ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ တရုတ်နိုင်ငံတွင်း 5G ကွန်ရက် အသုံးပြုသူအရေအတွက်ဟာ ၄၇၅ သန်းရှိလာပြီလို့ တရုတ်နိုင်ငံ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဌာန (MIIT) က ကိုယ်စားလှယ်တစ်ဦးက သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံကျော် ဖြစ်ပါတယ်။

အေဂျင်စီရဲ့အဆိုအရ ဇူလိုင်လမှာ တရုတ်နိုင်ငံတွင်း 5G အခြေစိုက်စခန်းပေါင်း ၁.၉၇ သန်း လည်ပတ်နေပြီး စီရင်စု၊ ဗဟိုခရိုင်တွေနဲ့ မြို့ငယ်တွေရဲ့ ၉၆% ကို လွှမ်းခြုံပေးထားတယ်လို့ သိရပါတယ်။ တယ်လီကွန်းအော်ပရေတာတွေကလည်း ၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံတွင်း အခြေစိုက်စခန်းပေါင်း ၆ သိန်း အထိ တပ်ဆင်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Subscribers အရေအတွက်နဲ့ပြောမယ်ဆိုရင် China Mobile ဟာ ကမ္ဘာ့အကြီးဆုံးအော်ပရေတာဖြစ်ပြီး လက်ရှိပထမနှစ်ဝက်မှာ 5G ကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၈.၇ ဘီလီယံ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ ပဉ္စမမျိုးဆက် အခြေခံစခန်း စုစုပေါင်း တစ်သန်းကို စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ China Telecom နဲ့ China Unicom တို့ ပူးပေါင်းပြီးတော့လည်း ပဉ္စမမျိုးဆက် အခြေစိုက်စခန်းပေါင်း ၁ သိန်း ၈ သောင်းကို လက်ရှိနှစ်ရဲ့ ပထမနှစ်ဝက်မှာ တပ်ဆင်ခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ လက်ရှိပထမနှစ်ဝက်အတွင်း 5G အသုံးပြုသူအရေအတွက်ဟာ ၄၂.၈၅ သန်းအထိ တိုးမြင့်လာပါတယ်။ China Unicom ကတော့ အခု ဒီသတင်းရေးသားထားချိန်မှာ ၂၃၁.၆ သန်းကျော်နေပြီဖြစ်ပါတယ်။

ဒီလိုမျိုး 5G ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်ခြင်းအားဖြင့် သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်လာသလို ဖွံ့ဖြိုးမှုအားနည်းနေသေးတဲ့ မြို့ငယ်လေးတွေမှာလည်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်တက်လာမှာဖြစ်သလို လုပ်ငန်းပုံစံသစ်တွေလည်း ပေါ်ပေါက်လာဖို့အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: Gizchina