လြန္ခဲ့တဲ့တစ္ႏွစ္က HTC ဟာ သူတုိ႔ရဲ႕ ပထမဆုံး Standalone VR Headset ျဖစ္တဲ့ Vive Focus ကို ေၾကညာခဲ့ေပမယ့္ တရုတ္ေစ်းကြက္မွာပဲ ရရွိခဲ့ပါတယ္။ ၂၀၁၈ ကုန္ကာနီးမွာေတာ့ Focus ဟာ ကမာၻ႕အဆင့္ စြမ္းေဆာင္ရည္နဲ႔ ႏုိင္ငံတကာေစ်းကြက္္ကို စတင္ဝင္ေရာက္ေတာ့မွာ ျဖစ္ပါတယ္။

Vive Focus Headset အသစ္ဟာ စုစုေပါင္း ၃၇ ႏုိင္ငံက ေစ်းကြက္ေတြကို ေရာက္ရွိလာမွာျဖစ္ျပီး အေမရိကန္ေစ်းကြက္မွာေတာ့ ေဒၚလာေျခာက္ရာ ေစ်းႏႈန္းသတ္မွတ္ထားပါတယ္။ Vive Focus Advantage ဝန္ေဆာင္မႈ ပရုိဂရမ္ကိုပါ ယူမယ္ဆုိရင္ ေဒၚလာ ၇၅၀ ထိ က်သင့္မွာျဖစ္ေပမယ့္ အဲဒါကိုေတာ့ စီးပြားေရးလုပ္ငန္း မ်ားကိုသာ ေရာင္းခ်မွာျဖစ္ျပီး သီးသန္႔ဝန္ေဆာင္မႈ ပါဝင္မွာပါ။

Vive Focus ကို Snapdragon 835 ခ်စ္ပ္ဆက္နဲ႔ ေမာင္းႏွင္ထားျပီး 2880x 1600p AMOLED Screen ပါဝင္တယ္။ VR Screen ဟာ ပရုိဖက္ရွင္နယ္အဆင့္ Vive Pro Headset လုိပဲ ၁၁၀ ဒီဂရီ ျမင္ကြင္းကို ေထာက္ပံ့ေပးႏုိင္မွာပါ။ Focus မွာ Built-in စပီကာေတြ ပါဝင္သလို ၾကိဳးမဲ့အသုံးျပဳမယ္ ဆုိရင္လည္း ၃ နာရီၾကာတဲ့ထိ ဆက္တုိက္ အသုံးျပဳႏုိင္ေလာက္တဲ့ ဘကၳရီအား ပါဝင္ပါတယ္။

သူ႕လိုပဲ Shadow Creator ကေန ထုတ္လာတဲ့ Shadow VR ဟာလည္း Snapdragon 835 ကုိပဲ အေျခခံထားျပီး 2450x 1440p Screen ႏွစ္ခုပါဝင္တဲ့ VR Headset တစ္ခုျဖစ္ပါတယ္။ Shadow VR မွာေတာ့ Blue Cat လို႔ အမည္ေပးထားဲ့ ဟုိလုိဂရမ္ပုံစံ အသုံးျပဳႏုိင္တဲ့ သုံးဖက္ျမင္ User Interface အသစ္ပါဝင္လာတယ္။

Ref – GSM Arena

Unicode

လွန်ခဲ့တဲ့တစ်နှစ်က HTC ဟာ သူတို့ရဲ့ ပထမဆုံး Standalone VR Headset ဖြစ်တဲ့ Vive Focus ကို ကြေညာခဲ့ပေမယ့် တရုတ်ဈေးကွက်မှာပဲ ရရှိခဲ့ပါတယ်။ ၂၀၁၈ ကုန်ကာနီးမှာတော့ Focus ဟာ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်နဲ့ နိုင်ငံတကာဈေးကွက်ကို စတင်ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။

Vive Focus Headset အသစ်ဟာ စုစုပေါင်း ၃၇ နိုင်ငံက ဈေးကွက်တွေကို ရောက်ရှိလာမှာဖြစ်ပြီး အမေရိကန်ဈေးကွက်မှာတော့ ဒေါ်လာခြောက်ရာ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ Vive Focus Advantage ဝန်ဆောင်မှု ပရိုဂရမ်ကိုပါ ယူမယ်ဆိုရင် ဒေါ်လာ ၇၅၀ ထိ ကျသင့်မှာဖြစ်ပေမယ့် အဲဒါကိုတော့ စီးပွားရေးလုပ်ငန်း များကိုသာ ရောင်းချမှာဖြစ်ပြီး သီးသန့်ဝန်ဆောင်မှု ပါဝင်မှာပါ။

Vive Focus ကို Snapdragon 835 ချစ်ပ်ဆက်နဲ့ မောင်းနှင်ထားပြီး 2880x 1600p AMOLED Screen ပါဝင်တယ်။ VR Screen ဟာ ပရိုဖက်ရှင်နယ်အဆင့် Vive Pro Headset လိုပဲ ၁၁၀ ဒီဂရီ မြင်ကွင်းကို ထောက်ပံ့ပေးနိုင်မှာပါ။ Focus မှာ Built-in စပီကာတွေ ပါဝင်သလို ကြိုးမဲ့အသုံးပြုမယ် ဆိုရင်လည်း ၃ နာရီကြာတဲ့ထိ ဆက်တိုက် အသုံးပြုနိုင်လောက်တဲ့ ဘက္ထရီအား ပါဝင်ပါတယ်။

သူ့လိုပဲ Shadow Creator ကနေ ထုတ်လာတဲ့ Shadow VR ဟာလည်း Snapdragon 835 ကိုပဲ အခြေခံထားပြီး 2450x 1440p Screen နှစ်ခုပါဝင်တဲ့ VR Headset တစ်ခုဖြစ်ပါတယ်။ Shadow VR မှာတော့ Blue Cat လို့ အမည်ပေးထားဲ့ ဟိုလိုဂရမ်ပုံစံ အသုံးပြုနိုင်တဲ့ သုံးဖက်မြင် User Interface အသစ်ပါဝင်လာတယ်။

Ref – GSM Arena