[Zawgyi]

အခုေနာက္ဆုံးမိတ္ဆက္လာတဲ့ Redmi Note 7 ဟာ ထူးျခားတဲ့ သြင္ျပင္၊ ထူးျခားတဲ့ ကင္မရာနဲ႔ Specs ေတြပုိင္ဆုိင္တဲ့အျပင္ တရားဝင္ထြက္ရွိထားတဲ့ Teardown ဗီဒီယုိမွာ အၾကမ္းခံေအာင္လည္း တည္ေဆာက္ထားပုံ ေပၚပါတယ္။ တကယ္အၾကမ္းခံသလား ဆုိတာ သိႏုိင္ဖို႔က တစ္စစီ ျဖဳတ္ျပရုံနဲ႔ေတာ့ မလုံေလာက္ပါဘူး။ အခြံမာ အသီးတစ္မ်ဳိးအျဖစ္ လက္ခံထားတဲ့ သစ္ၾကားသီးကို ဟန္းဆက္နဲ႔ထုခြဲျပမယ္ ဆုိရင္ေရာ။ ဒါဟာ တရားဝင္ ေၾကျငာေလ့ရွိတဲ့ ပုံစံမ်ဳိးေတာ့မဟုတ္ပါဘူး။

ဒါေပမယ့္ ဒီဗီဒီယုိအတုိေလးကို တင္ခဲ့တဲ့သူကေတာ့ Xiaomi ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူျဖစ္တဲ့ Lin Bin ကိုယ္တုိင္ပါပဲ။ သူ႕ရဲ႕ တရုတ္ဆုိရွယ္ Weibo အေကာင့္မွာ တင္ထားခဲ့တဲ့ ဒီဗီဒီယုိကို Mi 8 နဲ႔ရုိက္ကူးထားၿပီး 960fps ျဖစ္တာေၾကာင့္ အစိတ္စိတ္အမႊာမႊာ ကြဲသြားတဲ့ သစ္ၾကားသီးကို အေႏွးျပကြက္နဲ႔ ေသေသခ်ာခ်ာ ရွင္းရွင္းလင္းလင္း ျမင္ရမွာပါ။

ဒါ့အျပင္ Redmi Note 7 ဟာ ေစ်းပိုျမင့္တဲ့ ဖုန္းေတြမွာသာ ျမင္ရတဲ့ Night Mode ကိုလည္း ရရွိေတာ့မွာ ျဖစ္လုိ႔ 960fps Mode ကိုပါ ရႏုိင္မလားလို႔ စဥ္းစားစရာျဖစ္ေနပါတယ္။ လက္ရွိမွာ ဒီဟန္းဆက္ဟာ 1080p နဲ႔ 720p Resolution ကို 120fps နဲ႔ရုိက္ကူးႏုိင္ပါတယ္။ Snapdragon 660 ခ်စ္ပ္ဆက္က 720p ကို 480fps ထိ ေထာက္ပံ့ေပးႏုိင္တယ္။

တူညီတဲ့ခ်စ္ပ္ဆက္ကိုပဲ Mi 8 Lite မွာေတာ့ 720p ကို 240 fps ထိရေအာင္ ညွစ္ထုတ္ထားႏုိင္တာေၾကာင့္ Upgrade ေတာ့ လုပ္မယ္ဆုိ လုပ္ႏုိင္မွာပါ။ Camera Module နဲ႔အျခားအစိတ္အပုိင္းေတြရဲ႕ ပါဝင္မႈလည္း လိုအပ္ပါေသးတယ္။

Ref – GSM Arena

[Unicode]

အခုနောက်ဆုံးမိတ်ဆက်လာတဲ့ Redmi Note 7 ဟာ ထူးခြားတဲ့ သွင်ပြင်၊ ထူးခြားတဲ့ ကင်မရာနဲ့ Specs တွေပိုင်ဆိုင်တဲ့အပြင် တရားဝင်ထွက်ရှိထားတဲ့ Teardown ဗီဒီယိုမှာ အကြမ်းခံအောင်လည်း တည်ဆောက်ထားပုံ ပေါ်ပါတယ်။ တကယ်အကြမ်းခံသလား ဆိုတာ သိနိုင်ဖို့က တစ်စစီ ဖြုတ်ပြရုံနဲ့တော့ မလုံလောက်ပါဘူး။ အခွံမာ အသီးတစ်မျိုးအဖြစ် လက်ခံထားတဲ့ သစ်ကြားသီးကို ဟန်းဆက်နဲ့ထုခွဲပြမယ် ဆိုရင်ရော။ ဒါဟာ တရားဝင် ကြေငြာလေ့ရှိတဲ့ ပုံစံမျိုးတော့မဟုတ်ပါဘူး။

ဒါပေမယ့် ဒီဗီဒီယိုအတိုလေးကို တင်ခဲ့တဲ့သူကတော့ Xiaomi ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Lin Bin ကိုယ်တိုင်ပါပဲ။ သူ့ရဲ့ တရုတ်ဆိုရှယ် Weibo အကောင့်မှာ တင်ထားခဲ့တဲ့ ဒီဗီဒီယိုကို Mi 8 နဲ့ရိုက်ကူးထားပြီး 960fps ဖြစ်တာကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲသွားတဲ့ သစ်ကြားသီးကို အနှေးပြကွက်နဲ့ သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။

ဒါ့အပြင် Redmi Note 7 ဟာ ဈေးပိုမြင့်တဲ့ ဖုန်းတွေမှာသာ မြင်ရတဲ့ Night Mode ကိုလည်း ရရှိတော့မှာ ဖြစ်လို့ 960fps Mode ကိုပါ ရနိုင်မလားလို့ စဉ်းစားစရာဖြစ်နေပါတယ်။ လက်ရှိမှာ ဒီဟန်းဆက်ဟာ 1080p နဲ့ 720p Resolution ကို 120fps နဲ့ရိုက်ကူးနိုင်ပါတယ်။ Snapdragon 660 ချစ်ပ်ဆက်က 720p ကို 480fps ထိ ထောက်ပံ့ပေးနိုင်တယ်။

တူညီတဲ့ချစ်ပ်ဆက်ကိုပဲ Mi 8 Lite မှာတော့ 720p ကို 240 fps ထိရအောင် ညှစ်ထုတ်ထားနိုင်တာကြောင့် Upgrade တော့ လုပ်မယ်ဆို လုပ်နိုင်မှာပါ။ Camera Module နဲ့အခြားအစိတ်အပိုင်းတွေရဲ့ ပါဝင်မှုလည်း လိုအပ်ပါသေးတယ်။

Ref – GSM Arena