[Zawgyi]

Vivo V15 Pro ဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔မွာ လူအမ်ားရဲ႕ ေရွ႕ေမွာက္ကို ဂုဏ္ယူဝင့္ႂကြားစြာ ပြဲထြက္လာမယ့္ စမတ္ဖုန္း တစ္လုံးျဖစ္ပါတယ္။ အလားတူ Samsung ကလည္း သူတို႔ရဲ႕ ၁၀ႏွစ္ျပည့္ အထိမ္းအမွတ္ စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S10 စီးရီးမိတ္ဆက္ပြဲကို အဆိုပါေန႔မွာပဲ က်င္းပသြားမွာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ အိႏၵိယႏိုင္ငံ အေျခစိုက္ မီဒီယာတစ္ခုက Vivo V15 Pro ရဲ႕ Hands-on ဗီဒီယိုကို အြန္လိုင္းေပၚမွာ လႊင့္တင္လာခဲ့ပါတယ္။ အဆိုပါ ဗီဒီယိုဟာ ၾကာျမင့္ခ်ိန္ ၃စကၠန္႔ေလာက္သာ ရွိေပမယ့္ Vivo V15 Pro ရဲ႕ ေက်ာဘက္ဒီဇိုင္းနဲ႔ Triple Camera Setup ကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Body မွာလည္း Vivo V11 Pro တုန္းကလိုမ်ိဴး Plastic (Polycarbonate) မဟုတ္ဘဲ Glass ေျပာင္းလဲ အသုံးျပဳထားတာကို ေပၚလြင္ေစပါတယ္။

တစ္ဖက္မွာလည္း Vivo V15 နဲ႔ V15 Pro တို႔ရဲ႕ ပိုစတာ ဓာတ္ပုံေတြ ေပါက္ၾကားထြက္ေပၚထားပါေသးတယ္။ ဒါ့ေၾကာင့္ Vivo ဟာ V15 နဲ႔ V15 Pro တို႔ကို တၿပိဳင္တည္း မိတ္ဆက္သြားမယ္လို႔ ယူဆရပါတယ္။ ပိုစတာ ဓာတ္ပုံေတြအရဆိုရင္ Vivo V15 စီးရီးဟာ 32MP Pop-up Selfie Camera ကို အသုံးျပဳထားမွာပါ။ ေနာက္ေက်ာဘက္ Triple Camera Setup ထဲမွာ Samsung ရဲ႕ ISOCELL GM1 48MP Camera ကို 8MP+5MP Camera ေတြနဲ႔အတူ ေပါင္းစပ္တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ Processor အပိုင္းမွာေတာ့ Snapdragon 675 SoC ကို အသုံးျပဳထားႏိုင္ၿပီး ပိုမိုအဆင့္ျမင့္လာတဲ့ In-display Fingerprint Sensor ပါဝင္လာႏိုင္ပါတယ္။

ေလာေလာဆယ္ အေနအထားအရ Vivo V15 နဲ႔ V15 Pro တို႔ဟာ ဘာေတြ ကြာျခားသြားမလဲဆိုတာ အတိအက် မသိရေသးေပမယ့္ ကြၽမ္းက်င္ပညာရွင္တခ်ိဴ႕ကေတာ့ Pro မဟုတ္တဲ့ ေမာ္ဒယ္က RAM နဲ႔ Storage ေတြ ပိုနည္းသြားမယ္လို႔ ခန္႔မွန္းေျပာဆိုထားပါတယ္။

Ref : Gizmochina

[Unicode]

အလန်းစားဒီဇိုင်းနဲ့ ကျောဘက်ကင်မရာ ၃လုံးပါတဲ့ Vivo V15 Pro ရဲ့ Hand-on ဗီဒီယို ထွက်ပေါ်လာပြီ

Vivo V15 Pro ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ လူအများရဲ့ ရှေ့မှောက်ကို ဂုဏ်ယူဝင့်ကြွားစွာ ပွဲထွက်လာမယ့် စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ အလားတူ Samsung ကလည်း သူတို့ရဲ့ ၁၀နှစ်ပြည့် အထိမ်းအမှတ် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S10 စီးရီးမိတ်ဆက်ပွဲကို အဆိုပါနေ့မှာပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိန္ဒိယနိုင်ငံ အခြေစိုက် မီဒီယာတစ်ခုက Vivo V15 Pro ရဲ့ Hands-on ဗီဒီယိုကို အွန်လိုင်းပေါ်မှာ လွှင့်တင်လာခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဟာ ကြာမြင့်ချိန် ၃စက္ကန့်လောက်သာ ရှိပေမယ့် Vivo V15 Pro ရဲ့ ကျောဘက်ဒီဇိုင်းနဲ့ Triple Camera Setup ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Body မှာလည်း Vivo V11 Pro တုန်းကလိုမျိူး Plastic (Polycarbonate) မဟုတ်ဘဲ Glass ပြောင်းလဲ အသုံးပြုထားတာကို ပေါ်လွင်စေပါတယ်။

တစ်ဖက်မှာလည်း Vivo V15 နဲ့ V15 Pro တို့ရဲ့ ပိုစတာ ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်ထားပါသေးတယ်။ ဒါ့ကြောင့် Vivo ဟာ V15 နဲ့ V15 Pro တို့ကို တပြိုင်တည်း မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ ပိုစတာ ဓာတ်ပုံတွေအရဆိုရင် Vivo V15 စီးရီးဟာ 32MP Pop-up Selfie Camera ကို အသုံးပြုထားမှာပါ။ နောက်ကျောဘက် Triple Camera Setup ထဲမှာ Samsung ရဲ့ ISOCELL GM1 48MP Camera ကို 8MP+5MP Camera တွေနဲ့အတူ ပေါင်းစပ်တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Processor အပိုင်းမှာတော့ Snapdragon 675 SoC ကို အသုံးပြုထားနိုင်ပြီး ပိုမိုအဆင့်မြင့်လာတဲ့ In-display Fingerprint Sensor ပါဝင်လာနိုင်ပါတယ်။

လောလောဆယ် အနေအထားအရ Vivo V15 နဲ့ V15 Pro တို့ဟာ ဘာတွေ ကွာခြားသွားမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ကျွမ်းကျင်ပညာရှင်တချိူ့ကတော့ Pro မဟုတ်တဲ့ မော်ဒယ်က RAM နဲ့ Storage တွေ ပိုနည်းသွားမယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

Ref : Gizmochina