[Zawgyi]

Xiaomi ကုမၸဏီဟာ သူတုိ႔ရဲ႕ Weibo အေကာင့္မွာ Redmi အမွတ္တံဆိပ္အတြက္ ပုိစတာတစ္ခုကို Tease လုပ္ခဲ့ၿပီး အသစ္ထြက္လာမယ့္ Redmi ဖုန္းကို ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ ထူးျခားတာကေတာ့ ဘတ္ဂ်က္ဦးစားေပး ဟန္းဆက္ေတြကိုသာ ထုတ္လုပ္ေလ့ရွိတဲ့ Redmi အမွတ္တံဆိပ္ ေအာက္ကေန Xiaomi ႀကိဳတင္ေၾကျငာထားတဲ့ 48MP ကင္မရာကို ထည့္သြင္းလာမွာပါပဲ။

ပိုစတာထဲမွာ “သီးသန္႔အမွတ္တံဆိပ္အသစ္” လို႔ဆုိလာတဲ့အတြက္ အခုဖုန္းဟာ Redmi အတြက္ ေျပာင္းလဲမႈတစ္ခု ျဖစ္လာႏုိင္ၿပီး Honor နဲ႔ Realme တုိ႔လို သီးသန္႔အမွတ္တံဆိပ္တစ္ခုအျဖစ္ Xiaomi နာမည္ ေအာက္ကေန ေျပာင္းလဲရပ္တည္လာႏုိင္ပါတယ္။

ပုိစတာထဲက Redmi ရဲ႕အရိပ္ထဲမွာေတာ့ 4800 ဆုိတာကို ျမင္ရကာ ၿပီးခဲ့တဲ့လတုန္းက စတင္ ေၾကျငာခဲ့တဲ့အတိုင္း 48MP ကင္မရာကို ရည္ညႊန္းထားတယ္ဆုိတာ သိသာပါတယ္။ မိတ္ဆက္ပြဲဟာ ေဘက်င္းျမိဳ႕မွာ ေဒသစံေတာ္ခ်ိန္ ညေနႏွစ္နာရီမွာ က်င္းပသြားမွာပါ။ အနည္းဆုံး Redmi 7 စမတ္ဖုန္းတစ္လုံးကို ျမင္ေတြ႕ရမွာျဖစ္ေပမယ့္ Redmi 7 Pro, Redmi Note 7 Pro, Redmi 7A တုိ႔လို Combo ေတြကို ျမင္ေတြ႕ရရင္လည္း အံ့ၾသစရာမရွိပါဘူး။

ဒီဖုန္းဟာ က်ိန္းေသ 48MP Sensor နဲ႔ထြက္လာမွာျဖစ္တဲ့အတြက္ ၂၀၁၆ ေႏြရာသီတုန္းက Dual-camera နဲ႔မိတ္ဆက္ခဲ့တဲ့ Xiaomi Redmi Pro ရဲ႕မ်ဳိးဆက္သစ္ Redmi Pro 2 ကိုလည္း ျမင္ရေကာင္းျမင္ရႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

Xiaomi ကုမ္ပဏီဟာ သူတို့ရဲ့ Weibo အကောင့်မှာ Redmi အမှတ်တံဆိပ်အတွက် ပိုစတာတစ်ခုကို Tease လုပ်ခဲ့ပြီး အသစ်ထွက်လာမယ့် Redmi ဖုန်းကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဘတ်ဂျက်ဦးစားပေး ဟန်းဆက်တွေကိုသာ ထုတ်လုပ်လေ့ရှိတဲ့ Redmi အမှတ်တံဆိပ် အောက်ကနေ Xiaomi ကြိုတင်ကြေငြာထားတဲ့ 48MP ကင်မရာကို ထည့်သွင်းလာမှာပါပဲ။

ပိုစတာထဲမှာ “သီးသန့်အမှတ်တံဆိပ်အသစ်” လို့ဆိုလာတဲ့အတွက် အခုဖုန်းဟာ Redmi အတွက် ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်ပြီး Honor နဲ့ Realme တို့လို သီးသန့်အမှတ်တံဆိပ်တစ်ခုအဖြစ် Xiaomi နာမည် အောက်ကနေ ပြောင်းလဲရပ်တည်လာနိုင်ပါတယ်။

ပိုစတာထဲက Redmi ရဲ့အရိပ်ထဲမှာတော့ 4800 ဆိုတာကို မြင်ရကာ ပြီးခဲ့တဲ့လတုန်းက စတင် ကြေငြာခဲ့တဲ့အတိုင်း 48MP ကင်မရာကို ရည်ညွှန်းထားတယ်ဆိုတာ သိသာပါတယ်။ မိတ်ဆက်ပွဲဟာ ဘေကျင်းမြို့မှာ ဒေသစံတော်ချိန် ညနေနှစ်နာရီမှာ ကျင်းပသွားမှာပါ။ အနည်းဆုံး Redmi 7 စမတ်ဖုန်းတစ်လုံးကို မြင်တွေ့ရမှာဖြစ်ပေမယ့် Redmi 7 Pro, Redmi Note 7 Pro, Redmi 7A တို့လို Combo တွေကို မြင်တွေ့ရရင်လည်း အံ့သြစရာမရှိပါဘူး။

ဒီဖုန်းဟာ ကျိန်းသေ 48MP Sensor နဲ့ထွက်လာမှာဖြစ်တဲ့အတွက် ၂၀၁၆ နွေရာသီတုန်းက Dual-camera နဲ့မိတ်ဆက်ခဲ့တဲ့ Xiaomi Redmi Pro ရဲ့မျိုးဆက်သစ် Redmi Pro 2 ကိုလည်း မြင်ရကောင်းမြင်ရနိုင်ပါတယ်။

Ref – GSM Arena