[Zawgyi]
In-Display Fingerprint Sensor တွေကို ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Flagship စမတ်ဖုန်းတွေနဲ့ Mid-Range စမတ်ဖုန်းတချို့မှာ မြင်တွေ့ခဲ့ရပါတယ်။ In-Display Fingerprint Sensor ဟာ လုံခြုံရေးပိုင်းဆိုင်ရာ နည်းပညာကောင်းတစ်ခု ဖြစ်လာပေမယ့် လက်ရှိမျိုးဆက်တွေမှာတော့ Unlock လုပ်မယ့်နေရာ ကန့်သတ်မှု့၊ အသုံးပြုရ အဆင်မပြေမှုတွေ ရှိနေပါတယ်။ ဒီနေ့မှာတော့ အဆိုပါ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းပေးနိုင်တဲ့ In-Display Fingerprint နည်းပညာသစ်ကို Xiaomi က ထုတ်ပြလိုက်ပါပြီ။
လက်ရှိ စမတ်ဖုန်းတွေမှာပါတဲ့ In-Display Fingerprint နည်းပညာဟာ လက်ဗွေရာကို မှတ်သားဖို့အတွက် အကြိမ်ပေါင်းများစွာ Scan ဖတ်ပေးရသလို Unlock လုပ်တဲ့အခါမျိုးတွေမှာလည်း တခါတလေမှာ ထပ်ခါ ထပ်ခါ ဖိနှိပ်ပေးနေရတာမျိုးတွေ ရှိပါတယ်။ Xiaomi ရဲ့ In-Display Fingerprint နည်းပညာ အသစ်ကတော့ အဆိုပါ ပြဿနာကို အဓိကထား ဖြေရှင်းပေးထားတာဖြစ်ပြီး တစ်ချက်ထိလိုက်ရုံနဲ့ Unlock လုပ်ပြီးသား ဖြစ်နေမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် Unlock လုပ်ရမယ့် Screen ပေါ်က နေရာကိုလည်း လက်ရှိမျိုးဆက်တွေထက် ပိုမိုကျယ်ပြန့်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။
Ref : Gizmochina
[Unicode]
ပိုမြန်၊ ပိုမှန်၊ ပိုမိုက်မယ့် In-display Fingerprint နည်းပညာသစ်ကို ထုတ်ပြလိုက်တဲ့ Xiaomi
In-display Fingerprint Sensor တွေကို ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Flagship စမတ်ဖုန်းတွေနဲ့ Mid-range စမတ်ဖုန်းတချိူ့မှာ မြင်တွေ့ခဲ့ရပါတယ်။ In-display Fingerprint Sensor ဟာ လုံခြုံရေးပိုင်းဆိုင်ရာ နည်းပညာကောင်းတစ်ခု ဖြစ်လာပေမယ့် လက်ရှိမျိူးဆက်တွေမှာတော့ Unlock လုပ်မယ့်နေရာ ကန့်သတ်မှု့၊ အသုံးပြုရ အဆင်မပြေမှုတွေ ရှိနေပါတယ်။ ဒီနေ့မှာတော့ အဆိုပါ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းပေးနိုင်တဲ့ In-display Fingerprint နည်းပညာသစ်ကို Xiaomi က ထုတ်ပြလိုက်ပါပြီ။
လက်ရှိ စမတ်ဖုန်းတွေမှာပါတဲ့ In-display Fingerprint နည်းပညာဟာ လက်ဗွေရာကို မှတ်သားဖို့အတွက် အကြိမ်ပေါင်းများစွာ Scan ဖတ်ပေးရသလို Unlock လုပ်တဲ့အခါမျိူးတွေမှာလည်း တခါတလေမှာ ထပ်ခါ ထပ်ခါ ဖိနှိပ်ပေးနေရတာမျိူးတွေ ရှိပါတယ်။ Xiaomi ရဲ့ In-display Fingerprint နည်းပညာ အသစ်ကတော့ အဆိုပါ ပြဿနာကို အဓိကထား ဖြေရှင်းပေးထားတာဖြစ်ပြီး တစ်ချက်ထိလိုက်ရုံနဲ့ Unlock လုပ်ပြီးသား ဖြစ်နေမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် Unlock လုပ်ရမယ့် Screen ပေါ်က နေရာကိုလည်း လက်ရှိမျိူးဆက်တွေထက် ပိုမိုကျယ်ပြန့်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။
အဆိုပါ In-display Fingerprint နည်းပညာသစ်ကို ဘယ်ဖုန်းမှာ စတင်အသုံးပြုထားတယ်ဆိုတာကိုတော့ Xiaomi ဘက်က တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တချိူ့ကတော့ Xiaomi ရဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ Mi 9 မှာ စတင်ပါဝင်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ ဒါ့အပြင် Mi 9 ရဲ့ အနိမ့်ဆုံးမော်ဒယ်ကို တရုတ်ငွေ ၂၉,၉၉ ယွမ် (မြန်မာငွေ ၆၇၀,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချသွားနိုင်ဖွယ်ရှိတယ်လို့လည်း ပြောကြားထားပါသေးတယ်။
Ref : Gizmochina