[Zawgyi]

ေဖေဖာ္ဝါရီလဟာ သမီးရည္းစားေတြအတြက္ Valentine’s Day ဆိုတဲ့ ခ်စ္သူမ်ားေန႔ အထိမ္းအမွတ္ရွိသလို နည္းပညာသမားေတြအတြက္လည္း Mobile World Congress (MWC) ဆိုတဲ့ ပြဲေတာ္ႀကီး ရွိပါတယ္။ အဆိုပါ ပြဲေတာ္ႀကီးမွာ နယ္ပယ္အသီးသီးရွိ နည္းပညာကုမၸဏီမ်ားက သူတို႔ရဲ႕ ဆန္းသစ္တီထြင္မႈေတြကို ထုတ္ေဖာ္ျပသမွာျဖစ္ၿပီး၊ ပြဲေတာ္ႀကီးကိုေတာ့ ေဖေဖာ္ဝါရီလ ၂၅ရက္ေန႔ကေန ၂၈ရက္ေန႔အထိ က်င္းပသြားမွာ ျဖစ္ပါတယ္။

Xiaomi ကလည္း MWC 2019 မွာ ပါဝင္ဆင္ႏႊဲမယ့္ ကုမၸဏီတစ္ခုျဖစ္ၿပီး သူတို႔ရဲ႕ ထုတ္ကုန္အသစ္ကို ေဖေဖာ္ဝါရီလ ၂၄ရက္ေန႔မွာ ထုတ္ေဖာ္ျပသလာမွာပါ။ အဆိုပါထုတ္ကုန္နဲ႔ ပတ္သတ္ၿပီး Xiaomi ဘက္က အရိပ္အႁမြက္ေတာင္ ေဖာ္ျပထားျခင္း မရွိေပမယ့္ ေသခ်ာတာကေတာ့ Xiaomi Mi 9 ရဲ႕ မိတ္ဆက္ပြဲ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ Xiaomi Mi 9 ရဲ႕ မိတ္ဆက္ပြဲက ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔ ျဖစ္ေနလို႔ပါ။ Xiaomi အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ Flagship စမတ္ဖုန္းျဖစ္တဲ့ Mi 9 ကို ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ေၾကာင္း တရားဝင္ေၾကညာထားၿပီး ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ MyTech Myanmar Page က သတင္းေတြကို ဖတ္ေနက်သူဆိုရင္ေတာ့ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔မွာ ေနာက္ထပ္ ဘာပြဲႀကီးရွိေသးလဲဆိုတာ သိၿပီးသား ျဖစ္မွာပါ။ ဒါေပမယ့္ မသိေသးတဲ့သူေတြအတြက္ ေျပာျပေပးပါ့မယ္။ Samsung ရဲ႕ ၁၀ႏွစ္ျပည့္ အထိမ္းအမွတ္ျဖစ္တဲ့ Galaxy S10 Series မိတ္ဆက္ပြဲႀကီး ရွိပါေသးတယ္။

ကြၽန္ေတာ္ စာေရးသူ ေမာင္သရရဲ႕ အျမင္ကိုေျပာရမယ္ဆိုရင္ေတာ့ Xiaomi က Samsung ကို လိုက္ဖိုက္ေနတယ္လို႔ ျမင္မိပါတယ္။ မၾကာေသးခင္တုန္းက အိႏၵိယႏိုင္ငံမွာ မိတ္ဆက္သြားတဲ့ Galaxy M Series ေတြနဲ႔ ပတ္သတ္ၿပီး Xiaomi က Samsung ကို ေလွာင္ေျပာင္ထားတာ ရွိခဲ့သလို ယခုအခါမွာလည္း Galaxy S10 Series မိတ္ဆက္မယ့္ေန႔ကို Mi 9 ရဲ႕ မိတ္ဆက္ပြဲေန႔အျဖစ္ သတ္မွတ္လိုက္တယ္ဆိုေတာ့ က်ေနာ့ရဲ႕ အျမင္မွားမယ္ မထင္ပါဘူး။

Ref : Gizmochina

[Unicode]

ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ Mi 9 ကို မိတ်ဆက်ပြီး၊ ၂၄ရက်နေ့မှာ ထုတ်ကုန်အသစ် ထပ်မံမိတ်ဆက်မယ့် Xiaomi

ဖေဖော်ဝါရီလဟာ သမီးရည်းစားတွေအတွက် Valentine’s Day ဆိုတဲ့ ချစ်သူများနေ့ အထိမ်းအမှတ်ရှိသလို နည်းပညာသမားတွေအတွက်လည်း Mobile World Congress (MWC) ဆိုတဲ့ ပွဲတော်ကြီး ရှိပါတယ်။ အဆိုပါ ပွဲတော်ကြီးမှာ နယ်ပယ်အသီးသီးရှိ နည်းပညာကုမ္ပဏီများက သူတို့ရဲ့ ဆန်းသစ်တီထွင်မှုတွေကို ထုတ်ဖော်ပြသမှာဖြစ်ပြီး၊ ပွဲတော်ကြီးကိုတော့ ဖေဖော်ဝါရီလ ၂၅ရက်နေ့ကနေ ၂၈ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Xiaomi ကလည်း MWC 2019 မှာ ပါဝင်ဆင်နွှဲမယ့် ကုမ္ပဏီတစ်ခုဖြစ်ပြီး သူတို့ရဲ့ ထုတ်ကုန်အသစ်ကို ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ထုတ်ဖော်ပြသလာမှာပါ။ အဆိုပါထုတ်ကုန်နဲ့ ပတ်သတ်ပြီး Xiaomi ဘက်က အရိပ်အမြွက်တောင် ဖော်ပြထားခြင်း မရှိပေမယ့် သေချာတာကတော့ Xiaomi Mi 9 ရဲ့ မိတ်ဆက်ပွဲ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Xiaomi Mi 9 ရဲ့ မိတ်ဆက်ပွဲက ဖေဖော်ဝါရီလ ၂၀ရက်နေ့ ဖြစ်နေလို့ပါ။ Xiaomi အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် Flagship စမတ်ဖုန်းဖြစ်တဲ့ Mi 9 ကို ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။

 

ကျွန်တော်တို့ MyTech Myanmar Page က သတင်းတွေကို ဖတ်နေကျသူဆိုရင်တော့ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ နောက်ထပ် ဘာပွဲကြီးရှိသေးလဲဆိုတာ သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် ပြောပြပေးပါ့မယ်။ Samsung ရဲ့ ၁၀နှစ်ပြည့် အထိမ်းအမှတ်ဖြစ်တဲ့ Galaxy S10 Series မိတ်ဆက်ပွဲကြီး ရှိပါသေးတယ်။

ကျွန်တော် စာရေးသူ မောင်သရရဲ့ အမြင်ကိုပြောရမယ်ဆိုရင်တော့ Xiaomi က Samsung ကို လိုက်ဖိုက်နေတယ်လို့ မြင်မိပါတယ်။ မကြာသေးခင်တုန်းက အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားတဲ့ Galaxy M Series တွေနဲ့ ပတ်သတ်ပြီး Xiaomi က Samsung ကို လှောင်ပြောင်ထားတာ ရှိခဲ့သလို ယခုအခါမှာလည်း Galaxy S10 Series မိတ်ဆက်မယ့်နေ့ကို Mi 9 ရဲ့ မိတ်ဆက်ပွဲနေ့အဖြစ် သတ်မှတ်လိုက်တယ်ဆိုတော့ ကျနော့ရဲ့ အမြင်မှားမယ် မထင်ပါဘူး။

Ref : Gizmochina