Unicode

နိုင်ငံတကာရုပ်ရှင်လောကမှာ ဂုဏ်သရေအမြင့်ဆုံးဆုလို့ ပြောရမယ့် အော်စကာဆုကို အမေရိကန်နိုင်ငံရဲ့ AMPAS အဖွဲ့ကနေ နှစ်စဉ်နှစ်တိုင်းပေးအပ်ပြီး လူစိတ်ဝင်စားမှုအခံရဆုံး ဆုပေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ် အတွင်းမှာတော့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အော်စကာပွဲကို အွန်လိုင်းကနေ တိုက်ရိုက်စောင့်ကြည့်ခဲ့သူပမာဏဟာ ၂၀၁၉ အတွင်း ဗီဒီယိုဂိမ်းများကို ပေးအပ်တဲ့ Game Awards ထက် ကြည့်ရှုမှုနှုန်း အလွန်နည်းပါးခဲ့တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

၂၀၁၉ ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့ Game Awards 2019 ဆုပေးပွဲကို အွန်လိုင်းကနေ စောင့်ဆိုင်းကြည့်ရှုနေသူ ၄၅ သန်းကျော်ရှိခဲ့ပေမယ့် အော်စကာဆုပေးပွဲအား ကြည့်ရှုသူဦးရေ ၂၉.၆ သန်းသာ ရှိခဲ့ပါတယ်။။ ဒါ့ကြောင့် စုစုပေါင်း ကြည့်ရှုသူ ၁၅ သန်းလောက် ကွာခြားနေခဲ့တာပါ။

ဒါဟာ ဖျော်ဖြေရေးကဏ္ဍထဲမှာ အသစ်ဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး ရုပ်ရှင်ထုတ်လုပ်စက်ရုံဖြစ်တဲ့ ဟောလိဝုဒ်ကို ဗီဒီယိုဂိမ်းတွေရဲ့ လူကြိုက်များမှုက ထိပါးလာပြီဆိုတာကို ပြသလာတာပါပဲ။ အခုနှစ် အော်စကာဆုပေးပွဲကလည်း အရမ်း အဆိုးဝါးကြီးမဟုတ်ခဲ့ဘဲ မနှစ်ကထက် ၇.၇% ပိုများခဲ့တာပါ။

အခုနှစ် The Game Awards 2019 ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံးဗီဒီယိုဂိမ်း (Game of the Year) ဆုကို FromSoftware မှထုတ်လုပ်တဲ့ “Sekiro: Shadows Die Twice” မှ ရရှိခဲ့ပါတယ်။ အွန်လိုင်းဂိမ်းတွေကို အဓိကပေးတဲ့ Best Ongoing Game ဆုကိုတော့ အခုနှစ်ထဲမှာ ပထမဆုံးကမ္ဘာ့ချန်ပီယံပွဲလုပ်လာခဲ့တဲ့ Fortnite က ရရှိခဲ့ပြီး အကောင်းဆုံး မိုဘိုင်းဂိမ်း (Best Mobile Game) ဆုကိုတော့ Call of Duty: Mobile မှ ရရှိခဲ့ပါတယ်။

Zawgyi

ႏုိင္ငံတကာရုပ္ရွင္ေလာကမွာ ဂုဏ္သေရအျမင့္ဆုံးဆုလို႔ ေျပာရမယ့္ ေအာ္စကာဆုကို အေမရိကန္ႏုိင္ငံရဲ႕ AMPAS အဖြဲ႕ကေန ႏွစ္စဥ္ႏွစ္တုိင္းေပးအပ္ၿပီး လူစိတ္ဝင္စားမႈအခံရဆုံး ဆုေပးပြဲတစ္ခုလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၉ ခုႏွစ္ အတြင္းမွာေတာ့ ေနာက္ဆုံးျပဳလုပ္ခဲ့တဲ့ ေအာ္စကာပြဲကို အြန္လုိင္းကေန တုိက္ရုိက္ေစာင့္ၾကည့္ခဲ့သူပမာဏဟာ ၂၀၁၉ အတြင္း ဗီဒီယုိဂိမ္းမ်ားကို ေပးအပ္တဲ့ Game Awards ထက္ ၾကည့္ရႈမႈႏႈန္း အလြန္နည္းပါးခဲ့တယ္လို႔ စစ္တမ္းေတြက ဆုိပါတယ္။

၂၀၁၉ ဒီဇင္ဘာမွာ က်င္းပခဲ့တဲ့ Game Awards 2019 ဆုေပးပြဲကို အြန္လိုင္းကေန ေစာင့္ဆိုင္းၾကည့္႐ႈေနသူ ၄၅ သန္းေက်ာ္႐ွိခဲ့ေပမယ့္ ေအာ္စကာဆုေပးပြဲအား ၾကည့္႐ႈသူဦးေရ ၂၉.၆ သန္းသာ ႐ွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ စုစုေပါင္း ၾကည့္ရႈသူ ၁၅ သန္းေလာက္ ကြာျခားေနခဲ့တာပါ။

ဒါဟာ ေဖ်ာ္ေျဖေရးက႑ထဲမွာ အသစ္ျဖစ္ၿပီး ကမာၻ႕အႀကီးမားဆုံး ရုပ္ရွင္ထုတ္လုပ္စက္ရုံျဖစ္တဲ့ ေဟာလိဝုဒ္ကုိ ဗီဒီယုိဂိမ္းေတြရဲ႕ လူႀကိဳက္မ်ားမႈက ထိပါးလာၿပီဆုိတာကို ျပသလာတာပါပဲ။ အခုႏွစ္ ေအာ္စကာဆုေပးပြဲကလည္း အရမ္း အဆုိးဝါးႀကီးမဟုတ္ခဲ့ဘဲ မႏွစ္ကထက္ ၇.၇% ပိုမ်ားခဲ့တာပါ။

အခုႏွစ္ The Game Awards 2019 ဆုေပးပြဲမွာ တစ္ႏွစ္တာ အေကာင္းဆုံးဗီဒီယုိဂိမ္း (Game of the Year) ဆုကို FromSoftware မွထုတ္လုပ္တဲ့ “Sekiro: Shadows Die Twice” မွ ရရွိခဲ့ပါတယ္။ အြန္လုိင္းဂိမ္းေတြကို အဓိကေပးတဲ့ Best Ongoing Game ဆုကိုေတာ့ အခုႏွစ္ထဲမွာ ပထမဆုံးကမာၻ႕ခ်န္ပီယံပြဲလုပ္လာခဲ့တဲ့ Fortnite က ရရွိခဲ့ၿပီး အေကာင္းဆုံး မုိဘုိင္းဂိမ္း (Best Mobile Game) ဆုကိုေတာ့ Call of Duty: Mobile မွ ရရွိခဲ့ပါတယ္။