[Zawgyi]

ကနဦး ေကာလာဟလေတြအရ အသစ္ျပဳျပင္မြမ္းမံထားတဲ့ iPad Pro ကို လာမယ့္ေအာက္တိုဘာ ေႏွာင္းပိုင္းမွာ ေၾကညာလာဖြယ္ရွိတယ္ဆိုေပမယ့္ အခုအခ်ိန္မွာေတာ့ iPad Pro ဟာ လာမယ့္ ၂၀၂၀ မတ္လထဲမွာမွ ထြက္လာေတာ့မယ္လို႔ MacRumors အပါအဝင္ နာမည္ႀကီး ဝက္ဆိုက္အခ်ိဳ႕မွာေဖာ္ျပေနၾကပါတယ္။

ဒါေပမယ့္ သတင္းေတြမွာေတာ့ iPad Pro အသစ္နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာ၊ အခ်က္အလက္ေတြကို ေဖာ္ျပျခင္းမေတြ႕ရပါဘူး။ ဒါေပမယ့္ ခန႔္မွန္းေဖာ္ျပခ်က္ေတြအျဖစ္ ကင္မရာပိုင္းဆိုင္ရာမွာ ႀကီးႀကီးမားမား တိုးျမင့္လာမယ္လို႔ ေတြ႕ရပါတယ္။ အထူးသျဖင့္ ကင္မရာသုံးလုံးျဖစ္လာမယ္လို႔ ေကာလာဟလ ထြက္ေနခဲ့တာပါ။

ကင္မရာေတြနဲ႔ပတ္သက္ၿပီး ျဖစ္ႏိုင္ေျခရွိတာကေတာ့ Time-of-Flight sensor အတြက္ LG နဲ႔ သေဘာတူညီမႈရရွိထားၿပီဆိုတဲ့ သတင္းျဖစ္ပါတယ္။ ဒီ Module ေတြဟာ Depth data ဖမ္းယူျခင္းနဲ႔ AR ပိုင္းဆိုင္ရာကို ပိုၿပီးတိုးျမင့္ေစတယ္လို႔လည္း သိရပါတယ္။

3D sensor နဲ႔ အဓိကကင္မရာတို႔ ပူးတြဲထားၿပီး Ultra-wide-angle ကင္မရာတစ္လုံးလည္း ပါဝင္လာဖြယ္ရွိပါတယ္။ Apple အေနနဲ႔ Telephoto ကင္မရာကို သုံးမလားလို႔ ေမးႏိုင္ေပမယ့္၊ ဒီကင္မရာဟာ AR အတြက္ သိပ္ၿပီး အေထာက္အကူမ်ားမ်ားမျဖစ္ႏိုင္တာေၾကာင့္ Ultra-wide-angle ပဲ သုံးလာဖို႔ မ်ားပါတယ္။

အျခား ဆက္စပ္သတင္းေတြမွာေတာ့ Apple ဟာ ေဈးသက္သာတဲ့ iPad အမ်ိဳးအစားေတြမွာလည္း Time-of-Flight sensor ကို ထည့္သြင္းအသုံးျပဳဖို႔ လ်ာထားတယ္လို႔ ေဖာ္ျပထားတာကို ေတြ႕ျမင္ရပါတယ္။ အကယ္၍ ကုမၸဏီအေနနဲ႔ ၁၂ လၾကာၿပီးတဲ့ေနာက္ iPad Air ေတြကို အဆင့္ျမႇင့္ဖို႔ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ ၂၀၂၀ မတ္လမွာ iPad Pro ေတြ အသစ္ျပန္လုပ္တာနဲ႔အတူ ပါလာႏိုင္ပါတယ္။ မဟုတ္ရင္ေတာ့ ေနာက္တစ္ႏွစ္ေလာက္ ထပ္ၾကာသြားႏိုင္ပါတယ္။

Ref: Phone Arena

[Unicode]

3D Sensing ကင်မရာနဲ့ iPad Pro တွေကို ၂၀၂၀ မေလမှာ ကြေညာဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာ

ကနဦး ကောလာဟလတွေအရ အသစ်ပြုပြင်မွမ်းမံထားတဲ့ iPad Pro ကို လာမယ့်အောက်တိုဘာနှောင်းပိုင်းမှာ ကြေညာလာဖွယ်ရှိတယ်ဆိုပေမယ့် အခုအချိန်မှာတော့ iPad Pro ဟာ လာမယ့် ၂၀၂၀ မတ်လထဲမှာမှ ထွက်လာတော့မယ်လို့ MacRumors အပါအဝင် နာမည်ကြီး ဝက်ဆိုက်အချို့မှာဖော်ပြနေကြပါတယ်။

ဒါပေမယ့် သတင်းတွေမှာတော့ iPad Pro အသစ်နဲ့ ပတ်သက်တဲ့အကြောင်းအရာ၊ အချက်အလက်တွေကို ဖော်ပြခြင်းမတွေ့ရပါဘူး။ ဒါပေမယ့် ခန့်မှန်းဖော်ပြချက်တွေအဖြစ် ကင်မရာပိုင်းဆိုင်ရာမှာ ကြီးကြီးမားမား တိုးမြင့်လာမယ်လို့ တွေ့ရပါတယ်။ အထူးသဖြင့် ကင်မရာသုံးလုံးဖြစ်လာမယ်လို့ ကောလာဟလ ထွက်နေခဲ့တာပါ။

ကင်မရာတွေနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတာကတော့ Time-of-Flight sensor အတွက် LG နဲ့ သဘောတူညီမှုရရှိထားပြီဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဒီ Module တွေဟာ Depth data ဖမ်းယူခြင်းနဲ့ AR ပိုင်းဆိုင်ရာကို ပိုပြီးတိုးမြင့်စေတယ်လို့လည်း သိရပါတယ်။

3D sensor နဲ့ အဓိကကင်မရာတို့ ပူးတွဲထားပြီး Ultra-wide-angle ကင်မရာတစ်လုံးလည်း ပါဝင်လာဖွယ်ရှိပါတယ်။ Apple အနေနဲ့ Telephoto ကင်မရာကို သုံးမလားလို့ မေးနိုင်ပေမယ့်၊ ဒီကင်မရာဟာ AR အတွက် သိပ်ပြီး အထောက်အကူများများမဖြစ်နိုင်တာကြောင့် Ultra-wide-angle ပဲ သုံးလာဖို့ များပါတယ်။

အခြား ဆက်စပ်သတင်းတွေမှာတော့ Apple ဟာ ဈေးသက်သာတဲ့ iPad အမျိုးအစားတွေမှာလည်း Time-of-Flight sensor ကို ထည့်သွင်းအသုံးပြုဖို့ လျာထားတယ်လို့ ဖော်ပြထားတာကို တွေ့မြင်ရပါတယ်။ အကယ်၍ ကုမ္ပဏီအနေနဲ့ ၁၂ လကြာပြီးတဲ့နောက် iPad Air တွေကို အဆင့်မြှင့်ဖို့ရွေးချယ်လိုက်တယ်ဆိုရင်တော့ ၂၀၂၀ မတ်လမှာ iPad Pro တွေ အသစ်ပြန်လုပ်တာနဲ့အတူ ပါလာနိုင်ပါတယ်။ မဟုတ်ရင်တော့ နောက်တစ်နှစ်လောက် ထပ်ကြာသွားနိုင်ပါတယ်။

Ref: Phone Arena