Xiaomi ရဲ႕ ပထမဆုံး Gaming စမတ္ဖုန္းျဖစ္တဲ့ Black Shark ကို ယခုႏွစ္ ဧျပီလမွာ စတင္မိတ္ဆက္ လာခဲ့တာပါ။ ဒါေပမယ့္ ကုမၸဏီကေတာ့ သူ႕ရဲ႕ ဒုတိယမ်ဳိးဆက္ကို ဆက္ထုတ္ဖို႔ အသင့္ျပင္ေနႏွင့္ျပီလို႔ ယူဆရပါတယ္။

လက္ရွိမွာေတာ့ ဓါတ္ပုံတစ္ခ်ဳိ႕ရယ္၊ အခ်က္အလက္အနည္းငယ္ရယ္ပဲ ထြက္လာေသးျပီး Specs အျပည့္ အစုံကို မသိရေသးပါဘူး။ ဓါတ္ပုံထဲမွာေတာ့ ေက်ာဘက္ Pattern အပါအဝင္ မူလ Black Shark ဖုန္းနဲ႔ ဆင္တူတဲ့ ဒီဇုိင္းကို ျမင္ေတြ႕ရပါတယ္။ ဒါေပမယ့္ ကင္မရာကေတာ့ အခု ေဒါင္လုိက္ျဖစ္သြားျပီး ေက်ာဘက္မွာ လက္ေဗြ သိမွတ္ဆင္ဆာစနစ္လည္း ပါဝင္လာတာေတြ႕ရတယ္။ Shark Key လည္း ဆက္လက္ပါဝင္လာတယ္။

ေပၚထြက္လာတဲ့ စာရင္းအရေတာ့ ဒီဟန္းဆက္အသစ္မွာ ယခင္မ်ဳိးဆက္အတုိင္း 5.99” လက္မ Display ကို ဆက္ထည့္သြင္းလာမွာျဖစ္သလို ဘကၳရီကလည္း အရင္အတုိင္း 4000 mAh ဘကၳရီပါပဲ။ ဒါေပမယ့္ ကိုယ္ထည္အခ်ဳိးကေတာ့ အနည္းငယ္ ပုိရွည္လာျပီး ကိုယ္ထည္လည္း ပိုထူလာတာကို ေတြ႕ရတယ္။

ျဖစ္ႏုိင္တာ ေနာက္တစ္ခုကေတာ့ Black Shark 2 မဟုတ္ဘဲ မူရင္းဖုန္းရဲ႕ ေစ်းပိုခ်ဳိတဲ့ ဗားရွင္းကို ျမင္ေတြ႕ရတာလည္းပဲ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ Razer Phone 2 ကလည္း သူ႕အရင္မ်ဳိးဆက္ ပထမဖုန္းနဲ႔ ဒီဇုိင္းဆင္တူေနတာကို မေမ့သင့္ပါ။ လက္ရွိမွာေတာ့ ေစာင့္ၾကည့္အဆင့္ကို ထည့္သြင္းထားျပီး TENAA မွာ အခ်က္အလက္ အျပည့္အစုံ ဝင္လာရင္ အေျဖကို သိရမွာပါပဲ။

Ref – igeekphone

Unicode

Xiaomi ရဲ့ ပထမဆုံး Gaming စမတ်ဖုန်းဖြစ်တဲ့ Black Shark ကို ယခုနှစ် ဧပြီလမှာ စတင်မိတ်ဆက် လာခဲ့တာပါ။ ဒါပေမယ့် ကုမ္ပဏီကတော့ သူ့ရဲ့ ဒုတိယမျိုးဆက်ကို ဆက်ထုတ်ဖို့ အသင့်ပြင်နေနှင့်ပြီလို့ ယူဆရပါတယ်။

လက်ရှိမှာတော့ ဓါတ်ပုံတစ်ချို့ရယ်၊ အချက်အလက်အနည်းငယ်ရယ်ပဲ ထွက်လာသေးပြီး Specs အပြည့် အစုံကို မသိရသေးပါဘူး။ ဓါတ်ပုံထဲမှာတော့ ကျောဘက် Pattern အပါအဝင် မူလ Black Shark ဖုန်းနဲ့ ဆင်တူတဲ့ ဒီဇိုင်းကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် ကင်မရာကတော့ အခု ဒေါင်လိုက်ဖြစ်သွားပြီး ကျောဘက်မှာ လက်ဗွေ သိမှတ်ဆင်ဆာစနစ်လည်း ပါဝင်လာတာတွေ့ရတယ်။ Shark Key လည်း ဆက်လက်ပါဝင်လာတယ်။

ပေါ်ထွက်လာတဲ့ စာရင်းအရတော့ ဒီဟန်းဆက်အသစ်မှာ ယခင်မျိုးဆက်အတိုင်း 5.99” လက်မ Display ကို ဆက်ထည့်သွင်းလာမှာဖြစ်သလို ဘက္ထရီကလည်း အရင်အတိုင်း 4000 mAh ဘက္ထရီပါပဲ။ ဒါပေမယ့် ကိုယ်ထည်အချိုးကတော့ အနည်းငယ် ပိုရှည်လာပြီး ကိုယ်ထည်လည်း ပိုထူလာတာကို တွေ့ရတယ်။

ဖြစ်နိုင်တာ နောက်တစ်ခုကတော့ Black Shark 2 မဟုတ်ဘဲ မူရင်းဖုန်းရဲ့ ဈေးပိုချိုတဲ့ ဗားရှင်းကို မြင်တွေ့ရတာလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Razer Phone 2 ကလည်း သူ့အရင်မျိုးဆက် ပထမဖုန်းနဲ့ ဒီဇိုင်းဆင်တူနေတာကို မမေ့သင့်ပါ။ လက်ရှိမှာတော့ စောင့်ကြည့်အဆင့်ကို ထည့်သွင်းထားပြီး TENAA မှာ အချက်အလက် အပြည့်အစုံ ဝင်လာရင် အဖြေကို သိရမှာပါပဲ။

Ref – igeekphone