OnePlus 6T လို႔ ေခၚဆုိဖို႔ မွတ္ယူရတဲ့ OnePlus ရဲ႕ ၂၀၁၈ အတြက္ ဒုတိယေျမာက္ Flagship ဖုန္းဟာ In-Display Fingerprint Sensor နည္းပညာ ထည့္သြင္းလာမွာျဖစ္ေၾကာင္း CNET ကို ေပးပို႔ခဲ့တဲ့ အီးေမးလ္ထဲမွာ အတည္ျပဳခဲ့ပါတယ္။

ပုံမွာျမင္ရတဲ့အတိုင္း OnePlus 6T ရဲ႕ မ်က္ႏွာျပင္မွာ Fingerprint ပုံေလး ပါဝင္လာျပီး အေပၚက ေအာက္တုိဘာလ ၁၇ ရက္၊ ဗုဒၶဟူးေန႔ဆုိတာကို ရွင္းရွင္းလင္းလင္း ေတြ႕ရမွာပါ။ ဒါဟာ OnePlus 6T အတြက္ တရားဝင္မိတ္ဆက္လာမယ့္ ေန႔လုိ႔ သတ္မွတ္သင့္ျပီး ပုံမွန္အားျဖင့္ ႏုိဝင္ဘာလမွာ ေစ်းကြက္ထဲေရာက္လာေနၾက ျဖစ္တဲ့ T စီးရီးဟာ တစ္လေစာျပီး ေစ်းကြက္ထဲ ဝင္လာမယ့္ပုံပါပဲ။

“ကၽြန္ေတာ္တုိ႔ရဲ႕ ဖုန္းေတြကို ေန႔စဥ္အၾကိမ္ေပါင္းမ်ားစြာ Unlock လုပ္ျပီး သုံးစြဲၾကပါတယ္။ အဲဒီမွာ Screen Unlock လုပ္တာက သုံးစြဲဖုိ႔အတြက္ အဆင့္ေတြ ေလ်ာ့ခ်ေပးႏုိင္တယ္” လို႔ OnePlus ေျပာခြင့္ရပုဂၢဳိလ္က ဆုိပါတယ္။

OnePlus ဟာ မူလအားျဖင့္ မႏွစ္က ထြက္ခဲ့တဲ့ 5T ဟန္းဆက္မွာတည္းက In-Display လက္ေဗြဆင္ဆာ စနစ္ကို ထည့္သြင္းခ်င္ခဲ့ေပမယ့္ ထိုစဥ္က နည္းပညာဟာ အေကာင္းဆုံးအေျခအေနကို မေရာက္ေသးလို႔ မထည့္ေသးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္း သတင္းထြက္ခဲ့ပါတယ္။

Ref – https://www.androidauthority.com/oneplus-6t-in-display-fingerprint-sensor-launch-date-teaser-903396

OnePlus 6T လို့ ခေါ်ဆိုဖို့ မှတ်ယူရတဲ့ OnePlus ရဲ့ ၂၀၁၈ အတွက် ဒုတိယမြောက် Flagship ဖုန်းဟာ In-Display Fingerprint Sensor နည်းပညာ ထည့်သွင်းလာမှာဖြစ်ကြောင်း CNET ကို ပေးပို့ခဲ့တဲ့ အီးမေးလ်ထဲမှာ အတည်ပြုခဲ့ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း OnePlus 6T ရဲ့ မျက်နှာပြင်မှာ Fingerprint ပုံလေး ပါဝင်လာပြီး အပေါ်က အောက်တိုဘာလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။ ဒါဟာ OnePlus 6T အတွက် တရားဝင်မိတ်ဆက်လာမယ့် နေ့လို့ သတ်မှတ်သင့်ပြီး ပုံမှန်အားဖြင့် နိုဝင်ဘာလမှာ ဈေးကွက်ထဲရောက်လာနေကြ ဖြစ်တဲ့ T စီးရီးဟာ တစ်လစောပြီး ဈေးကွက်ထဲ ဝင်လာမယ့်ပုံပါပဲ။

“ကျွန်တော်တို့ရဲ့ ဖုန်းတွေကို နေ့စဉ်အကြိမ်ပေါင်းများစွာ Unlock လုပ်ပြီး သုံးစွဲကြပါတယ်။ အဲဒီမှာ Screen Unlock လုပ်တာက သုံးစွဲဖို့အတွက် အဆင့်တွေ လျော့ချပေးနိုင်တယ်” လို့ OnePlus ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

OnePlus ဟာ မူလအားဖြင့် မနှစ်က ထွက်ခဲ့တဲ့ 5T ဟန်းဆက်မှာတည်းက In-Display လက်ဗွေဆင်ဆာ စနစ်ကို ထည့်သွင်းချင်ခဲ့ပေမယ့် ထိုစဉ်က နည်းပညာဟာ အကောင်းဆုံးအခြေအနေကို မရောက်သေးလို့ မထည့်သေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သတင်းထွက်ခဲ့ပါတယ်။