာက္ထုတ္မယ့္ Mi Mix 3 ဟာ ကမၻာ့ ပထမဦးဆံုးအျဖစ္ RAM 10GB ပါဝင္လာမွာျဖစ္ျပီး 5G ကြန္ရက္စနစ္ အေထာက္အပံ့လည္းပါဝင္မွာပါ။ တစ္ေန႔က အဆိုပါ လုပ္ေဆာင္ခ်က္အသစ္ေတြကို Xiaomi ကေန မတူညီတဲ့ နည္းလမ္းတစ္မ်ိဳးနဲ႔ Tease လုပ္ခဲ့ျပီး Xiaomi ဘက္က အဆိုပါ လုပ္ေဆာင္ခ်က္ အသစ္ေတြပါလာမယ္ဆိုတာ ေသခ်ာ အတည္မျပဳခဲ့ပါဘူး။ မေန႔ကေတာ့ Teaser ပိုစတာတစ္ခုကို တရုတ္ဆိုရွယ္မီဒီယာ တစ္ခုေပၚတင္ျပီး Mi Mix 3 မွာ RAM 10GB နဲ႔ 5G Network Support ပါဝင္မယ္ဆိုတာကို အတည္ျပဳလိုက္ပါျပီ။ Xiaomi Mi Mix 3 မွာ ကမၻာ့ပထမဆံုး နည္းပညာ ႏွစ္ခုပါဝင္လာပါတယ္။ Mi Mix 3 ဟာ ကမၻာ့ ပထမဆံုးအျဖစ္ 5G ကြန္ရက္အေထာက္အပံ့ပါဝင္လာတဲ့ဖုန္းျဖစ္ျပီး RAM 10GB ပါဝင္တဲ့ ကမၻာ့ ပထမဦးဆံုး စမတ္ဖုန္းတစ္လံုးလည္းျဖစ္ပါတယ္။ အဲ့အျပင္ တစ္ျခား ဆန္းသစ္တဲ့ လုပ္ေဆာင္ခ်က္ အသစ္ေတြလည္းပါဝင္မွာျဖစ္လို႔ Mi Mix 3 ကိုတရားဝင္ မိတ္ဆက္တဲ့ ရက္မွပဲ အလံုးစံုသိမွာပါ။

တစ္ျခား Spec ေတြအေနနဲ႔ကေတာ့ SoC ပိုင္းမွာ ဒီႏွစ္ရဲ႕ နာမည္ၾကီး Flagship SoC ျဖစ္တဲ့ Snapdragon 845 ကိုပဲ အသံုးျပဳေပးထားပါတယ္။ RAM ပမာဏကေတာ့ အေပၚမွာေျပာထားတဲ့အတုိင္းပဲ 10GB ပါ။ သံုးဖက္ျမင္ မ်က္ႏွာ မွတ္သားပံုေဖာ္စနစ္လည္းပါဝင္ျပီး Screen-to-Body Ratio အျပည့္နီးပါးရွိမွာမို႔ OPPO Find X လိုမ်ိဳးပဲ ထိပ္ဘက္ Selfie Camera နဲ႔ သံုးဘက္ျမင္ မ်က္ႏွာမွတ္သား ပံုေဖာ္စနစ္အတြက္ အေထာက္အပံ့ ေပးမယ့္ Sensor ေတြကို Slider ထဲကိုထည့္ျမဳပ္ေပးထားပါတယ္။ ေအာက္တိုဘာ ၂၅ မွာတရားဝင္မိတ္ဆက္မွာမို႔လို႔ လုပ္ေဆာင္ခ်က္ အသစ္အဆန္းေတြနဲ႔ Mi Mix 3 ကိုျမင္ေတြ႔ရဖို႔ သိပ္မၾကာေတာ့ပါဘူး။

