ဆမ္ေဆာင္းရဲ႕ ဒုတိယေျမာက္ Android Go OS စမတ္ဖုန္းျဖစ္တဲ့ Galaxy J4 Core ကိုေတာ့ ဘရာဇီး အြန္လုိင္းအေရာင္းဝက္ဘ္ဆုိက္ တစ္ခုမွာ မွားယြင္းျပီး စာရင္းတင္ခဲ့ပါတယ္။ တိတ္တဆိတ္ ေၾကညာဖို႔ထက္ အမွားအယြင္းျဖစ္သြားတယ္လို႔ပဲ ယူဆရျပီး Specs ေတြကိုေတာ့ ျမင္ေတြ႕ခြင့္ရခဲ့ၾကတယ္။ Galaxy J2 Core ထက္ မ်ားစြာအဆင့္ျမင့္လာတဲ့ ဟန္းဆက္တစ္လုံးျဖစ္ျပီး အရြယ္အစားလည္း ပိုၾကီးလာေပမယ့္ Entry-level စမတ္ဖုန္း တစ္လုံးပါပဲ။

J4 Core မွာ 18:9 ျမင္ကြင္းအခ်ဳိးနဲ႔ 6” လက္မအရြယ္ Display ကို သုံးစြဲလာတာ ေတြ႕ရတယ္။ Resolution ကေတာ့ 720 x 1480p ျဖစ္ျပီး Pixel Density က 274ppi ေတာင္ရွိပါတယ္။ J2 Core မ်က္ႏွာျပင္က ငါးလက္မ အရြယ္မွာ 220ppi သာ ရွိခဲ့တာပါ။

ကံမေကာင္းစြာနဲ႔ပဲ ခ်စ္ပ္ဆက္ကေတာ့ အားနည္းတဲ့ Quad-Core A53 1.4GHz ပရုိဆက္ဆာကိုပဲ ဆက္သုံးထားတယ္။ RAM မန္မုိရီက 1GB ရွိျပီး Storage ကလည္း 16GB ကို တုိးျမွင့္ေပးထားပါတယ္။ MicroSD Slot သီးသန္႔ပါဝင္လုိ႔ Storage ပမာဏကို 256GB ထိ တုိးႏုိင္မွာျဖစ္သလို Dual SIM လည္း အသုံးျပဳႏုိင္မွာပါ။

ဘာပဲျဖစ္ျဖစ္ Galaxy J4 Core ေက်ာဘက္မွာေတာ့ 8MP ကင္မရာတစ္လုံးပါျပီး 1080p ဗီဒီယုိေတြကို 30fps ႏႈန္းနဲ႔ ရုိက္လို႔ရတယ္။ ေရွ႕ဘက္ဆယ္လ္ဖီက 5MP ျဖစ္ေပမယ့္ ကိုယ္ပိုင္ LED Flash ပါဝင္လာပါတယ္။ ဘကၳရီကေတာ့ 3300 mAh ပါ။

ဒီဟန္းဆက္အသစ္ကို Blue, Black နဲ႔ Copper အေရာင္သုံးမ်ဳိးျဖင့္ ရရွိႏုိင္မွာျဖစ္တယ္။ ေလာေလာဆယ္ ထြက္ရွိမယ့္ရက္နဲ႔ ေစ်းႏႈန္းကိုေတာ့ မသိရေသးဘူး။ ထြက္ထြက္ခ်င္းမွာ Android 8.1 Oreo (Go Edition) ကို အသုံးျပဳလာမွာပါ။

Ref – GSM Arena

Unicode

ဆမ်ဆောင်းရဲ့ ဒုတိယမြောက် Android Go OS စမတ်ဖုန်းဖြစ်တဲ့ Galaxy J4 Core ကိုတော့ ဘရာဇီး အွန်လိုင်းအရောင်းဝက်ဘ်ဆိုက် တစ်ခုမှာ မှားယွင်းပြီး စာရင်းတင်ခဲ့ပါတယ်။ တိတ်တဆိတ် ကြေညာဖို့ထက် အမှားအယွင်းဖြစ်သွားတယ်လို့ပဲ ယူဆရပြီး Specs တွေကိုတော့ မြင်တွေ့ခွင့်ရခဲ့ကြတယ်။ Galaxy J2 Core ထက် များစွာအဆင့်မြင့်လာတဲ့ ဟန်းဆက်တစ်လုံးဖြစ်ပြီး အရွယ်အစားလည်း ပိုကြီးလာပေမယ့် Entry-level စမတ်ဖုန်း တစ်လုံးပါပဲ။

J4 Core မှာ 18:9 မြင်ကွင်းအချိုးနဲ့ 6” လက်မအရွယ် Display ကို သုံးစွဲလာတာ တွေ့ရတယ်။ Resolution ကတော့ 720 x 1480p ဖြစ်ပြီး Pixel Density က 274ppi တောင်ရှိပါတယ်။ J2 Core မျက်နှာပြင်က ငါးလက်မ အရွယ်မှာ 220ppi သာ ရှိခဲ့တာပါ။

ကံမကောင်းစွာနဲ့ပဲ ချစ်ပ်ဆက်ကတော့ အားနည်းတဲ့ Quad-Core A53 1.4GHz ပရိုဆက်ဆာကိုပဲ ဆက်သုံးထားတယ်။ RAM မန်မိုရီက 1GB ရှိပြီး Storage ကလည်း 16GB ကို တိုးမြှင့်ပေးထားပါတယ်။ MicroSD Slot သီးသန့်ပါဝင်လို့ Storage ပမာဏကို 256GB ထိ တိုးနိုင်မှာဖြစ်သလို Dual SIM လည်း အသုံးပြုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Galaxy J4 Core ကျောဘက်မှာတော့ 8MP ကင်မရာတစ်လုံးပါပြီး 1080p ဗီဒီယိုတွေကို 30fps နှုန်းနဲ့ ရိုက်လို့ရတယ်။ ရှေ့ဘက်ဆယ်လ်ဖီက 5MP ဖြစ်ပေမယ့် ကိုယ်ပိုင် LED Flash ပါဝင်လာပါတယ်။ ဘက္ထရီကတော့ 3300 mAh ပါ။

ဒီဟန်းဆက်အသစ်ကို Blue, Black နဲ့ Copper အရောင်သုံးမျိုးဖြင့် ရရှိနိုင်မှာဖြစ်တယ်။ လောလောဆယ် ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ မသိရသေးဘူး။ ထွက်ထွက်ချင်းမှာ Android 8.1 Oreo (Go Edition) ကို အသုံးပြုလာမှာပါ။

Ref – GSM Arena