Zawgyi

Realme အေနနဲ႔ ႏိုင္ငံတကာမိုဘိုင္းေဈးကြက္မွာ မွတ္တမ္းေကာင္းမ်ားကိုရယူစိုက္ထူ ၿပီးေနာက္ ျမန္မာျပည္မိုဘိုင္းေဈးကြက္သို႔လည္း ထုတ္ကုန္ေကာင္းမ်ားကို တင္သြင္းမိတ္ဆက္ေပးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။ ႏိုင္ငံတကာေဈးကြက္မွာ Realme 1, Realme 2, Realme C1, Realme 2 Pro နဲ႔ Realme U1 စမတ္ဖုန္းမ်ားကိုမိတ္ဆက္ေပးထားၿပီျဖစ္ၿပီး Realme ရဲ႕ Brand အႏွစ္သာရျဖစ္တဲ့ “Power Meets Style” အတိုင္း စြမ္းေဆာင္ရည္ျမင့္မားၿပီး စတိုင္က်လွပတဲ့ ထုတ္ကုန္ေကာင္းမ်ားကို လူငယ္မ်ိဳးဆက္သစ္မ်ားအတြက္ ဖန္တီးထုတ္လုပ္ေပးေနတယ္လို႔ ေျပာၾကားထားပါတယ္။

ႏိုင္ငံတကာေဈးကြက္မွာ Realme အေနနဲ႔ Xiaomi ရဲ႕ အဓိကၿပိဳင္ဘက္အျဖစ္ပါ တရွိန္ထိုးျမႇင့္မားလာခဲ့သည့္အတိုင္း ျမန္မာျပည္ေဈးကြက္တြင္လည္း သုံးစြဲသူမ်ားအတြက္ ေနာက္ထပ္ထူးျခားတဲ့ ေ႐ြးခ်ယ္စရာ Brand တစ္ခုအျဖစ္ပါ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ Realme ရဲ႕ထုတ္ကုန္တိုင္းဟာ ေသသပ္လွပၿပီး ေခတ္မီဆန္းသစ္တဲ့ ဒီဇိုင္းပုံစံမ်ားကိုအေျခခံထားတဲ့ အတြက္ မိုဘိုင္းဖုန္းႏွင့္ပတ္သက္ၿပီး လူငယ္မ်ားရဲ႕ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးထားတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ တင္သြင္းေရာင္းခ်ေပးမယ့္ Realme ထုတ္ကုန္မ်ားအတြက္ Customer Service ကိုလည္း အျပည့္အဝေပးအပ္သြားမွာျဖစ္ၿပီး ေတာင့္တင္းခိုင္မာထားၿပီးျဖစ္ေသာ တစ္ႏိုင္ငံလုံးရွိ OPPO Service Center မ်ားတြင္ ဝန္ေဆာင္မႈကိုအျပည့္အဝရယူႏိုင္မယ္လို႔ သိရပါတယ္။

Realme U1

“Realme အေနနဲ႔ ႏိုင္ငံတကာမွာ ေအာင္ျမင္မႈေတြယူထားၿပီျဖစ္တဲ့ ထုတ္ကုန္ေကာင္းေတြကို ျမန္မာျပည္မိုဘိုင္းေလာက,က မ်ိဳးဆက္သစ္လူငယ္ေတြအတြက္ အဓိကျဖည့္ဆည္းေပးသြားမွာျဖစ္ပါတယ္။ ထုတ္ကုန္အရည္အေသြးပိုင္းမွာဆိုရင္လည္း OPPO ရဲ႕ထုတ္ကုန္မ်ားအတိုင္း ျပည့္ဝတဲ့အာမခံခ်က္ကိုရရွိေစမွာျဖစ္သလို လွပေသသပ္ၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ထိေတြ႕သုံး စြဲမႈကိုပါ ရရွိေစဦးမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ Power Meets Style ဆိုတဲ့ Brand ေဆာင္ပုဒ္နဲ႔အညီ အေကာင္းဆုံးေတြကို ျမန္မာျပည္မိုဘိုင္းေဈးကြက္ဆီ အခုဒီဇင္ဘာလအတြင္းမွာပဲ ပို႔ေဆာင္ေပးသြားဖို႔ စိတ္လႈပ္အရွားဆုံးျဖစ္ေနပါၿပီ” လို႔ Realme ရဲ႕ CEO ျဖစ္သူ Mr.David က ေျပာၾကားသြားခဲ့ပါတယ္။

