[Zawgyi]

Samsung အေနနဲ႔ Gaming Laptop ၿပိဳင္ပြဲထဲကို ဝင္လာဦးမယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ CES 2019 မွာ ထုတ္ႂကြားလိုက္တဲ့ Notebook Odyssey က ကုမၸဏီရဲ႕ ဦးတည္ခ်က္ကို ျပသေနလို႔ပဲ ျဖစ္ပါတယ္။ (တကယ္ေတာ့ Odyssey ဆိုတဲ့ နာမည္က ရင္းႏွီးၿပီးသား ျဖစ္မွာပါ) ပုံမွန္ျမင္ေနက်ဒီဇိုင္းေတြနဲ႔ မတူတဲ့ ဒီ Laptop က Samsung ရဲ႕ စြမ္းရည္ျမင့္ Gaming Laptop တစ္လုံးျဖစ္ေနပါတယ္။

Notebook Odyssey မွာ အသုံးျပဳထားတဲ့ Graphics Card က Nvidia GeForce RTX 2080 ျဖစ္ပါတယ္။ ၿပီးေတာ့ 8th Gen hexacore Intel Core i7 processor ကို အသုံးျပဳထားတဲ့အျပင္ RAM 16GB နဲ႔ တြဲဖက္ေပးထားတာပါ။ (i7-8850H processor လည္း သုံးႏိုင္ပါတယ္။ ဘာကိုသုံးမယ္ဆိုတာေတာ့ Samsung က ေျပာထားျခင္းမရွိေသးပါဘူး။)

Storage ကေတာ့ 256GB NVMe SSD ျဖစ္ၿပီး 1TB HDD လည္း ထည့္သြင္းေပးထားပါေသးတယ္။ Notebook Odyssey ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားဟာ 15.6-inch ျဖစ္ၿပီး Full HD Display, 144Hz refresh rate ျဖစ္ပါတယ္။ USB-C port လည္းပါဝင္ပါတယ္။ USB-A port ကေတာ့ သုံးေပါက္ ပါဝင္ၿပီး HDMI jack လည္း ပါဝင္တယ္လို႔ သိရပါတယ္။

ၿခဳံငုံသုံးသပ္ရမယ္ဆိုရင္ေတာ့ Samsung ရဲ႕ Notebook Odyssey က Gaming Laptop ၿပိဳင္ပြဲထဲကို စၿပီးဝင္ႏိုင္တယ္လို႔ပဲ ဆိုရမွာပါ။ Professional Level ထဲကို ေရာက္လွတယ္လို႔ေတာ့ မဟုတ္ေသးပါဘူး။ ဒီဇိုင္းပိုင္းအေနနဲ႔လည္း Gamer ေတြရဲ႕ အႀကိဳက္ျဖစ္ခ်င္မွ ျဖစ္ပါလိမ့္မယ္။ RTX 2080 ကေတာ့ အသိအမွတ္ျပဳရမွာပါ။ လက္ရွိအခ်ိန္မွာေတာ့ Notebook Odyssey ရဲ႕ ေဈးႏႈန္းနဲ႔ စၿပီးေရာင္းခ်မယ့္အခ်ိန္ကို မသိရေသးဘူး ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Gaming Laptop ပြိုင်ပွဲထဲ ဝင်လာဦးမယ့် Samsung

Samsung အနေနဲ့ Gaming Laptop ပြိုင်ပွဲထဲကို ဝင်လာဦးမယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ CES 2019 မှာ ထုတ်ကြွားလိုက်တဲ့ Notebook Odyssey က ကုမ္ပဏီရဲ့ ဦးတည်ချက်ကို ပြသနေလို့ပဲ ဖြစ်ပါတယ်။ (တကယ်တော့ Odyssey ဆိုတဲ့ နာမည်က ရင်းနှီးပြီးသား ဖြစ်မှာပါ) ပုံမှန်မြင်နေကျဒီဇိုင်းတွေနဲ့ မတူတဲ့ ဒီ Laptop က Samsung ရဲ့ စွမ်းရည်မြင့် Gaming Laptop တစ်လုံးဖြစ်နေပါတယ်။

Notebook Odyssey မှာ အသုံးပြုထားတဲ့ Graphics Card က Nvidia GeForce RTX 2080 ဖြစ်ပါတယ်။ ပြီးတော့ 8th Gen hexacore Intel Core i7 processor ကို အသုံးပြုထားတဲ့အပြင် RAM 16GB နဲ့ တွဲဖက်ပေးထားတာပါ။ (i7-8850H processor လည်း သုံးနိုင်ပါတယ်။ ဘာကိုသုံးမယ်ဆိုတာတော့ Samsung က ပြောထားခြင်းမရှိသေးပါဘူး။)

Storage ကတော့ 256GB NVMe SSD ဖြစ်ပြီး 1TB HDD လည်း ထည့်သွင်းပေးထားပါသေးတယ်။ Notebook Odyssey ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 15.6-inch ဖြစ်ပြီး Full HD Display, 144Hz refresh rate ဖြစ်ပါတယ်။ USB-C port လည်းပါဝင်ပါတယ်။ USB-A port ကတော့ သုံးပေါက် ပါဝင်ပြီး HDMI jack လည်း ပါဝင်တယ်လို့ သိရပါတယ်။

ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ Samsung ရဲ့ Notebook Odyssey က Gaming Laptop ပြိုင်ပွဲထဲကို စပြီးဝင်နိုင်တယ်လို့ပဲ ဆိုရမှာပါ။ Professional Level ထဲကို ရောက်လှတယ်လို့တော့ မဟုတ်သေးပါဘူး။ ဒီဇိုင်းပိုင်းအနေနဲ့လည်း Gamer တွေရဲ့ အကြိုက်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ RTX 2080 ကတော့ အသိအမှတ်ပြုရမှာပါ။ လက်ရှိအချိန်မှာတော့ Notebook Odyssey ရဲ့ ဈေးနှုန်းနဲ့ စပြီးရောင်းချမယ့်အချိန်ကို မသိရသေးဘူး ဖြစ်ပါတယ်။

Ref: The Verge