Zawgyi
Ref: gadgets.ndtv
Unicode
Sanhok မြေပုံအသစ်နဲ့အတူ လက်နက်အသစ်၊ ကားအသစ်များ ပါဝင်လာမယ့် PUBG Mobile 0.8.0 Update
PUBG Corporation အနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ (မနေ့)က Android နဲ့ iOS platform တွေအတွက် PUBG Mobile ရဲ့ နောက်ဆုံးထွက် Patch Notes ကို ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Update မှာ Platform ၂မျိူးစလုံးအတွက် မိုဘိုင်း ဂိမ်မာတွေ မျှော်လင့်စောင့်စားနေတဲ့ Sanhok မြေပုံအသစ် ပါဝင်လာမှာ ဖြစ်ပြီး Customize ပြုလုပ်လို့ရတဲ့ Pick-up Setting, Progress Missions, Royale Pass နဲ့ အခြားသော ပြောင်းလဲမှုများစွာ ပါဝင်လာမှာ ဖြစ်ပါတယ်။
မကြာသေးမီက ကြေငြာချက်များအရ PUBG Mobile Servers အားလုံးဟာ Maintenance ပြုလုပ်နေစဥ်အတွင်း Offline ဖြစ်သွားမယ်လို့ သိရပါတယ်။ ဒါ့ပေမယ့်လည်း အဆိုပါ Maintenance ပြုလုပ်ခြင်းက ပြီးဆုံးသွာပြီ ဖြစ်ပြီး Server Online ပြန်တက်လာတဲ့အချိန်မှာ ဂိမ်မာများအနေနဲ့ PUGB Mobile ကို ပြန်လည်ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။
PUBG Mobile ကို ဒီနေ့ စက်တင်ဘာလ ၁၂ရက်နေ့က စတင်ပြီး Update ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အခု Update မှာ Sanhok မြေပုံအသစ်အပြင် Flare Gun အသစ်, အော်တိုမတ်တစ် ရိုင်ဖယ်လို့ခေါ်တဲ့ QBZ, Shotgun ထိပ်မှာ တပ်ဆင် အသုံးပြုရတဲ့ Duckbill, ၄ယောက်ထိုင် Muscle Car နဲ့ ကျည်ကာ UAZ ကားတွေ ပါဝင်မှာ ဖြစ်ပါတယ်။ Sanhok Map ရဲ့ အကျယ်က Erangel နဲ့ Miramar တို့ရဲ့ လေးပုံ တစ်ပုံခန့်သာ ကျယ်ပြီး လူ အယောက် ၁၀၀ နဲ့ပဲ ဆော့ကစားရမှာ ဖြစ်ပါတယ်။
Ref: gadgets.ndtv