Ref: Giz China

Unicode

Xiaomi က မနေ့ကစပြီး Mi Mix 3 အကြောင်း Teaser တွေကိုစပြီး ထုတ်ပြနေပါပြီ။ Mi Mix 3 မှာ သူမတူတဲ့ လုပ်ဆောင်ချက်အသစ်အဆန်းတွေ ပါဝင်လာမယ်လို့မျှော်လင့်နေကြပြီး မကြာခင်မှာပဲ မျှော်လင့်ထားတဲ့ အရာတွေ တစ်ကယ်ပဲ မှန်ကန်နေမလားဆိုတာ သိရတော့မှာပါ။ Mi Mix Series ဟာ Xiaomi ရဲ့ အဆန်းသစ်ဆုံး ဖုန်း Series တစ်ခုဖြစ်ပြီး Screen-to-Body Ratio အကောင်းဆုံး ပထမဆုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။

မနေ့က Xiaomi ကနေပြီး Mi Mix 3 မှာပါဝင်တဲ့ Spec အကြမ်းတွေကိုချပြလိုက်ပါတယ်။ Xiaomi ရဲ့ နောက်ထုတ်မယ့် Mi Mix 3 ဟာ ကမ္ဘာ့ ပထမဦးဆုံးအဖြစ် RAM 10GB ပါဝင်လာမှာဖြစ်ပြီး 5G ကွန်ရက်စနစ် အထောက်အပံ့လည်းပါဝင်မှာပါ။ တစ်နေ့က အဆိုပါ လုပ်ဆောင်ချက်အသစ်တွေကို Xiaomi ကနေ မတူညီတဲ့ နည်းလမ်းတစ်မျိုးနဲ့ Tease လုပ်ခဲ့ပြီး Xiaomi ဘက်က အဆိုပါ လုပ်ဆောင်ချက် အသစ်တွေပါလာမယ်ဆိုတာ သေချာ အတည်မပြုခဲ့ပါဘူး။ မနေ့ကတော့ Teaser ပိုစတာတစ်ခုကို တရုတ်ဆိုရှယ်မီဒီယာ တစ်ခုပေါ်တင်ပြီး Mi Mix 3 မှာ RAM 10GB နဲ့ 5G Network Support ပါဝင်မယ်ဆိုတာကို အတည်ပြုလိုက်ပါပြီ။ Xiaomi Mi Mix 3 မှာ ကမ္ဘာ့ပထမဆုံး နည်းပညာ နှစ်ခုပါဝင်လာပါတယ်။ Mi Mix 3 ဟာ ကမ္ဘာ့ ပထမဆုံးအဖြစ် 5G ကွန်ရက်အထောက်အပံ့ပါဝင်လာတဲ့ဖုန်းဖြစ်ပြီး RAM 10GB ပါဝင်တဲ့ ကမ္ဘာ့ ပထမဦးဆုံး စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ အဲ့အပြင် တစ်ခြား ဆန်းသစ်တဲ့ လုပ်ဆောင်ချက် အသစ်တွေလည်းပါဝင်မှာဖြစ်လို့ Mi Mix 3 ကိုတရားဝင် မိတ်ဆက်တဲ့ ရက်မှပဲ အလုံးစုံသိမှာပါ။

တစ်ခြား Spec တွေအနေနဲ့ကတော့ SoC ပိုင်းမှာ ဒီနှစ်ရဲ့ နာမည်ကြီး Flagship SoC ဖြစ်တဲ့ Snapdragon 845 ကိုပဲ အသုံးပြုပေးထားပါတယ်။ RAM ပမာဏကတော့ အပေါ်မှာပြောထားတဲ့အတိုင်းပဲ 10GB ပါ။ သုံးဖက်မြင် မျက်နှာ မှတ်သားပုံဖော်စနစ်လည်းပါဝင်ပြီး Screen-to-Body Ratio အပြည့်နီးပါးရှိမှာမို့ OPPO Find X လိုမျိုးပဲ ထိပ်ဘက် Selfie Camera နဲ့ သုံးဘက်မြင် မျက်နှာမှတ်သား ပုံဖော်စနစ်အတွက် အထောက်အပံ့ ပေးမယ့် Sensor တွေကို Slider ထဲကိုထည့်မြုပ်ပေးထားပါတယ်။ အောက်တိုဘာ ၂၅ မှာတရားဝင်မိတ်ဆက်မှာမို့လို့ လုပ်ဆောင်ချက် အသစ်အဆန်းတွေနဲ့ Mi Mix 3 ကိုမြင်တွေ့ရဖို့ သိပ်မကြာတော့ပါဘူး။

Ref: Giz China