OnePlus ဟာ လူအေရအတြက္ အမ်ားဆုံး တျပဳိင္တည္း Unbox ျပဳလုပ္မႈနဲ႔ ဂင္းနက္ (Guinness) ကမာၻ႕စံခ်ိန္ဝင္ ျဖစ္သြားခဲ့ပါျပီ။

ကုမၸဏီက စံခ်ိန္တင္ႏုိင္ဖို႔ ၾကိဳးစားတဲ့ Event ကုိ ႏုိဝင္ဘာတစ္ရက္ေန႔မွာ ေအာင္ျမင္စြာ က်င္းပႏုိင္ခဲ့တာပါ။ ပါဝင္သူတခ်ဳိ႕က အိႏၵိယေစ်းကြက္ထဲ အသစ္ဝင္လာတဲ့ OnePlus 6T ကို အေစာဆုံး ဝယ္ယူခဲ့တဲ့ ေဖာက္သည္ေတြ ျဖစ္ပါတယ္။ ဒီပြဲအတြက္ OnePlus 6T ပိုင္ရွင္ေတြနဲ႔ OnePlus Community အဖြဲ႕ဝင္ေတြ ပူးေပါင္းကာ မြမ္ဘုိင္းျမိဳ႕မွာ လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။

စုစုေပါင္းလူဦးေရ ၅၅၉ ေယာက္က OnePlus 6T ဘူးေတြကို တျပိဳင္တည္း Unboxing ျပဳလုပ္ခဲ့ၾကျပီး လက္ရွိကမာၻ႕စံခ်ိန္အျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါျပီ။ ဒါဟာ ဖုန္းတစ္လုံးထဲကို တျပဳိင္နက္ Unbox လုပ္တဲ့ထဲမွာ လူဦးေရအမ်ားဆုံး ျဖစ္ေၾကာင္းကိုလည္း ဂင္းနက္မွတ္တမ္းတင္အဖြဲ႕က အသိအမွတ္ျပဳေပးခဲ့ပါတယ္။

OnePlus ဟာ သူ႕ရဲ႕ သုံးစြဲသူ နက္ဝက္ကို အေလးထားျပီး ကုမၸဏီရဲ႕ ပရိသတ္ေတြ၊ ေဖာက္သည္ေတြကို စုစည္းျပသႏုိင္ဖို႔လည္း ဒီပြဲကို က်င္းပခဲ့တာပါ။ ေအာက္တုိဘာ ၃၁ ရက္ေန႔က OnePlus 6T ဖုန္းအသစ္ကို အိႏၵိယမွာ မိတ္ဆက္ခဲ့တဲ့ အခါမွာလည္း တက္ေရာက္လုိတဲ့ ပရိသတ္ရာဂဏန္းကို ပြဲသုိ႔ ဖိတ္ၾကားခဲ့ပါတယ္။ ထို မိတ္ဆက္ပြဲမွာ ပရိသတ္ေတြဟာ ဖုန္းအသစ္ကို ေပ်ာ္ရႊင္စြာ ၾကည့္ရႈအားေပးခဲ့သလုိ ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူ Carl Pei အပါအဝင္ OnePlus ဝန္ထမ္းေတြနဲ႔ ေတြ႕ဆုံခြင့္ ရခဲ့ၾကပါတယ္။

Ref – GSM Arena

Unicode

OnePlus ဟာ လူအရေအတွက် အများဆုံး တပြိုင်တည်း Unbox ပြုလုပ်မှုနဲ့ ဂင်းနက် (Guinness) ကမ္ဘာ့စံချိန်ဝင် ဖြစ်သွားခဲ့ပါပြီ။

ကုမ္ပဏီက စံချိန်တင်နိုင်ဖို့ ကြိုးစားတဲ့ Event ကို နိုဝင်ဘာတစ်ရက်နေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာပါ။ ပါဝင်သူတချို့က အိန္ဒိယဈေးကွက်ထဲ အသစ်ဝင်လာတဲ့ OnePlus 6T ကို အစောဆုံး ဝယ်ယူခဲ့တဲ့ ဖောက်သည်တွေ ဖြစ်ပါတယ်။ ဒီပွဲအတွက် OnePlus 6T ပိုင်ရှင်တွေနဲ့ OnePlus Community အဖွဲ့ဝင်တွေ ပူးပေါင်းကာ မွမ်ဘိုင်းမြို့မှာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

စုစုပေါင်းလူဦးရေ ၅၅၉ ယောက်က OnePlus 6T ဘူးတွေကို တပြိုင်တည်း Unboxing ပြုလုပ်ခဲ့ကြပြီး လက်ရှိကမ္ဘာ့စံချိန်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ဒါဟာ ဖုန်းတစ်လုံးထဲကို တပြိုင်နက် Unbox လုပ်တဲ့ထဲမှာ လူဦးရေအများဆုံး ဖြစ်ကြောင်းကိုလည်း ဂင်းနက်မှတ်တမ်းတင်အဖွဲ့က အသိအမှတ်ပြုပေးခဲ့ပါတယ်။

OnePlus ဟာ သူ့ရဲ့ သုံးစွဲသူ နက်ဝက်ကို အလေးထားပြီး ကုမ္ပဏီရဲ့ ပရိသတ်တွေ၊ ဖောက်သည်တွေကို စုစည်းပြသနိုင်ဖို့လည်း ဒီပွဲကို ကျင်းပခဲ့တာပါ။ အောက်တိုဘာ ၃၁ ရက်နေ့က OnePlus 6T ဖုန်းအသစ်ကို အိန္ဒိယမှာ မိတ်ဆက်ခဲ့တဲ့ အခါမှာလည်း တက်ရောက်လိုတဲ့ ပရိသတ်ရာဂဏန်းကို ပွဲသို့ ဖိတ်ကြားခဲ့ပါတယ်။ ထို မိတ်ဆက်ပွဲမှာ ပရိသတ်တွေဟာ ဖုန်းအသစ်ကို ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့သလို ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Carl Pei အပါအဝင် OnePlus ဝန်ထမ်းတွေနဲ့ တွေ့ဆုံခွင့် ရခဲ့ကြပါတယ်။

Ref – GSM Arena