Zawgyi
Huawei Enjoy 9 Plus ကို အရောင်တွေအနေနဲ့ Magic Night Black, Sapphire Blue, Aurora Violet ဆိုပြီး အရောင် ၃မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Enjoy 9 Plus ကို တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် ဈေးနှုန်းကတော့ RAM 4GB/ Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၄၉၉ ယွမ် (မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်)၊ RAM 4GB/ Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၁၆၉၉ ယွမ် (မြန်မာငွေ ၄သိန်း ဝန်းကျင်)နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref:gadgets.ndtv
Unicode
စုစုပေါင်း ကင်မရာ ၄လုံး ပါတဲ့ Huawei Enjoy 9 Plus ကို တရုတ်နိုင်ငံမှာ မိတ်ဆက်
Huawei အနေနဲ့ Enjoy 9 Plus စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Enjoy 9Plus ရဲ့ နောက်ကျောဘက် ဒီဇိုင်းကို 3D illusion Design နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့အပြားက စျေးကွက်တွေမှာတော့ Huawei Enjoy 9 Plus ကို Huawei Y9 (2019) အမည်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Huawei Enjoy 9 Plus Specifications
Display အပိုင်းအတွက် ၆.၅လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Kirin 710 SoC ကို အသုံးပြုထားပြီး RAM 4GB/ Storage 64GB နဲ့ RAM 4GB/ Storage 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပါတယ်။
နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 13MP+2MP Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP+2MP Camera တွေကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ပါဝင်ပြီး အလေးချိန်ကတော့ ၁၇၃ဂရမ် ရှိပါတယ်။
Huawei Enjoy 9 Plus ကို အရောင်တွေအနေနဲ့ Magic Night Black, Sapphire Blue, Aurora Violet ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Enjoy 9 Plus ကို တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 4GB/ Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၁၄၉၉ ယွမ် (မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်)၊ RAM 4GB/ Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၁၆၉၉ ယွမ် (မြန်မာငွေ ၄သိန်း ဝန်းကျင်)နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။