[Zawgyi]

HMD Global ကုမၸဏီရဲ႕ ထုတ္ကုန္ပုိင္းဆုိင္ရာအႀကီးအကဲျဖစ္တဲ့ Juho Sarvikas ဟာ သူ႕ရဲ႕ တြစ္တာ အေကာင့္ကေနတဆင့္ လာမယ့္ MWC 2019 ပြဲမွာ Nokia ရဲ႕ထုတ္ကုန္အလန္းစားေတြကို မိတ္ဆက္လာမယ္ ဆုိတာ အတည္ျပဳခဲ့ၿပီးသားပါ။ ယခုအခါမွာေတာ့ စပိန္ႏုိင္ငံ၊ ဘာစီလိုနာၿမိဳ႕မွာ ျပဳလုပ္မယ့္ အဆုိပါပြဲကို တက္ေရာက္ဖို႔ Nokia ရဲ႕မီဒီယာဖိတ္စာ တရားဝင္ထြက္ေပၚလာၿပီျဖစ္ပါတယ္။

မၾကာေသးခင္က ထြက္ေပၚထားခဲ့တဲ့ သတင္းေတြအရေတာ့ သူတုိ႔ရဲ႕ Flagship ဖုန္းအသစ္ Nokia 9 Pureview အပါအဝင္ စမတ္ဖုန္းသစ္မ်ားကို မိတ္ဆက္သြားမွာပါ။ Nokia 9 Pureview ကေတာ့ ကင္မရာကို ပုံမွန္ထက္ပုိအသားေပးထားၿပီး ကင္မရာငါးခုပါဝင္တဲ့ စမတ္ဖုန္းတစ္လုံးျဖစ္သလို ေနာက္ထပ္ Display ထဲမွာ ဆယ္ဖီကင္မရာ Punch-hole ပါဝင္တဲ့ Nokia 8.1 Plus ဟန္းဆက္ကိုလည္း ျမင္ရမယ္လို႔ ယူဆရပါတယ္။

Nokia စမတ္ဖုန္းသစ္ေတြကိုေတာ့ လာမယ့္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာ စတင္က်င္းပသြားမယ့္ MWC 2019 ပြဲေတာ္မွာ အျပည့္အစုံျမင္ေတြ႕ခြင့္ရေတာ့မွာပါ။ ရက္အနည္းငယ္လုိေသးတယ္ ဆုိေပမယ့္ စမတ္ဖုန္း ေစ်းကြက္မွာ ပုံရိပ္က်ဆင္းေနတဲ့ Nokia အမွတ္တံဆိပ္အတြက္ ၂၀၁၉ မွာ ဘယ္လို တေၾကာ့ျပန္လာဖို႔ ျပင္ဆင္လာသလဲ ဆုိတာ စိတ္ဝင္စားစရာပါပဲ။

Ref – GSM Arena

[Unicode]

HMD Global ကုမ္ပဏီရဲ့ ထုတ်ကုန်ပိုင်းဆိုင်ရာအကြီးအကဲဖြစ်တဲ့ Juho Sarvikas ဟာ သူ့ရဲ့ တွစ်တာ အကောင့်ကနေတဆင့် လာမယ့် MWC 2019 ပွဲမှာ Nokia ရဲ့ထုတ်ကုန်အလန်းစားတွေကို မိတ်ဆက်လာမယ် ဆိုတာ အတည်ပြုခဲ့ပြီးသားပါ။ ယခုအခါမှာတော့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ပြုလုပ်မယ့် အဆိုပါပွဲကို တက်ရောက်ဖို့ Nokia ရဲ့မီဒီယာဖိတ်စာ တရားဝင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။

မကြာသေးခင်က ထွက်ပေါ်ထားခဲ့တဲ့ သတင်းတွေအရတော့ သူတို့ရဲ့ Flagship ဖုန်းအသစ် Nokia 9 Pureview အပါအဝင် စမတ်ဖုန်းသစ်များကို မိတ်ဆက်သွားမှာပါ။ Nokia 9 Pureview ကတော့ ကင်မရာကို ပုံမှန်ထက်ပိုအသားပေးထားပြီး ကင်မရာငါးခုပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်သလို နောက်ထပ် Display ထဲမှာ ဆယ်ဖီကင်မရာ Punch-hole ပါဝင်တဲ့ Nokia 8.1 Plus ဟန်းဆက်ကိုလည်း မြင်ရမယ်လို့ ယူဆရပါတယ်။

Nokia စမတ်ဖုန်းသစ်တွေကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စတင်ကျင်းပသွားမယ့် MWC 2019 ပွဲတော်မှာ အပြည့်အစုံမြင်တွေ့ခွင့်ရတော့မှာပါ။ ရက်အနည်းငယ်လိုသေးတယ် ဆိုပေမယ့် စမတ်ဖုန်း ဈေးကွက်မှာ ပုံရိပ်ကျဆင်းနေတဲ့ Nokia အမှတ်တံဆိပ်အတွက် ၂၀၁၉ မှာ ဘယ်လို တကြော့ပြန်လာဖို့ ပြင်ဆင်လာသလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref – GSM Arena