[Zawgyi]

သတင္းထြက္ေနတာၾကာၿပီျဖစ္ေပမယ့္ အခုထက္ထိ အမ်ားျမင္ကြင္းကိုေရာက္မလာေသးတဲ့ Sony ရဲ႕ Flagship အသစ္ Xperia XZ4 နဲ႔ပတ္သက္ၿပီး ေနာက္ထပ္အခ်က္အလက္ေတြ ထြက္ေပၚလာျပန္ပါၿပီ။ ဒီထဲမွာ အေရးပါတဲ့ အဓိက Specs ေတြလည္း ပါဝင္လာပါတယ္။

အဓိကအခ်က္တစ္ခုကေတာ့ သူ႕ရဲ႕ Screen ပိုင္းပဲျဖစ္ၿပီး 6.5” လက္မအရြယ္ OLED Display ဟာ ျမင္ကြင္းအခ်ဳိး 21:9 ရွိၿပီး 3360 x 1440p Resolution ပါဝင္မွာပါ။ မန္မုိရီပုိင္းကေတာ့ 6GB RAM နဲ႔ 128GB Storage တုိ႔ျဖစ္ပါတယ္။ အားမရေသးရင္ေတာ့ MicroSD ျဖင့္ ထပ္မံတုိးခ်ဲ႕ႏုိင္စြမ္းလည္း ပါဝင္မွာ ျဖစ္ပါတယ္။

ဘကၳရီကလည္း 4,400 mAh ေတာင္ပါလာမွာျဖစ္ၿပီး Qnovo Adaptive Charge စနစ္နဲ႔ လာမွာပါ။ အခု ထပ္မံေပၚလာတဲ့ အခ်က္အလက္ေတြမွာလည္း Xperia XZ4 ဟာစြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းတစ္လုံးပဲ ျဖစ္လာမယ္လို႔ ထပ္ညႊန္ျပေနဆဲပါပဲ။

လူေတြက Xperia XZ4 ကို သာမာန္ထက္ပုိၿပီး ရွည္ေမ်ာေမ်ာႏုိင္တဲ့ 21:9 Display အခ်ဳိးကို အသုံးျပဳလာတာေၾကာင့္ အာရုံစုိက္ေနၾကသလုိ Snapdragon 855 ခ်စ္ပ္ဆက္အသစ္ကိုလည္း အသုံးျပဳလာမွာ ျဖစ္ပါတယ္။ လာမယ့္ေဖေဖာ္ဝါရီမွာ က်င္းပမယ့္ MWC ပြဲမွာ ဒီဖုန္းကို တရားဝင္မိတ္ဆက္လာဖို႔ ေမွ်ာ္လင့္ၾကေပမယ့္ သီးသန္႔ေပါက္ၾကားလာတဲ့ သတင္းမွာေတာ့ Xperia XZ4 ဟာ ပုိေနာက္က်တဲ့ ေႏြရာသီ အတြင္းမွာမွ ေစ်းကြက္ထဲကို ေရာက္လာမယ္လို႔ ဆုိပါတယ္။

Ref – GSM Arena

[Unicode]

သတင်းထွက်နေတာကြာပြီဖြစ်ပေမယ့် အခုထက်ထိ အများမြင်ကွင်းကိုရောက်မလာသေးတဲ့ Sony ရဲ့ Flagship အသစ် Xperia XZ4 နဲ့ပတ်သက်ပြီး နောက်ထပ်အချက်အလက်တွေ ထွက်ပေါ်လာပြန်ပါပြီ။ ဒီထဲမှာ အရေးပါတဲ့ အဓိက Specs တွေလည်း ပါဝင်လာပါတယ်။

အဓိကအချက်တစ်ခုကတော့ သူ့ရဲ့ Screen ပိုင်းပဲဖြစ်ပြီး 6.5” လက်မအရွယ် OLED Display ဟာ မြင်ကွင်းအချိုး 21:9 ရှိပြီး 3360 x 1440p Resolution ပါဝင်မှာပါ။ မန်မိုရီပိုင်းကတော့ 6GB RAM နဲ့ 128GB Storage တို့ဖြစ်ပါတယ်။ အားမရသေးရင်တော့ MicroSD ဖြင့် ထပ်မံတိုးချဲ့နိုင်စွမ်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဘက္ထရီကလည်း 4,400 mAh တောင်ပါလာမှာဖြစ်ပြီး Qnovo Adaptive Charge စနစ်နဲ့ လာမှာပါ။ အခု ထပ်မံပေါ်လာတဲ့ အချက်အလက်တွေမှာလည်း Xperia XZ4 ဟာစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးပဲ ဖြစ်လာမယ်လို့ ထပ်ညွှန်ပြနေဆဲပါပဲ။

လူတွေက Xperia XZ4 ကို သာမာန်ထက်ပိုပြီး ရှည်မျောမျောနိုင်တဲ့ 21:9 Display အချိုးကို အသုံးပြုလာတာကြောင့် အာရုံစိုက်နေကြသလို Snapdragon 855 ချစ်ပ်ဆက်အသစ်ကိုလည်း အသုံးပြုလာမှာ ဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီမှာ ကျင်းပမယ့် MWC ပွဲမှာ ဒီဖုန်းကို တရားဝင်မိတ်ဆက်လာဖို့ မျှော်လင့်ကြပေမယ့် သီးသန့်ပေါက်ကြားလာတဲ့ သတင်းမှာတော့ Xperia XZ4 ဟာ ပိုနောက်ကျတဲ့ နွေရာသီ အတွင်းမှာမှ ဈေးကွက်ထဲကို ရောက်လာမယ်လို့ ဆိုပါတယ်။

Ref – GSM Arena