လြန္ခဲ့တဲ့ရက္အနည္းငယ္က Oppo A7x ကိုေၾကျငာခဲ့ျပီးေနာက္ ယခုအခါ မၾကာခင္ထြက္ရွိလာမယ့္ Oppo A7 နဲ႔ပတ္သက္တဲ့ Spec အျပည့္အစုံပါဝင္တဲ့ စာရင္းပုံရိပ္ပါ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္ တရုတ္ စမတ္ဖုန္းထုတ္လုပ္သူ Oppo ရဲ႕လက္ရွိ ထုတ္ကုန္ Lineup နဲ႔ေတာ့ ကိုက္ညီမႈသိပ္မရွိလွဘူးလို႔ ဆုိႏုိင္ျပီး A7x က Oppo F9 ကို အနည္းငယ္ေျပာင္းလဲထားတဲ့ ပုံစံျဖစ္ေနခ်ိန္မွာ A7 ရဲ႕အခ်က္အလက္ေတြကေတာ့ Oppo A5 နဲ႔ ပိုျပီး ဆင္တူေနတာကို ေတြ႕ရမွာပါ။

ပါဝင္လာမယ့္ Hardware ေတြထဲက အဓိကအခ်က္ေတြကို ေျပာရရင္ Mid-Range တန္းဝင္ျဖစ္လာမယ့္ Oppo A7 မွာ 6.2” လက္မ HD+ IPS Display စနစ္ ပါဝင္လာတယ္။ Snapdragon 450 ခ်စ္ပ္ဆက္ အသုံးျပဳ ထားျပီး ဘကၳရီကေတာ့ 4230mAh ပမာဏေတာင္ ရွိပါတယ္။ RAM မန္မုိရီက 3GB / 4GB ႏွစ္မ်ဳိး ရရွိႏုိင္မွာ ျဖစ္ျပီး အေျခခံ Storage ပမာဏက 32GB သာျဖစ္တာကိုေတြ႕ရတယ္။ ဒါေပမယ့္ Micro-SD ကတ္နဲ႔ Storage တုိးခ်ဲ႕ခြင့္ေတာ့ ပါလာတယ္။

ေက်ာဘက္ကင္မရာက 13MP + 2MP Dual ကင္မရာအစုံကို အသုံးျပဳလာျပီး ဆယ္လ္ဖီကင္မရာ ကေတာ့ 16MP ပါ။ Android 8.1 Oreo ေပၚအေျခခံထားတဲ့ Color OS 5.2 နဲ႔ ထြက္ရွိလာမွာျဖစ္ျပီး Glaze Blue နဲ႔ Glaring Gold ဆုိတဲ့ ေတာက္ေတာက္ပပ အေရာင္ႏွစ္ေရာင္ကို ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ ထြက္ရွိမယ့္ရက္ အတိအက်ကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

Unicode

လွန်ခဲ့တဲ့ရက်အနည်းငယ်က Oppo A7x ကိုကြေငြာခဲ့ပြီးနောက် ယခုအခါ မကြာခင်ထွက်ရှိလာမယ့် Oppo A7 နဲ့ပတ်သက်တဲ့ Spec အပြည့်အစုံပါဝင်တဲ့ စာရင်းပုံရိပ်ပါ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် တရုတ် စမတ်ဖုန်းထုတ်လုပ်သူ Oppo ရဲ့လက်ရှိ ထုတ်ကုန် Lineup နဲ့တော့ ကိုက်ညီမှုသိပ်မရှိလှဘူးလို့ ဆိုနိုင်ပြီး A7x က Oppo F9 ကို အနည်းငယ်ပြောင်းလဲထားတဲ့ ပုံစံဖြစ်နေချိန်မှာ A7 ရဲ့အချက်အလက်တွေကတော့ Oppo A5 နဲ့ ပိုပြီး ဆင်တူနေတာကို တွေ့ရမှာပါ။

ပါဝင်လာမယ့် Hardware တွေထဲက အဓိကအချက်တွေကို ပြောရရင် Mid-Range တန်းဝင်ဖြစ်လာမယ့် Oppo A7 မှာ 6.2” လက်မ HD+ IPS Display စနစ် ပါဝင်လာတယ်။ Snapdragon 450 ချစ်ပ်ဆက် အသုံးပြု ထားပြီး ဘက္ထရီကတော့ 4230mAh ပမာဏတောင် ရှိပါတယ်။ RAM မန်မိုရီက 3GB / 4GB နှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပြီး အခြေခံ Storage ပမာဏက 32GB သာဖြစ်တာကိုတွေ့ရတယ်။ ဒါပေမယ့် Micro-SD ကတ်နဲ့ Storage တိုးချဲ့ခွင့်တော့ ပါလာတယ်။

ကျောဘက်ကင်မရာက 13MP + 2MP Dual ကင်မရာအစုံကို အသုံးပြုလာပြီး ဆယ်လ်ဖီကင်မရာ ကတော့ 16MP ပါ။ Android 8.1 Oreo ပေါ်အခြေခံထားတဲ့ Color OS 5.2 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Glaze Blue နဲ့ Glaring Gold ဆိုတဲ့ တောက်တောက်ပပ အရောင်နှစ်ရောင်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ထွက်ရှိမယ့်ရက် အတိအကျကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena