[Zawgyi]

PLAYERUNKNOWN’S Battlegrounds , အတုိေကာက္ PUBG ဂိမ္းကေတာ့ လက္ရိွေခတ္ထေနတဲ့ Battle Royale ဂိမး္ေတြထဲမွာ ေခတ္အစားဆံုးဂိမ္းျဖစ္လာပါျပီ။ Fortnite နဲ႔ တျခားဂိမ္းေကာင္းၾကီးေတြ ထြက္လာတဲ့အခ်ိန္မွာ နည္းနည္းက်သြားေပမယ့္ အရိွန္ကိုဆက္ထိန္းထားႏုိင္တယ္လို႔ ဆိုရမွာပါ။ အခုဆို ဒီ PUBG ဂိမ္းကို Play Store ကေန ေဒါင္းလုပ္ဆြဲ Install လုပ္တဲ့သူေပါင္း သန္း ၁၀၀ ျပည့္သြားခဲ့ျပီျဖစ္ပါတယ္။

တစ္ခုရိွတာက ဒီသန္း၁၀၀ ဆိုတာက PlayStore မွာ ေဒါင္းလုပ္အေရအတြက္ပဲ ရိွပါေသးတယ္။ တကယ္တမ္း ဒီဂိမ္ း အရမ္းကိုေခတ္စားခဲ့တဲ့ တရုတ္ႏုိင္ငံက ေဒါင္းလုပ္အေရအတြက္ေတြ မပါေသးပါဘူး။ ဆိုေတာ့ ႏုိင္ငံအကုန္ Android, iOS အားလုံးေပါင္းလိုက္ရင္ ဘယ္ေလာက္ေတာင္မ်ားမယ္လို႔ ထင္ပါသလဲ??

PUBG Mobile ကို စစမိတ္ဆက္ခ်င္းတုန္းကေတာ့ ဘာ In-game Purchase ေတြမွမပါဘဲ လံုးဝ Free ေပးထားခဲ့တာပါ။ ဒါေပမယ့္ Free ကာလလြန္သြားတဲ့ေနာက္မွာ Skin အမ်ိဳး၊ အဝတ္အစား၊ စတိုင္လ္ေတြနဲ႔ User ေတြအတြက္ ဝယ္စရာလည္း ပိုပိုမ်ားလာပါတယ္။ သတင္းတစ္ခုအရဆို Tencent Games အေနနဲ႔ ဒီကေနကို ေဒၚလာ သန္း ၅၀ ဝင္ေငြရတယ္လို႔ ဆိုပါတယ္။

လက္ရိွအခ်ိန္မွာေတာ့  ေျမပံုအသစ္ေတြနဲ႔ Update လုပ္ထားျပီး တရုတ္ ဂ်ပန္နဲ႔ ကိုရီယားႏုိင္ငံကလြဲရင္  ေန႔စဥ္ေန႔တိုင္း Active User က ၁၄သန္းေက်ာ္ေတာင္ ရိွေနတဲ့ လူၾကိဳက္မ်ားေနတဲ့ ဂိမ္းတစ္ခုပါ။

Ref: AndroidPolice

[Unicode]

PLAYERUNKNOWN’S Battlegrounds , အတိုကောက် PUBG ဂိမ်းကတော့ လက်ရှိခေတ်ထနေတဲ့ Battle Royale ဂိမ်းတွေထဲမှာ ခေတ်အစားဆုံးဂိမ်းဖြစ်လာပါပြီ။ Fortnite နဲ့ တခြားဂိမ်းကောင်းကြီးတွေ ထွက်လာတဲ့အချိန်မှာ နည်းနည်းကျသွားပေမယ့် အရှိန်ကိုဆက်ထိန်းထားနိုင်တယ်လို့ ဆိုရမှာပါ။ အခုဆို ဒီ PUBG ဂိမ်းကို Play Store ကနေ ဒေါင်းလုပ်ဆွဲ Install လုပ်တဲ့သူပေါင်း သန်း ၁၀၀ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

တစ်ခုရှိတာက ဒီသန်း၁၀၀ ဆိုတာက PlayStore မှာ ဒေါင်းလုပ်အရေအတွက်ပဲ ရှိပါသေးတယ်။ တကယ်တမ်း ဒီဂိမ် း အရမ်းကိုခေတ်စားခဲ့တဲ့ တရုတ်နိုင်ငံက ဒေါင်းလုပ်အရေအတွက်တွေ မပါသေးပါဘူး။ ဆိုတော့ နိုင်ငံအကုန် Android iOS အားလုံးပေါင်းလိုက်ရင် ဘယ်လောက်တောင်များမယ်လို့ ထင်ပါသလဲ??

PUBG Mobile ကို စစမိတ်ဆက်ချင်းတုန်းကတော့ ဘာ In-game Purchase တွေမှမပါဘဲ လုံးဝ Free ပေးထားခဲ့တာပါ။ ဒါပေမယ့် Free ကာလလွန်သွားတဲ့နောက်မှာ Skin အမျိုး၊ အဝတ်အစား၊ စတိုင်လ်တွေနဲ့ User တွေအတွက် ဝယ်စရာလည်း ပိုပိုများလာပါတယ်။ သတင်းတစ်ခုအရဆို Tencent Games အနေနဲ့ ဒီကနေကို ဒေါ်လာ သန်း ၅၀ ဝင်ငွေရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့  မြေပုံအသစ်တွေနဲ့ Update လုပ်ထားပြီး တရုတ် ဂျပန်နဲ့ ကိုရီယားနိုင်ငံကလွဲရင်  နေ့စဉ်နေ့တိုင်း Active User က ၁၄သန်းကျော်တောင် ရှိနေတဲ့ လူကြိုက်များနေတဲ့ ဂိမ်းတစ်ခုပါ။

Ref: AndroidPolice