[Zawgyi]

Google ရဲ႕ Pixel ေတြဟာ Hardware ပိုင္းမွာ ေကာင္းမြန္ၿပီး နာမည္ရသေလာက္ Software ပိုင္းမွာေတာ့ မၾကာခဏ ျပႆနာေတြ ႀကဳံေတြ႕ၿပီး နာမည္ဆိုးနဲ႔ ေက်ာ္ၾကားပါတယ္။ ကုမၸဏီအေနနဲ႔ မၾကာခဏ ျဖစ္ေပၚတတ္တဲ့ ျပႆနာေတြကို လုံးဝ ကင္းစင္သြားေအာင္ အခုအခ်ိန္ထိ မေဆာင္႐ြက္ႏိုင္ေသးပါဘူး။

ေနာက္ဆုံး ျဖစ္ေပၚလာတဲ့ ျပႆနာကေတာ့ Pixel 3 နဲ႔ Pixel 3 XL ပိုင္ရွင္အခ်ိဳ႕က Call quality နဲ႔ ပတ္သက္ၿပီး တိုင္ၾကားမႈေတြ ျပဳလုပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ လိုင္းအျပည့္မိေပမယ့္ ဖုန္းေကာင္းေကာင္း ေျပာလို႔မရဘူးဆိုတာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြအတြက္ေတာ့ ျပႆနာ ေသးေသးေလး မဟုတ္ပါဘူး။ အေတာ္ေလးကို ကသိကေအာက္ ျဖစ္ၾကရတာပါ။

အလားတူျပႆနာကေတာ့ ခ်ိတ္ဆက္မႈပါပဲ။ Cellular ခ်ိတ္ဆက္မႈမေကာင္းတာအျပင္ Wi-Fi နဲ႔ ခ်ိတ္ဆက္လည္း လိုင္းေကာင္းေကာင္းမရေၾကာင္းကို တိုင္ၾကားမႈေတြ ျဖစ္ေပၚခဲ့တာပါ။ ဒီျပႆနာေတြဟာ အၿမဲတမ္းေတာ့ မျဖစ္ဘူးလို႔သိရပါတယ္။ ဖုန္းေခၚဆိုမႈ တစ္ခုမွာ ပုံမွန္ျဖစ္ေပမယ့္ ေနာက္ထပ္ေခၚဆိုမႈမွာေတာ့ အရည္အေသြး ေလ်ာ့နည္းေနတတ္တာပါ။ အင္တာနက္ ခ်ိတ္ဆက္မႈမွာလည္း အလားတူပဲလို႔ ဆိုၾကပါတယ္။

အခ်ိဳ႕ Pixel 3 ပိုင္ရွင္ေတြကလည္း ေက်ာဘက္က Fingerprint နဲ႔ပတ္သက္ၿပီး Gesture ခ်ိတ္ဆက္ အသုံးျပဳမႈမွာလည္း စိတ္ေက်နပ္စရာမေကာင္းတဲ့ ျပႆနာေတြ ျဖစ္ေပၚေနတယ္လို႔ တိုင္ၾကားၾကပါတယ္။ Fingerprint ကို ႏွိပ္လိုက္ရင္ Notification ျပဖို႔လုပ္ထားေပမယ့္လည္း မျပဘဲျဖစ္ေနခဲ့တာပါ။ ဒါေတြက Google ရဲ႕ Software ပိုင္းျပႆနာေတြပဲ ျဖစ္ပါတယ္။ Google Pixel 3 ေတြဟာ December Update ၿပီးတဲ့ေနာက္မွာ RAM management ပိုင္းဆိုင္ရာျပႆနာေတြကို ေျဖရွင္းေပးႏိုင္ခဲ့ေပမယ့္ ျပႆနာအသစ္ေတြက ထပ္ၿပီးေပၚေပါက္ေနဆဲပဲ ျဖစ္ပါတယ္။

 

Ref: GSMarena

 

[Unicode]

Google ရဲ့ Pixel တွေဟာ Hardware ပိုင်းမှာ ကောင်းမွန်ပြီး နာမည်ရသလောက် Software ပိုင်းမှာတော့ မကြာခဏ ပြဿနာတွေ ကြုံတွေ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ကုမ္ပဏီအနေနဲ့ မကြာခဏ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကို လုံးဝ ကင်းစင်သွားအောင် အခုအချိန်ထိ မဆောင်ရွက်နိုင်သေးပါဘူး။

နောက်ဆုံး ဖြစ်ပေါ်လာတဲ့ ပြဿနာကတော့ Pixel 3 နဲ့ Pixel 3 XL ပိုင်ရှင်အချို့က Call quality နဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ လိုင်းအပြည့်မိပေမယ့် ဖုန်းကောင်းကောင်း ပြောလို့မရဘူးဆိုတာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက်တော့ ပြဿနာ သေးသေးလေး မဟုတ်ပါဘူး။ အတော်လေးကို ကသိကအောက် ဖြစ်ကြရတာပါ။

အလားတူပြဿနာကတော့ ချိတ်ဆက်မှုပါပဲ။ Cellular ချိတ်ဆက်မှုမကောင်းတာအပြင် Wi-Fi နဲ့ ချိတ်ဆက်လည်း လိုင်းကောင်းကောင်းမရကြောင်းကို တိုင်ကြားမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီပြဿနာတွေဟာ အမြဲတမ်းတော့ မဖြစ်ဘူးလို့သိရပါတယ်။ ဖုန်းခေါ်ဆိုမှု တစ်ခုမှာ ပုံမှန်ဖြစ်ပေမယ့် နောက်ထပ်ခေါ်ဆိုမှုမှာတော့ အရည်အသွေး လျော့နည်းနေတတ်တာပါ။ အင်တာနက် ချိတ်ဆက်မှုမှာလည်း အလားတူပဲလို့ ဆိုကြပါတယ်။

အချို့ Pixel 3 ပိုင်ရှင်တွေကလည်း ကျောဘက်က Fingerprint နဲ့ပတ်သက်ပြီး Gesture ချိတ်ဆက် အသုံးပြုမှုမှာလည်း စိတ်ကျေနပ်စရာမကောင်းတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ တိုင်ကြားကြပါတယ်။ Fingerprint ကို နှိပ်လိုက်ရင် Notification ပြဖို့လုပ်ထားပေမယ့်လည်း မပြဘဲဖြစ်နေခဲ့တာပါ။ ဒါတွေက Google ရဲ့ Software ပိုင်းပြဿနာတွေပဲ ဖြစ်ပါတယ်။ Google Pixel 3 တွေဟာ December Update ပြီးတဲ့နောက်မှာ RAM management ပိုင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့ပေမယ့် ပြဿနာအသစ်တွေက ထပ်ပြီးပေါ်ပေါက်နေဆဲပဲ ဖြစ်ပါတယ်။

 

Ref: GSMarena