[Zawgyi]

Samsung ဖုန္းေတြမွာ Notch မသုံးလို႔ ဂုဏ္ယူေနတဲ့ Fan ေတြနဲ႔ Notch မႀကိဳက္သူေတြအတြက္ေတာ့ သတင္းေကာင္းမဟုတ္ပါဘူး။ Samsung ကိုယ္တိုင္က တစ္ခ်ိန္တုန္းက Notch ေတြကို ပစ္ပယ္ထားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ လက္ေလွ်ာ့လိုက္ပုံရပါတယ္။ အမ်ားသူငါလိုပဲ Notch ေတြကို စသုံးပါေတာ့မယ္။

ကိုရီးယားကုမၸဏီႀကီးဟာ လက္ရွိက်င္းပျပဳလုပ္ေနတဲ့ Samsung Developer Conference မွာ အနာဂတ္ မ်ိဳးဆက္ဖုန္းေတြကို မိတ္ဆက္သြားပါတယ္။ မိတ္ဆက္သြားတာေတြကေတာ့ Infinity-U, Infinity-V, Infinity-O နဲ႔ New Infinity ဆိုၿပီး ၄ မ်ိဳးျဖစ္ပါတယ္။ ဒီေလးမ်ိဳးထဲမွာ New Infinity ကလြဲရင္ က်န္သုံးမ်ိဳးက မတူညီတဲ့ Notch ဒီဇိုင္းကိုယ္စီနဲ႔ပါ။

Infinity-U နဲ႔ Infinity-V တို႔ကေတာ့ သမား႐ိုးက် Notch ပုံစံေတြနဲ႔ဆိုတာကို ေတြ႕ျမင္ရပါတယ္။ ဒါေပမယ့္္ Infinity-O ရဲ႕ Notch ဒီဇိုင္းကေတာ့ နည္းနည္းပိုၿပီး ထူးဆန္းတယ္လို႔ ဆိုရမွာပါ။ ဖုန္းမ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္ထိပ္ အစြန္းမက်တက်နားမွာ စက္ဝိုင္းပုံစံ ေဖာက္ထားတဲ့ ပုံစံမ်ိဳးပါ။ မ်က္ႏွာျပင္ကို ေဖာက္ထားတာလား၊ မ်က္ႏွာျပင္ေအာက္လားေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ S10 ဟာ “Single camera hole on front” နဲ႔ လာမယ္ဆိုၿပီး ေကာလာဟလေတြ ထြက္ခဲ့ဖူးပါေသးတယ္။

New Infinnity ကေတာ့ လုံးဝကို အလန္းစား ျဖစ္ၿပီး နာမည္နဲ႔လိုက္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Notch မပါ၊ Bezel မပါတဲ့ တကယ့္ကို မ်က္ႏွာျပင္ျပည့္ ျဖစ္မယ့္ ပုံစံပါပဲ။ Samsung Fan ေတြအားလုံး ေစာင့္ေမွ်ာ္ေနၾကတဲ့ ဒီဇိုင္းမ်ိဳး ျဖစ္ပါလိမ့္မယ္။ New Infinnity ဟာ Flagship အေနနဲ႔ပဲ ထြက္ေပၚလာဖြယ္ရွိပါတယ္။ က်န္တဲ့ ဒီဇိုင္းေတြကေတာ့ Mid-range ေတြအေနနဲ႔ ထြက္ေပၚလာႏိုင္တယ္လို႔ ယူဆရပါတယ္။ ေနာက္ဆုံးမွာေတာ့ Samsung လည္း Notch ေတြကို အသုံးျပဳလိုက္ရတာ စိတ္မေကာင္းစရာပါပဲ။

Ref: gsmarena

 

[Unicode]

Samsung ဖုန်းတွေမှာ Notch မသုံးလို့ ဂုဏ်ယူနေတဲ့ Fan တွေနဲ့ Notch မကြိုက်သူတွေအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ Samsung ကိုယ်တိုင်က တစ်ချိန်တုန်းက Notch တွေကို ပစ်ပယ်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ လက်လျှော့လိုက်ပုံရပါတယ်။ အများသူငါလိုပဲ Notch တွေကို စသုံးပါတော့မယ်။

ကိုရီးယားကုမ္ပဏီကြီးဟာ လက်ရှိကျင်းပပြုလုပ်နေတဲ့ Samsung Developer Conference မှာ အနာဂတ် မျိုးဆက်ဖုန်းတွေကို မိတ်ဆက်သွားပါတယ်။ မိတ်ဆက်သွားတာတွေကတော့ Infinity-U, Infinity-V, Infinity-O နဲ့ New Infinity ဆိုပြီး ၄ မျိုးဖြစ်ပါတယ်။ ဒီလေးမျိုးထဲမှာ New Infinity ကလွဲရင် ကျန်သုံးမျိုးက မတူညီတဲ့ Notch ဒီဇိုင်းကိုယ်စီနဲ့ပါ။

Infinity-U နဲ့ Infinity-V တို့ကတော့ သမားရိုးကျ Notch ပုံစံတွေနဲ့ဆိုတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့်် Infinity-O ရဲ့ Notch ဒီဇိုင်းကတော့ နည်းနည်းပိုပြီး ထူးဆန်းတယ်လို့ ဆိုရမှာပါ။ ဖုန်းမျက်နှာပြင်ရဲ့ ဘယ်ဘက်ထိပ် အစွန်းမကျတကျနားမှာ စက်ဝိုင်းပုံစံ ဖောက်ထားတဲ့ ပုံစံမျိုးပါ။ မျက်နှာပြင်ကို ဖောက်ထားတာလား၊ မျက်နှာပြင်အောက်လားတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ S10 ဟာ “Single camera hole on front” နဲ့ လာမယ်ဆိုပြီး ကောလာဟလတွေ ထွက်ခဲ့ဖူးပါသေးတယ်။

New Infinnity ကတော့ လုံးဝကို အလန်းစား ဖြစ်ပြီး နာမည်နဲ့လိုက်မယ်လို့ မျှော်လင့်ရပါတယ်။ Notch မပါ၊ Bezel မပါတဲ့ တကယ့်ကို မျက်နှာပြင်ပြည့် ဖြစ်မယ့် ပုံစံပါပဲ။ Samsung Fan တွေအားလုံး စောင့်မျှော်နေကြတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါလိမ့်မယ်။ New Infinnity ဟာ Flagship အနေနဲ့ပဲ ထွက်ပေါ်လာဖွယ်ရှိပါတယ်။ ကျန်တဲ့ ဒီဇိုင်းတွေကတော့ Mid-range တွေအနေနဲ့ ထွက်ပေါ်လာနိုင်တယ်လို့ ယူဆရပါတယ်။ နောက်ဆုံးမှာတော့ Samsung လည်း Notch တွေကို အသုံးပြုလိုက်ရတာ စိတ်မကောင်းစရာပါပဲ။

Ref: gsmarena