[Zawgyi]

Vivo Y93 ဆိုတာကေတာ့ မၾကာေသးခင္က တ႐ုတ္ႏိုင္ငံမွာ စတင္မိတ္ဆက္ခဲ့တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ Vivo Y93 နဲ႔ Vivo Y93s ဆိုၿပီး ၂မ်ိဴး မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာေတာ့ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ခဲ့တဲ့ Y93s ကို Vivo Y93 အမည္နဲ႔ ေရာင္းခ်သြားႏိုင္ဖြယ္ ရွိပါတယ္။

Vivo Y93 Specifications
၆.၂၂ လက္မ အ႐ြယ္အစားရွိ IPS LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 720 x 1520 pixels ရွိပါမယ္။ Processor အပိုင္းအတြက္ MediaTek Helio P22 SoC ကို အသုံးျပဳထားတာ ျဖစ္ၿပီး RAM အေနနဲ႔ 4GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 32GB သာ ထည့္သြင္းေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 4030mAh ပါဝင္ၿပီး အျမန္အားသြင္းစနစ္လည္း အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

Aperture f/2.2 အက်ယ္ရွိ 13MP Camera နဲ႔ Aperture f/2.4 အက်ယ္ရွိ 2MP Camera ေတြကို ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/1.8 အက်ယ္ရွိ 8MP Camera ကို Waterdrop Notch ထဲမွာ ထည့္သြင္းတပ္ဆင္ထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ပါဝင္မွာျဖစ္ၿပီး Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

Vivo Y93 ကို အေရာင္ေတြအေနနဲ႔ Starry Black နဲ႔ Nebula Purple ဆိုၿပီး အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ Y93 ရဲ႕ အိႏၵိယႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းနဲ႔ ေန႔ရက္ေတြကိုေတာ့ Vivo ဘက္က တရားဝင္ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးပါဘူး။ Vivo Y93 ကို တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ ေစ်းႏႈန္းက တ႐ုတ္ေငြ ၁၄၉၉ ယြမ္ (ျမန္မာေငြ ၃သိန္းခြဲ ဝန္းက်င္) ျဖစ္ၿပီး Vivo Y93s ကိုေတာ့ တ႐ုတ္ေငြ ၁၆၉၈ ယြမ္ (ျမန္မာေငြ ၃၉၀,၀၀၀ ဝန္းက်င္)နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။

Ref : gizmochina

[Unicode]

Vivo Y93 ကို အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချ

Vivo Y93 ဆိုတာကတော့ မကြာသေးခင်က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ Vivo Y93 နဲ့ Vivo Y93s ဆိုပြီး ၂မျိူး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Y93s ကို Vivo Y93 အမည်နဲ့ ရောင်းချသွားနိုင်ဖွယ် ရှိပါတယ်။

Vivo Y93 Specifications
၆.၂၂ လက်မ အရွယ်အစားရှိ IPS LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 720 x 1520 pixels ရှိပါမယ်။ Processor အပိုင်းအတွက် MediaTek Helio P22 SoC ကို အသုံးပြုထားတာ ဖြစ်ပြီး RAM အနေနဲ့ 4GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 32GB သာ ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4030mAh ပါဝင်ပြီး အမြန်အားသွင်းစနစ်လည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Aperture f/2.2 အကျယ်ရှိ 13MP Camera နဲ့ Aperture f/2.4 အကျယ်ရှိ 2MP Camera တွေကို နောက်ကျောဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/1.8 အကျယ်ရှိ 8MP Camera ကို Waterdrop Notch ထဲမှာ ထည့်သွင်းတပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ပါဝင်မှာဖြစ်ပြီး Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Vivo Y93 ကို အရောင်တွေအနေနဲ့ Starry Black နဲ့ Nebula Purple ဆိုပြီး အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Y93 ရဲ့ အိန္ဒိယနိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းနဲ့ နေ့ရက်တွေကိုတော့ Vivo ဘက်က တရားဝင်ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ Vivo Y93 ကို တရုတ်နိုင်ငံမှာ ရောင်းချနေတဲ့ စျေးနှုန်းက တရုတ်ငွေ ၁၄၉၉ ယွမ် (မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်) ဖြစ်ပြီး Vivo Y93s ကိုတော့ တရုတ်ငွေ ၁၆၉၈ ယွမ် (မြန်မာငွေ ၃၉၀,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

Ref : gizmochina