[Zawgyi]

Vivo ရဲ႕ Y95 ဖုန္းေလးေတြကေတာ့ ဒီႏုိဝင္ဘာလထဲမွာပဲ အိႏိၵယႏုိင္ငံမွာ ဝယ္လို႔ရႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ အခုဆို 91 Mobiles ကေန အေသးစိတ္အခ်က္ေလးေတြလည္း ထြက္လာခဲ့ျပီျဖစ္ျပီး အဲဒီအတုိင္းဆိုရင္ေတာ့ Screen ေရွ႕ဘက္ထိပ္မွာ Vivo က Halo လို႔နာမည္ေပးတဲ့ Waterdrop Notch ေလး ပါမွာျဖစ္ျပီး ေစ်းကေတာ့ $205 ဝန္းက်င္ေလာက္လို႔ သိရပါတယ္။

တျခားဘယ္ႏုိင္ငံမွာမွ အရင္မဝင္ေသးဘဲ အိႏိၵယႏုိင္ငံကို အရင္ဆံုးဝင္မယ့္ပံုစံပါ။ 6.22-inch IPS LCD Screen ကိုမွ ထိပ္ဘက္မွာ Notch ေသးေသးေလးနဲ႔ျဖစ္ျပီး 8MP Front Camera ပါပါမယ္။ Screen Resolution ဘယ္ေလာက္ရိွမလဲေတာ့ မသိရေသးပါဘူး။

သံုးထားမယ့္ Chipset နဲ႔ပတ္သတ္ျပီးေတာ့လည္း မသိရေသးေပမယ့္ RAM ကေတာ့ 4GB နဲ႔ လာမယ္လို႔သိရပါတယ္။ Built-In Storage အေနနဲ႔ကေတာ့ 64GB ပါမွာျဖစ္ျပီးေတာ့ ဓာတ္ပံုပိုင္းအတြက္ကေတာ့ ေနာက္ကင္မရာကုိ 13MP+5MP Dual Camera ကို တပ္ဆင္ထားပါတယ္။ Battery ကေတာ့ 3260mAh Battery ျဖစ္ျပီး Android 8.1 Oreo ကို အေျခခံထားတဲ့ FunTouch OS နဲ႔ထြက္လာမယ္လို႔သိရပါတယ္။

Y95 ဆိုတဲ့နာမည္ကေတာ့ Vivo Y83 ရဲ႕ အဆက္ျဖစ္ႏုိင္ျပီး Y95 နဲ႔ယွဥ္လိုက္ရင္  Y83 ေလးေတြက Notch ဆိုဒ္ပိုၾကီးျပီး ကင္မရာကလည္း 13MP ကင္မရာနဲ႔ RAM 3, Internal Storage 32GB နဲ႔လာခဲ့တာျဖစ္ပါတယ္။ ေစ်းႏႈန္းကလည္း Y83 ေတြတုန္းက $192 ပဲရိွခဲ့ပါတယ္။

ဒီတစ္ေခါက္ အိႏိၵယမွာအရင္ဆံုးမိတ္ဆက္လာမယ့္ Y95 န႔ဲပတ္သတ္ျပီး ထြက္မယ့္ရက္အတိအက်ကို မသိရေသးေပမယ့္ လာမယ့္ရက္သတၱပတ္အတြင္းပဲ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရတဲ့အတြက္ ရက္ပိုင္းေလာက္ပဲ ေစာင့္ရေတာ့မွာပါ။ မၾကာေသးခင္က တရုတ္ႏုိင္ငံမွာ မိတ္ဆက္ခဲ့တဲ့ Y93 ေတြကေတာ့ Snapdragon 439 SoC နဲ႔ Y97 မွာေတာ့ Helio P60 ကိုသံုးထားျပီး အခု Y95 ကေတာ့ သူတို႔၂ခုၾကားက ဖုန္းတစ္လံုးျဖစ္တဲ့အတြက္ Mid-Range ျဖစ္တဲ့ Helio P22 နဲ႔ A22 တစ္ခုခုနဲ႔ ပြဲထြက္လာႏုိင္ေခ်ရိွပါတယ္။

