Wedbush မှ လေ့လာဆန်းစစ်သူတွေက iPhone 13 မော်ဒယ်အားလုံးမှာ LiDAR နဲ့ Pro မော်ဒယ်တွေမှာ 1TB Storage အထိ ပါလာနိုင်တယ်လို့ ဇွန်လက ခန့်မှန်းခဲ့ပါတယ်။ အဲဒီနောက်မှာ TrendForce က လေ့လာဆန်းစစ်သူက အဲဒီ သတင်းတွေဟာ မှားတယ်လို့ ပြောခဲ့ပြီး Pro မော်ဒယ် ၂ လုံးမှာပဲ LiDAR နဲ့ 512GB Storage အထိပဲ ပါမယ်လို့ သတင်းပေးခဲ့ပါတယ်။

Via: MacRumors

အခုတော့ Wedbush မှ လေ့လာဆန်းစစ်သူတွေဟာ အာရှက Supply Chain ကို သေသေချာချာ လေ့လာခဲ့ပြီး အရင်က သူတို့ရဲ့ ဟောကိန်းကို အတည်ပြုလိုက်ပါတယ်။ အဲဒါကတော့ iPhone 13 Pro နဲ့ 13 Pro Max မှာ 1TB Storage အထိ ပါလာမှာ ဖြစ်ပြီး မော်ဒယ်အားလုံးမှာ LiDAR ထည့်သွင်းထားမယ်ဆိုတာပါပဲ။ အဲဒီအတွက် အရင်မျိုးဆက်မှာ ထည့်သွင်းပေးခဲ့တဲ့ 128GB နဲ့ 256GB Storage တွေထက် ဒီနှစ်မျိုးဆက်မှာ ၂ ဆပိုများလာနိုင်ပါတယ်။

かわいいを得る!iPhone 13はピンクの色を持つことになります

လေ့လာဆန်းစစ်သူတွေက iPhone 13 Series တွေရဲ့ တခြားသတင်းအချက်အလက်တွေကို မပြောပေမယ့် iPhone 12 Series ထက် iPhone 13 Series ဟာ ရောင်းအား ပိုကောင်းနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။ Supply Chain အရ အလုံးရေ သန်း ၉၀ ကနေ သန်း ၁၀၀ အထိ ရောင်းချနိုင်ဖို့ Apple က ရည်မှန်းထားတယ်လို့ တွက်ချက်ထားကြပါတယ်။ iPhone 12 Series ဟာ လက်ရှိမှာ အလုံးရေ သန်း ၈၀ ပဲ ရောင်းချထားနိုင်ပါသေးတယ်။ အဲဒီအတွက် အရင်နှစ်ထက် ရောင်းအား ၁၅ ရာခိုင်နှုန်း ပိုများလာမှာပါ။

Apple က ရောင်းအား တိုးတက်ဖို့ ရည်မှန်းထားပေမယ့် Chip လုံလောက်စွာ မရမှုက အဓိက အကျိုးသက်ရောက်လာနိုင်ပါတယ်။ Wedbush ရဲ့ ခန့်မှန်းချက်အရ ဒီနှစ်ဟာ Apple အတွက် အမြတ်ငွေ တိုးပွားလာနိုင်ပြီး Consumer တွေအနေနဲ့လည်း ကိုဗစ် ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထိုးနိုင်လာတဲ့အတွက် စီးပွားရေး ပိုကောင်းလာတာကြောင့် ဖုန်း အသစ်တွေ ပိုမို ဝယ်ယူလာကြတော့မှာပါ။

Ref : gsmarena