ရန်ကုန်၊ မြန်မာ – ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၆ရက် – မြန်မာနိုင်ငံမှာ နိုဝင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ ၂၀၁၈ခုနှစ်ထုတ် QLED TV ဟာ တိုင်းမ် မဂ္ဂဇင်းရဲ့ “၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး တီထွင်မှုများ” စာရင်းမှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။ တိုင်းမ်မှ နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးတီထွင်မှု ၅၀အား Gear နဲ့ Gadgets အပါအဝင် ကဏ္ဍ ၁၀ခုခွဲပြီး ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်ထုတ် Samsung QLED TV ဟာ အရုပ်၊ ဂိမ်းနဲ့ ဖျော်ဖြေရေးကဏ္ဍမှာ ထိပ်တန်းတီထွင်မှုတစ်ခုအဖြစ် ရွေးချယ်ခံရတာပါ။

Samsung QLED TV (2018) ကို “နံရံနဲ့ တစ်သားတည်းဖြစ်နေတဲ့ TV” ဆိုပြီး တိုင်းမ် မဂ္ဂဇင်းက မှတ်ချက်ချခဲ့ပါတယ်။ လက်ရှိဈေးကွက်ထဲက ထိပ်တန်းတီဗီတွေဟာ ရင်သပ်ရှု့မောဖွယ် မြင်ကွင်းအတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပေမယ့် တီဗီပိတ်ထားတဲ့ အချိန်မှာ လှုပ်ရှားမှုကင်းမဲ့တဲ့ အနက်ရောင် လေးထောင့်ကွက်တွေလိုမျိုး ဖြစ်နေပါတယ်။ ဒါပေမယ့် Samsung ရဲ့ မျိုးဆက်သစ် 4K QLED မော်ဒယ်တွေမှာတော့ အဲ့ဒီလိုမျိုး မဟုတ်ဘဲ တမူထူးခြားတဲ့ လုပ်ဆောင်ချက် ပါဝင်လာတယ်လို့ မှတ်ချက်ပေးထားပါတယ်။

“ဒီလုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီဆိုတာနဲ့ ပန်းချီကားတွေ၊ ရာသီဥတု အခြေအနေ ဒါမှမဟုတ် ကိုယ်ပိုင်ဓာတ်ပုံတွေကို တီဗီမျက်နှာပြင်ပေါ်မှာပြပေးသွားမှာပါ။ TV ကို ချိတ်ထားတဲ့ နံရံနဲ့ ထပ်တူညီတဲ့ ဒီဇိုင်းပုံစံ အတိုင်းပေါ်အောင်လည်း လုပ်လို့ရပါတယ်။ TV ကို မသုံးတဲ့အချိန်မှာတောင် အခန်းရော၊ ချိတ်ထားတဲ့ နောက်ခံနံရံနဲ့ပါ လိုက်လျောညီထွေပြီး ပိုမိုလှပအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။” ဆိုပြီး တိုင်းမ်မဂ္ဂဇင်းရဲ့ နည်းပညာဆောင်းပါးရှင် Patrick Lucas Austin က Samsung TV ရဲ့ Ambient Mode” အကြောင်း အသားပေးပြောကြားထားပါတယ်။

“တခြား ဒီဇိုင်းအပြောင်းအလဲ ထဲမှာပါဝင်တာတစ်ခုကတော့ လိုအပ်တဲ့ Connector တွေအကုန်လုံးကို သီးသန့် Box ထဲမှာဘဲ ချိတ်ဆက်လို့ရမှာဖြစ်လို့ နည်းပညာမြင့် TV တစ်လုံးအနေနဲ့ ဝါယာကြိုးတွေ ရှုပ်နေမှာလည်း စိတ်ပူစရာ မလိုတော့ပါဘူး” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။


၂၀၁၈ခုနှစ်ရဲ့ စာရင်းကို ရွေးချယ်ဖို့အတွက် တိုင်းမ် မဂ္ဂဇင်းဟာ ကမ္ဘာတစ်ဝှမ်းရှိ ကဏ္ဍအသီးသီးက အယ်ဒီတာများနဲ့ သတင်းထောက်များရဲ့ အွန်လိုင်း လျှောက်လွှာများမှ အဆိုပြုချက်များကို တောင်းခံခဲ့ပါတယ်။ ထို့နောက် အဓိကအချက်အလက်များ၊ မူရင်းပုံစံ၊ တီထွင်ဖန်တီးမှု၊ သုံးစွဲသူများအပေါ်လွှမ်းမိုးနိုင်မှု၊ ထုတ်ကုန်ရဲ့ ရည်မှန်းချက်နဲ့ အကျိုးသက်ရောက်မှုများအပေါ်မူတည်ပြီး အကဲဖြတ်အမှတ်ပေး ရွေးချယ်ပေးတာ ဖြစ်ပါတယ်။

စမတ် TV များ အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ Samsung ဟာ TV ပိုင်းဆိုင်ရာ လုပ်ငန်းများအတွက် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာများကို ရည်ရွယ်ချက်ကြီးမားစွာ အကောင်အထည်ဖော်ရင်း ကမ္ဘာ့တီဗီဈေးကွက်ကို ဦးဆောင်လျက် ရှိပါတယ်။ ဒါ့အပြင် Samsung ရဲ့ နောက်ဆုံးပေါ် QLED TV တွေမှာ ထူးခြားဆန်းသစ်တဲ့ ဥာဏ်ရည်တုနည်းပညာအား ထည့်သွင်းထားတဲ့ IoT Platform Hub ခေါ် SmartThings လုပ်ဆောင်ချက်များ ထည့်သွင်းထားပါတယ်။ ဒါ့ကြောင့် သုံးစွဲသူများအနေနဲ့ TV ကြည့်ရှု့ခြင်းအပြင် တခြားပစ္စည်းများနဲ့ ချိတ်ဆက်အသုံးပြုခြင်းတွေကို ပိုမိုလွယ်ကူရိုးရှင်းစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။