Source : GizmoChina

[Unicode]

Vivo ရဲ့ Y95 ဖုန်းလေးတွေကတော့ ဒီနိုဝင်ဘာလထဲမှာပဲ အိန္ဒိယနိုင်ငံမှာ ဝယ်လို့ရနိုင်တော့မှာ ဖြစ်ပါတယ်။ အခုဆို 91 Mobiles ကနေ အသေးစိတ်အချက်လေးတွေလည်း ထွက်လာခဲ့ပြီဖြစ်ပြီး အဲဒီအတိုင်းဆိုရင်တော့ Screen ရှေ့ဘက်ထိပ်မှာ Vivo က Halo လို့နာမည်ပေးတဲ့ Waterdrop Notch လေး ပါမှာဖြစ်ပြီး ဈေးကတော့ $205 ဝန်းကျင်လောက်လို့ သိရပါတယ်။

တခြားဘယ်နိုင်ငံမှာမှ အရင်မဝင်သေးဘဲ အိန္ဒိယနိုင်ငံကို အရင်ဆုံးဝင်မယ့်ပုံစံပါ။ 6.22-inch IPS LCD Screen ကိုမှ ထိပ်ဘက်မှာ Notch သေးသေးလေးနဲ့ဖြစ်ပြီး 8MP Front Camera ပါပါမယ်။ Screen Resolution ဘယ်လောက်ရှိမလဲတော့ မသိရသေးပါဘူး။

သုံးထားမယ့် Chipset နဲ့ပတ်သတ်ပြီးတော့လည်း မသိရသေးပေမယ့် RAM ကတော့ 4GB နဲ့ လာမယ်လို့သိရပါတယ်။ Built-In Storage အနေနဲ့ကတော့ 64GB ပါမှာဖြစ်ပြီးတော့ ဓာတ်ပုံပိုင်းအတွက်ကတော့ နောက်ကင်မရာကို 13MP+5MP Dual Camera ကို တပ်ဆင်ထားပါတယ်။ Battery ကတော့ 3260mAh Battery ဖြစ်ပြီး Android 8.1 Oreo ကို အခြေခံထားတဲ့ FunTouch OS နဲ့ထွက်လာမယ်လို့သိရပါတယ်။

Y95 ဆိုတဲ့နာမည်ကတော့ Vivo Y83 ရဲ့ အဆက်ဖြစ်နိုင်ပြီး Y95 နဲ့ယှဉ်လိုက်ရင်  Y83 လေးတွေက Notch ဆိုဒ်ပိုကြီးပြီး ကင်မရာကလည်း 13MP ကင်မရာနဲ့ RAM 3, Internal Storage 32GB နဲ့လာခဲ့တာဖြစ်ပါတယ်။ ဈေးနှုန်းကလည်း Y83 တွေတုန်းက $192 ပဲရှိခဲ့ပါတယ်။

ဒီတစ်ခေါက် အိန္ဒိယမှာအရင်ဆုံးမိတ်ဆက်လာမယ့် Y95 နဲ့ပတ်သတ်ပြီး ထွက်မယ့်ရက်အတိအကျကို မသိရသေးပေမယ့် လာမယ့်ရက်သတ္တပတ်အတွင်းပဲ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရတဲ့အတွက် ရက်ပိုင်းလောက်ပဲ စောင့်ရတော့မှာပါ။ မကြာသေးခင်က တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Y93 တွေကတော့ Snapdragon 439 SoC နဲ့ Y97 မှာတော့ Helio P60 ကိုသုံးထားပြီး အခု Y95 ကတော့ သူတို့၂ခုကြားက ဖုန်းတစ်လုံးဖြစ်တဲ့အတွက် Mid-Range ဖြစ်တဲ့ Helio P22 နဲ့ A22 တစ်ခုခုနဲ့ ပွဲထွက်လာနိုင်ချေရှိပါတယ်။

Source : GizmoChina