[Zawgyi]

Samsung ဟာ လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ တီဗီေတြမွာ PCေတြ၊ Tabletေတြ၊ စမတ္ဖုန္းေတြကို ထိန္းခ်ဳပ္လို႔ရမယ့္ Feature သစ္တစ္ခုကို ထည့္သြင္းေပးမယ္လို႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ဒါေၾကာင့္ Samsung တီဗီကေနတစ္ဆင့္ အဲဒီအသုံးအေဆာင္ေတြကို တိုက္႐ိုက္ထိန္းခ်ဳပ္လို႔ ရေတာ့မွာ ျဖစ္ပါတယ္။

Samsung တီဗီမွာ ပါဝင္လာမယ့္ Remote Access ဟာ Keyboard ဒါမွမဟုတ္ Mouse တို႔ကို တီဗီနဲ႔ ခ်ိတ္ဆက္ခြင့္ျပဳမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အသုံးျပဳသူေတြအေနနဲ႔ PC အစား ပိုႀကီးမားတဲ့ မ်က္ႏွာျပင္ရွိတဲ့ တီဗြီနဲ႔ ဂိမ္းကစားလို႔ ရသြားမွာ ျဖစ္သလို ႐ုံးလုပ္ငန္းေတြကိုလည္း ပိုႀကီးမားတဲ့ မ်က္ႏွာျပင္ေပၚမွာ လုပ္လို႔ ရသြားမွာ ျဖစ္ပါတယ္။

Samsung ဟာ ဒီစနစ္နဲ႔ အလုပ္လုပ္ပုံကို အေသးစိတ္ ရွင္းလင္းေဖာ္ျပသြားျခင္းေတာ့ မရွိပါဘူး။ ဒါေပမယ့္ အသုံးျပဳသူအေနနဲ႔ သူတို႔ခ်ိတ္ဆက္ခ်င္တဲ့ အရာေတြအတြက္ ကိုက္ညီတဲ့ App ေတြကိုေတာ့ Install လုပ္သြားရဖြယ္ရွိပါတယ္။ Samsung ကေတာ့ Remote Access ဟာ ဘယ္ေနရာကေနမဆို အလုပ္လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။

Samsung ဟာ VMware နဲ႔ မိတ္ဖက္အျဖစ္ ပူးေပါင္းထားၿပီး သူတို႔ရဲ႕ Virtual desktop infrastructure နဲ႔ ခ်ိတ္ဆက္ အလုပ္လုပ္တယ္လို႔ ယူဆရပါတယ္။ ဒီနည္းပညာဟာ အသုံးျပဳသူအေနနဲ႔ Server မွာ သိမ္းထားတဲ့ Desktop ကို ဘယ္အခ်ိန္ ဘယ္ေနရာကမဆို ဖြင့္ႏိုင္ေအာင္ ေထာက္ပံ့ေပးပါလိမ့္မယ္။ ဒါေၾကာင့္ အသုံးျပဳသူက ဘယ္ေနရာကေနမဆို သူတို႔ရဲ႕ Desktop ကို ၾကည့္ရႈႏိုင္မွာျဖစ္သလို Session တစ္ခု Log out လုပ္ၿပီးတာနဲ႔ Reset ျပန္လုပ္မွာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Samsung ဟာ လာမယ့် ၂၀၁၉ ခုနှစ်ထုတ် တီဗီတွေမှာ PCတွေ၊ Tabletတွေ၊ စမတ်ဖုန်းတွေကို ထိန်းချုပ်လို့ရမယ့် Feature သစ်တစ်ခုကို ထည့်သွင်းပေးမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါကြောင့် Samsung တီဗီကနေတစ်ဆင့် အဲဒီအသုံးအဆောင်တွေကို တိုက်ရိုက်ထိန်းချုပ်လို့ ရတော့မှာ ဖြစ်ပါတယ်။

Samsung တီဗီမှာ ပါဝင်လာမယ့် Remote Access ဟာ Keyboard ဒါမှမဟုတ် Mouse တို့ကို တီဗီနဲ့ ချိတ်ဆက်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ PC အစား ပိုကြီးမားတဲ့ မျက်နှာပြင်ရှိတဲ့ တီဗွီနဲ့ ဂိမ်းကစားလို့ ရသွားမှာ ဖြစ်သလို ရုံးလုပ်ငန်းတွေကိုလည်း ပိုကြီးမားတဲ့ မျက်နှာပြင်ပေါ်မှာ လုပ်လို့ ရသွားမှာ ဖြစ်ပါတယ်။

Samsung ဟာ ဒီစနစ်နဲ့ အလုပ်လုပ်ပုံကို အသေးစိတ် ရှင်းလင်းဖော်ပြသွားခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် အသုံးပြုသူအနေနဲ့ သူတို့ချိတ်ဆက်ချင်တဲ့ အရာတွေအတွက် ကိုက်ညီတဲ့ App တွေကိုတော့ Install လုပ်သွားရဖွယ်ရှိပါတယ်။ Samsung ကတော့ Remote Access ဟာ ဘယ်နေရာကနေမဆို အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

Samsung ဟာ VMware နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းထားပြီး သူတို့ရဲ့ Virtual desktop infrastructure နဲ့ ချိတ်ဆက် အလုပ်လုပ်တယ်လို့ ယူဆရပါတယ်။ ဒီနည်းပညာဟာ အသုံးပြုသူအနေနဲ့ Server မှာ သိမ်းထားတဲ့ Desktop ကို ဘယ်အချိန် ဘယ်နေရာကမဆို ဖွင့်နိုင်အောင် ထောက်ပံ့ပေးပါလိမ့်မယ်။ ဒါကြောင့် အသုံးပြုသူက ဘယ်နေရာကနေမဆို သူတို့ရဲ့ Desktop ကို ကြည့်ရှုနိုင်မှာဖြစ်သလို Session တစ်ခု Log out လုပ်ပြီးတာနဲ့ Reset ပြန်လုပ်မှာ ဖြစ်ပါတယ်။

Ref: The Verge