[Zawgyi]

OPPO ကေန လာမယ့္ ႏုိဝင္ဘာ ၂၂ရက္ေန႔မွာ ColorOS နဲ႔ ပတ္သတ္ျပီး ေကာင္းလာတာေလးေတြကို ေျပာျပေပးမွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ColorOS ကေတာ့ အားလံုးသိတဲ့အတုိင္း OPPO ရဲ႕ Custom UI ျဖစ္ျပီးေတာ့ ဒီတစ္ေခါက္ကေတာ့ သူ႔ရဲ႕ ၅ႏွစ္ျပည့္အထိမ္းအမွတ္ပါ။

ဒါေၾကာင့္ Update တစ္ခ်ိဳ႕ကိုေပးဖို႔ျပင္ဆင္ေနျပီး ဖိတ္ထားတဲ့ ဖိတ္စာထဲမွာေတာ့ ဒီတစ္ေခါက္ ColorOS အသစ္က အရင္ဗားရွင္းေတြနဲ႔ အရမး္ကိုကြာျခားသြားမယ္လုိ႔ အျမည္းေပးထားပါတယ္။

ဆိုရွယ္မီဒီယာေပၚမွာ တင္လိုက္တဲ့ ပိုစတာမွာေတာ့ သူ႔ရဲ႕ New Feature သစ္ေလးျဖစ္ျပီး ျငိမ္ဆိမ္ေခ်ာေမြ႔တဲ့ Gaming Performance ဆိုေတာ့ ေသခ်ာတာကေတာ့ Flagship ေတြအတြက္ေတာ့ မျဖစ္ႏုိင္ပါဘူး။

OPPO အေနနဲ႔ သူ႔ရဲ႕ GPU ကိုျမွင့္တင္မယ့္ နည္းပညာကို Hyper Boost လို႔ေခၚထားျပီး အနိမ့္ပိုင္းဖုန္းေတြအတြက္ ရည္ရြယ္ထားတယ္ထင္ပါတယ္။ Huawei က သူ႔ဖုနး္ေတြကို GPU Turbo နဲ႔ ျမွင့္သလိုပါပဲ။  Hyper Boost မွာေတာ့ GPU တင္မဟုတ္ဘဲ ဖုန္းရဲ႕ System Performance, Application ေတြကို ျမန္ဆန္ေအာင္ျမွင့္တင္ေပးသြားမွာပါ။

App Loading Time က ၃၂% ေလာက္ျမန္လာေပမယ့္ လက္ရိွအခ်ိန္ထိေတာ့ နာမည္ၾကီး Mobile Game Developer ၁၁ ခုနဲ႔ မုိဘုိင္းဂိမ္းေပါင္း ၁၀၀ ေလာက္မွာ ဒီနညး္ပညာကို ေဖထာက္ပံ့ေပးလာႏုိင္ဖို႔ လုပ္ေနပါျပီ။

ဒီနည္းပညာကို သံုးခြင့္ရမွာက OPPO ကေန ColorOS ကို မိတ္ဆက္ျပီးခ်ိန္မွာ ဖုန္း Model 17 ခုမွာ ရႏုိင္ေတာ့မွာျဖစ္ပါတယ္။ ColorOS အျပင္ Android Pie ကိုလည္း ရဖုိ႔အတြက္ ျပင္ဆင္ေနျပီလို႔ေတာ့ ယူဆမိပါတယ္။

[Unicode]

OPPO ကနေ လာမယ့် နိုဝင်ဘာ ၂၂ရက်နေ့မှာ ColorOS နဲ့ ပတ်သတ်ပြီး ကောင်းလာတာလေးတွေကို ပြောပြပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ColorOS ကတော့ အားလုံးသိတဲ့အတိုင်း OPPO ရဲ့ Custom UI ဖြစ်ပြီးတော့ ဒီတစ်ခေါက်ကတော့ သူ့ရဲ့ ၅နှစ်ပြည့်အထိမ်းအမှတ်ပါ။

ဒါကြောင့် Update တစ်ချို့ကိုပေးဖို့ပြင်ဆင်နေပြီး ဖိတ်ထားတဲ့ ဖိတ်စာထဲမှာတော့ ဒီတစ်ခေါက် ColorOS အသစ်က အရင်ဗားရှင်းတွေနဲ့ အရမ်းကိုကွာခြားသွားမယ်လို့ အမြည်းပေးထားပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်တဲ့ ပိုစတာမှာတော့ သူ့ရဲ့ New Feature သစ်လေးဖြစ်ပြီး ငြိမ်ဆိမ်ချောမွေ့တဲ့ Gaming Performance ဆိုတော့ သေချာတာကတော့ Flagship တွေအတွက်တော့ မဖြစ်နိုင်ပါဘူး။

OPPO အနေနဲ့ သူ့ရဲ့ GPU ကိုမြှင့်တင်မယ့် နည်းပညာကို Hyper Boost လို့ခေါ်ထားပြီး အနိမ့်ပိုင်းဖုန်းတွေအတွက် ရည်ရွယ်ထားတယ်ထင်ပါတယ်။ Huawei က သူ့ဖုန်းတွေကို GPU Turbo နဲ့ မြှင့်သလိုပါပဲ။  Hyper Boost မှာတော့ GPU တင်မဟုတ်ဘဲ ဖုန်းရဲ့ System Performance, Application တွေကို မြန်ဆန်အောင်မြှင့်တင်ပေးသွားမှာပါ။

App Loading Time က ၃၂% လောက်မြန်လာပေမယ့် လက်ရှိအချိန်ထိတော့ နာမည်ကြီး Mobile Game Developer ၁၁ ခုနဲ့ မိုဘိုင်းဂိမ်းပေါင်း ၁၀၀ လောက်မှာ ဒီနည်းပညာကို ဖေထာက်ပံ့ပေးလာနိုင်ဖို့ လုပ်နေပါပြီ။

ဒီနည်းပညာကို သုံးခွင့်ရမှာက OPPO ကနေ ColorOS ကို မိတ်ဆက်ပြီးချိန်မှာ ဖုန်း Model 17 ခုမှာ ရနိုင်တော့မှာဖြစ်ပါတယ်။ ColorOS အပြင် Android Pie ကိုလည်း ရဖို့အတွက် ပြင်ဆင်နေပြီလို့တော့ ယူဆမိပါတယ်။