Zawgyi
Unicode
Xiaomi Mi Mix 2S နဲ့ Mi 8 တို့အတွက် MIUI 10 Global Stable ROMs ထွက်ပြီ
Xiaomi အနေနဲ့ Mi Mix 2S နဲ့ Mi 8 တို့အတွက် MIUI 10 Globla Stable ROMs ကို Update ပြုလုပ်ခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုက အဆိုပါ ROM တွေဟာ Over-the-air (OTA) Update မဟုတ်ဘဲ Recovery ROMs အမျိူးအစားများသာ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း OTA Update က ဒီရက်ပိုင်းထဲမှာ ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ Recovery ROMs အမျိူးအစားဖြစ်တဲ့အတွက် Firmware file ကို သီးသန့် Download ပြုလုပ်ရန် လိုအပ်ပြီး၊ Download ပြုလုပ်ပြီးသွားပါက အဆိုပါ Firmware file ကို Recovery Mode ကနေတစ်ဆင့် Install လုပ်ပေးရမှာ ဖြစ်ပါတယ်။
အခု အသစ်ထွက်ရှိလာတဲ့ MIUI 10 Global Stable ROM မှာ Artificial Intelligence ကို အခြေခံထားတဲ့ AI Portrait Mode, Full-screen Display Gestures နဲ့ Recents View ဒီဇိုင်းအသစ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Performance အပိုင်းကိုလည်း တိုးမြှင့်ပေးထားတာကြောင့် အရင် ဗားရှင်းထက် ပိုမြန်ပြီး Smooth ပိုဖြစ်လာတယ်လို့ သိရပါတယ်။
XDA Developers ဝက်ဆိုက်ရှိ သတင်းတွေအရဆိုရင် Mi 8 နဲ့ Mi Mix 2S တို့ရဲ့ Recovery ROMs တွေဟာ Android Oreo ကို အခြေခံပြီး ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Flashing လုပ်တဲ့အခါမှာလည်း Device ထဲက Data တွေကို ဖျက်မသွားဘူးလို့ သိရပါတယ်။ မည်သို့ပင် ဆိုစေကာမူ Flashing မလုပ်ခင်မှာ Device ထဲက Data တွေကို Backup လုပ်ထားတာ အကောင်းဆုံးပါလို့ အကြံပေးထားပါတယ်။
Mi 8 နဲ့ Mi Mix 2S တို့အတွက် Recovery ROMs တွေကို Download ပြုလုပ်လိုသူများအနေနဲ့ ဒီလင့်မှာ Download ပြုလုပ်နိုင်ပါတယ်။
Ref: gadgets.ndtv, xdadevelopers