Zawgyi













Unicode

Mytel Shake အစီအစဥ်ရဲ့Toyota Camry 2018 အထူးဆုကြီးအား ဆွတ်ခူးရရှိသွားတဲ့ မရီမွန်ခင်

· iPhoneX နှင့် Sony HD TV ကံထူးရှင်ခြောက်ဦးထွက်ပေါ်

သြဂုတ်လ ၂၅ရက်၊ ၂၀၁၈ခုနှစ်။ ရန်ကုန်၊ မြန်မာ – မြန်မာနိုင်ငံ၏ နောက်ဆုံးပေါ် ခေတ်မီဆန်းသစ်သည့် ဆက်သွယ်ရေးအော်ပရေတာ Mytel သည် ယနေ့တွင် St. John City Mall ၌ Shake The amazing အစီအစဉ်၏ ကံထူးရှင်များ ရွေးချယ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ လာရောက်ကြည့်ရှုသောဧည့်ပရိတ်သက်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ရှေ့မှောက်၌ ကံထူးရှင် ၇ဦးကို Live မဲနှိုက်ရွေးချယ်ပေးခြင်းဖြင့် အခမ်းအနားအားတင်ဆက်ခဲ့သည်။

၃၁ရက်ဇူလိုင်မှ ၉ရက်ဩဂုတ်လ အတွင်းကံစမ်းထားသူများထဲမှ ကံထူးရှင် ၇ဦးကို ရွေးချယ်ပေးခြင်းဖြစ်သည်။ Shake အစီအစဉ်အား ပါဝင်ကံစမ်းကြသော ရာထောင်ချီသည့် ကံထူးရှင်များထဲမှ ၇ဦးကို Mytel မှ ဂုဏ်ပြုကြေငြာလိုက်သည်။

· မရီမွန်ခင် – Toyota Camry 2018 ကံထူးရှင်

· ကိုရဲသူ– iphone X ကံထူးရှင်

· ၀၉ ၆၉ ၁၇***** –iphone X ကံထူးရှင်

· ၀၉ ၆၉ ၂၆***** –iphone X ကံထူးရှင်

· ကိုမျိုးမင်းအောင်–Sony HD TV ကံထူးရှင်

· ကိုအောင်မင်းသိန်း –Sony HD TV ကံထူးရှင်

· ကိုကျော်ထက် –Sony HD TV ကံထူးရှင်

“ကျွန်တော်တို့အနေနဲ့ Shake အစီအစဉ်မှာပါဝင်တဲ့ သုံးစွဲသူတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ သန်းနဲ့ချီတဲ့ shake အကြိမ်ရေကို နေ့တိုင်းနီးပါးလက်ခံရရှိပါတယ်။ နောက်ပြီး သုံးစွဲသူတွေကလည်း စိတ်ဝင်စားပြီး ပါဝင်ကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။” ဟု Mytel မှ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှပြောကြားသည်။

Toyota Camry 2018 အထူးဆုကံထူးရှင်ထွက်ပေါ်ပြီးနောက် Mytel မှ မရီမွန်ခင် အားဖုန်းခေါ်ဆိုမှုပြုလုပ်ကာ သတင်းကောင်းအားဝေမျှပြီး ပျော်ရွှင်စရာ စကားများ ဖလှယ်ကြသည်။ Mytel သည် သုံးစွဲသူများနှင့် ရင်းနှီးစွာချိတ်ဆက်၍ အတွေ့အကြုံကောင်းများအား ယူဆောင်လာပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးအော်ပရေတာဖြစ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။ ထိုအပြင် Mytel အနေဖြင့် မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ လိုအပ်သောကွက်လပ်များနှင့် လိုအင်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆန်းသစ်တီထွင်ပြီး အပြန်အလန်ချိတ်ဆက်နိုင်မည့် ဝန်ဆောင်မှုများအား အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။