တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ OPPO အနေနဲ့ ဇူလိုင်လ ၁၃ ရက် နေ့မှာ Flagship စမတ်ဖုန်း OPPO Find X Standard Edition ကို ရောင်းချ ပေးခဲ့ပါတယ်။ ဒါ့အပြင် OPPO Find X စမတ်ဖုန်း နဲ့ အတူ Mid-Range စမတ်ဖုန်း OPPO A5 ကိုလည်း တရုတ်ပြည်တွင်းမှာ ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

OPPO A5 စမတ်ဖုန်း ဆိုတာကတော့ A-Series စမတ်ဖုန်း မော်ဒယ်တွေထဲမှာ နောက်ဆုံး မော်ဒယ် တစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က မိတ်ဆက် ပေးခဲ့တဲ့ Mid-Range မကျ Budget မကျ စမတ်ဖုန်း မော်ဒယ် တစ်ခုပဲ ဖြစ်ပါတယ်။

OPPO A5 စမတ်ဖုန်း မှာ ၆.၂ လက်မ အရွယ်အစားရှိ HD+ Full View Display ကို အသုံးပြု ပေးထားပါတယ်။ OPPO A5 ကို 19:9 Aspect Ratio နဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး Display ရဲ့ ထိပ်ပိုင်းနားမှာ Notch လေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 450 SoC ကို အသုံးပြု ပေးထားပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပြီး Internal Storage 64 GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card ကနေ တစ်ဆင့် 256GB အထိ ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ Selfie ပုံရိပ်တွေ ရိုက်ကူးနိုင်ဖို့ အတွက် 8MP f/2.2 Front Camera ကို အသုံးပြုထားပြီး Rear Camera အတွက် 13MP + 2MP Dual Camera Setup ကို အသုံးပြုထားပါတယ်။ Front Camera မှာ AI Beautify Features တွေ ပါဝင်တာကြောင့် သေသပ် လှပတဲ့ Selfie ပုံရိပ်လေးတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Oppo A5 စမတ်ဖုန်းမှာ Fingerprint Scanner တော့ ပါဝင်ခြင်း မရှိပါဘူး။ ဒါပေမယ့် Front Camera ကို အသုံးပြုပြီး Face Unlock စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ OPPO A5 မှာ Operating System အနေနဲ့ Android 8.1 Oreo ကို အခြေခံထားတဲ့ ColorOS 5.1 ကို အသုံးပြုထားပါတယ်။ ဘက်ထရီ အနေနဲ့ 4230 mAh ပါဝင်မှာ ဖြစ်တာကြောင့် ဗွီဒီယို ကြည့်မယ်ဆိုရင် ၁၄ နာရီ တိတိ ကြည့်ရှနိုင်မှာ ဖြစ်ပြီး ဂိမ်းကစားမယ် ဆိုရင်တော့ ၁၁ နာရီကြာ ကစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

OPPO A5 ကို Mirror Blue, Pink စတဲ့ အရောင် နှစ်မျိုး အနေနဲ့ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကန်ဒေါ်လာ ၂၂၅ ဒေါ်လာ (မြန်မာငွေ ၃သိန်း ၁သောင်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ OPPO A5 ကို တရုတ်ပြည်တွင်းမှာသာ ဝယ်ယူနိုင်အုံးမှာ ဖြစ်ပေမယ့် နိုင်ငံတကာ ဈေးကွက် အတွင်းကို မကြာမီ အချိန် အတွင်း ဖြန့်ချီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Gizmo China