Unicode

OPPO ရဲ့ ပြည့်ဝတဲ့ Customer Service ဝန်ဆောင်မှုများနှင့်အတူ Realme ထုတ်ကုန်များကို ယခုဒီဇင်ဘာလအတွင်း မိတ်ဆက်ပေးသွားမည်

Realme အနေနဲ့ နိုင်ငံတကာမိုဘိုင်းဈေးကွက်မှာ မှတ်တမ်းကောင်းများကိုရယူစိုက်ထူ ပြီးနောက် မြန်မာပြည်မိုဘိုင်းဈေးကွက်သို့လည်း ထုတ်ကုန်ကောင်းများကို တင်သွင်းမိတ်ဆက်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတကာဈေးကွက်မှာ Realme 1, Realme 2, Realme C1, Realme 2 Pro နဲ့ Realme U1 စမတ်ဖုန်းများကိုမိတ်ဆက်ပေးထားပြီဖြစ်ပြီး Realme ရဲ့ Brand အနှစ်သာရဖြစ်တဲ့ “Power Meets Style” အတိုင်း စွမ်းဆောင်ရည်မြင့်မားပြီး စတိုင်ကျလှပတဲ့ ထုတ်ကုန်ကောင်းများကို လူငယ်မျိုးဆက်သစ်များအတွက် ဖန်တီးထုတ်လုပ်ပေးနေတယ်လို့ ပြောကြားထားပါတယ်။


နိုင်ငံတကာဈေးကွက်မှာ Realme အနေနဲ့ Xiaomi ရဲ့ အဓိကပြိုင်ဘက်အဖြစ်ပါ တရှိန်ထိုးမြှင့်မားလာခဲ့သည့်အတိုင်း မြန်မာပြည်ဈေးကွက်တွင်လည်း သုံးစွဲသူများအတွက် နောက်ထပ်ထူးခြားတဲ့ ရွေးချယ်စရာ Brand တစ်ခုအဖြစ်ပါ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။Realme ရဲ့ထုတ်ကုန်တိုင်းဟာ သေသပ်လှပပြီး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းပုံစံများကိုအခြေခံထားတဲ့ အတွက် မိုဘိုင်းဖုန်းနှင့်ပတ်သက်ပြီး လူငယ်များရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ တင်သွင်းရောင်းချပေးမယ့် Realme ထုန်ကုန်များအတွက် Customer Service ကိုလည်း အပြည့်အဝပေးအပ်သွားမှာဖြစ်ပြီး တောင့်တင်းခိုင်မာထားပြီးဖြစ်သော တစ်နိုင်ငံလုံးရှိ OPPO Service Center များတွင် ဝန်ဆောင်မှုကိုအပြည့်အဝရယူနိုင်မယ်လို့ သိရပါတယ်။

Realme U1

“Realme အနေနဲ့ နိုင်ငံတကာမှာ အောင်မြင်မှုတွေယူထားပြီဖြစ်တဲ့ ထုတ်ကုန်ကောင်းတွေကို မြန်မာပြည်မိုဘိုင်းလောက,က မျိုးဆက်သစ်လူငယ်တွေအတွက် အဓိကဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ ထုတ်ကုန်အရည်အသွေးပိုင်းမှာဆိုရင်လည်း OPPO ရဲ့ထုတ်ကုန်များအတိုင်း ပြည့်ဝတဲ့အာမခံချက်ကိုရရှိစေမှာဖြစ်သလို လှပသေသပ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ထိတွေ့သုံး စွဲမှုကိုပါ ရရှိစေဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Power Meets Style ဆိုတဲ့ Brand ဆောင်ပုဒ်နဲ့အညီ အကောင်းဆုံးတွေကို မြန်မာပြည်မိုဘိုင်းဈေးကွက်ဆီ အခုဒီဇင်ဘာလအတွင်းမှာပဲ ပို့ဆောင်ပေးသွားဖို့ စိတ်လှုပ်အရှားဆုံးဖြစ်နေပါပြီ” လို့ Realme ရဲ့ CEO ဖြစ်သူ Mr.David က ပြောကြားသွားခဲ့ပါတယ်။