· ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ကမ္ဗောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ (ကုန်သွယ် လုပ်ငန်းခွန် အပါအဝင်) အပတ်စဉ် ၉၀၀ ကျပ်သာ ကျသင့်မယ့် အစီအစဉ်အသစ်အား ရယူပြီး အင်တာနက် အသုံးပြုခ ၁ မဂ္ဂါဘိုက်ကို ၉ ကျပ်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

· ပရိုမိုးရှင်း အစီအစဉ်အရ အသုံးပြုသူများ အနေနဲ့ အဆိုပါ ၉ နိုင်ငံမှာ သုံးသလောက်ပေး အင်တာနက်နဲ့ အသုံးပြုမယ်ဆိုရင်လည်း ၁ မဂ္ဂါဘိုက်ကို ၁၄ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်၊ ရန်ကုန် – အာရှနိုင်ငံ ၉ နိုင်ငံမှာ ပြည်တွင်းနှုန်းထားနဲ့ အင်တာနက် အသုံးပြုနိုင်မယ့် ‘ASIA 9’ အမည်ရှိ ပရိုမိုးရှင်းအစီအစဉ်သစ်ကို တယ်လီနောက မိတ်ဆက်လိုက်ပြီဖြစ်ရာ တယ်လီနောရဲ့ prepaid နဲ့ star post-paid အသုံးပြုသူများအနေနဲ့ အာရှနိုင်ငံပေါင်း ၉ နိုင်ငံမှာ roaming အင်တာနက်ဝန်ဆောင်မှုတွေကို ဈေးနှုန်းသက်သာစွာနဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှစတင်ကာ ရယူအသုံးပြုနိုင်မယ့် အဆိုပါ အစီအစဉ်သစ်အရ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ကမ္ဗောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အင်ဒိုနီးရှားတို့ရှိ တယ်လီနောရဲ့ prepaid နဲ့ star post-paid အသုံးပြုသူများအနေနဲ့ သူငယ်ချင်းများ၊ မိသားစုများ၊ စီးပွားရေးမိတ်ဖက်များနဲ့ ဆက်သွယ်ရာမှာ ပြည်တွင်းနှုန်းထားအတိုင်း ၁ မဂ္ဂါဘိုက်ကို ၉ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်မပါ) နဲ့ အသက်သာဆုံး အသုံးပြုနိုင်မှာ ဖြစ်ပြီး အပတ်စဉ်စာရင်းပေးသွင်းခ ၉၀၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဉ် စာရင်းပေးသွင်းမှု မပြုလုပ်လိုသော အသုံးပြုသူများ အနေနဲ့လည်း သုံးသလောက်ပေး အင်တာနက် အစီအစဉ်ကို ၁ မဂ္ဂါဘိုက် ၁၄ ကျပ် နှုန်းထားနဲ့သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အထက်ပါ အာရှနိုင်ငံပေါင်း ၉ နိုင်ငံမှာ အင်တာနက် အသုံးပြုမယ်ဆိုပါက ယခင် ပုံမှန်နှုန်းထားများမှာ နိုင်ငံပေါ်မူတည်ပြီး ၁ မဂ္ဂါဘိုက်ကို အနည်းဆုံး ၅၀၀ ကျပ် ကျသင့်မှာ ဖြစ်တယ့်အတွက် အဆိုပါပရိုးမိုးရှင်း ကာလအတွင်းမှာ တယ်လီနော အသုံးပြုသူများ အနေနဲ့ ၉၉.၉၄ ရာခိုင်နှုန်းအထိ ဈေးနှုန်း ပိုမိုသက်သာစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တယ်လီနော အသုံးပြုသူတွေ တစ်ခါစာရင်းပေးသွင်းပါက ၇ ရက်ကြာ သက်တမ်းရှိတယ့် အဆိုပါ ‘ASIA 9’ roaming အင်တာနက် အစီအစဉ်အား ရယူလိုပါက ‘500’ သို့ ‘A9’ စာတိုပေးပို့ခြင်းဖြင့် ဖြစ်စေ၊ MyTelenor app မှ ဖြစ်စေ စာရင်းပေးသွင်း နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် prepaid အသုံးပြုသူများ အနေနဲ့ *979*2*5*2# သို့လည်းကောင်း၊ post-paid အသုံးပြု သူများအနေနဲ့ *999*1*9# သို့လည်းကောင်း အသီးသီး တိုက်ရိုက်ဖုန်းခေါ်ဆို၍လည်းစာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

“တယ်လီနောဟာ ဒေသတွင်းမှာ အကောင်းမွန်ဆုံး အင်တာနက်ကွန်ရက်တစ်ခုကို ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် ကွန်ရက်ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေ အပြည့်အဝ ရရှိခံစားစေလိုတဲ့အတွက် ဒီ ‘ASIA 9’ ပရိုမိုးရှင်း အစီအစဉ်အသစ်ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက တယ်လီနော အသုံးပြုသူတွေ အနေနဲ့ ဒီအာရှနိုင်ငံ ၉ နိုင်ငံကို သွားရောက်လည်ပတ်တာပဲ ဖြစ်ဖြစ်၊ အလုပ်သွားရောက် လုပ်ကိုင်တာပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံတွင်းမှာလိုပဲ အင်တာနက်ကို သက်သက်သာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအခွင့်အလမ်းကနေတဆင့် သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်မှာဖြစ်တဲ့အပြင် အွန်လိုင်းကနေ လုပ်ငန်းခွင်ကို ဆက်သွယ်စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို အသက်သာဆုံးနှုန်းထားနဲ့ ပေးအပ်နိုင်ဖို့ တယ်လီနော အနေနဲ့ ဦးစားပေး လုပ်ဆောင်နေပြီး အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားဖို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ တယ်လီနောမြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ အရာရှိချုပ် Amaresh Kumar က ပြောကြားခဲ့ပါတယ်။