[Zawgyi]
Redmi Flagship စမတ်ဖုန်း ၂မျိုးစလုံးဟာ RAM 6GB + Storage 64GB , RAM 6GB + Storage 128GB, RAM 8GB + Storage 128GB, RAM 8GB + Storage 256GB ဆိုပြီး မော်ဒယ် ၄မျိုး ထုတ်လုပ်ထားနိုင်ကြောင်း ဖော်ပြချက်များအရ သိရပါတယ်။ အရောင်တွေအနေနဲ့ Carbon Fiber, Blue နဲ့ Red ဆိုပြီး အရောင် ၃မျိုး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ စိတ်မကောင်းစွာပဲ ဈေးနှုန်းတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
Ref: Gizmochina
[Unicode]
Redmi Flagship စမတ်ဖုန်း ၂လုံးရဲ့ အချက်အလက်တချိူ့ ထွက်ပေါ်လာပြန်ပြီ
အိန္ဒိယနိုင်ငံအခြေစိုက် နည်းပညာမီဒီယာတစ်ခုဟာ Redmi အနေနဲ့ Flagship စမတ်ဖုန်း ၂လုံးကို ဒီလထဲမှာ မိတ်ဆက်မှာဖြစ်ကြောင်း ဖော်ပြလာပါတယ်။ ဒါ့အပြင် သူတို့က အဆိုပါ စမတ်ဖုန်းတွေရဲ့ RAM, Storage နဲ့ Color တွေအကြောင်းကိုပါ ပြန်လည်မျှဝေပေးထားပါသေးတယ်။
Redmi Flagship စမတ်ဖုန်း ၂မျိူးစလုံးဟာ RAM 6GB + Storage 64GB , RAM 6GB + Storage 128GB, RAM 8GB + Storage 128GB, RAM 8GB + Storage 256GB ဆိုပြီး မော်ဒယ် ၄မျိူး ထုတ်လုပ်ထားနိုင်ကြောင်း ဖော်ပြချက်များအရ သိရပါတယ်။ အရောင်တွေအနေနဲ့ Carbon Fiber, Blue နဲ့ Red ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ စိတ်မကောင်းစွာပဲ စျေးနှုန်းတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
မကြာခင် ထွက်ရှိလာမယ့် Redmi Flagship စမတ်ဖုန်းတွေရဲ့ နာမည်ကို အခုချိန်ထိ တိတိကျကျ မသိရသေးပေမယ့် စင်္ကာပူနိုင်ငံမှာတော့ M1903F10G ဆိုတဲ့ မော်ဒယ် တစ်မျိူးထွက်ပေါ်ခဲ့ဖူးပါတယ်။ နာမည်ကျော် Tipster တစ်ဦးဖြစ်တဲ့ Ishan Agarwal ရဲ့ အဆိုအရ မော်ဒယ်နံပါတ် M1903F10 နဲ့ M1903F11 တို့ဟာ Redmi Flagship စမတ်ဖုန်းတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူက Poco F1 ရဲ့ မော်ဒယ်နံပါတ်ဟာ “E10” နဲ့ အဆုံးသတ်တာ ဖြစ်တဲ့အတွက် “F10” နဲ့ အဆုံးသတ်တဲ့ မော်ဒယ်ဟာ တရုတ်ပြည် ပြင်ပမှာ Poco F2 အဖြစ် မိတ်ဆက်နိုင်တယ်လို့ ရည်ညွှန်းပြောဆို ထားပါသေးတယ်။
လက်ရှိအချိန်ထိ ကြားသိနေရတဲ့ ကောလဟလသတင်းတွေအရဆိုရင် Redmi ဟာ Snapdragon 855 အသုံးပြု စမတ်ဖုန်းနဲ့ Snapdragon 730 အသုံးပြု စမတ်ဖုန်းဆိုပြီး ၂မျိူး မိတ်ဆက်လာနိုင်ပါတယ်။ Snapdragon 855 အသုံးပြု Flagship စမတ်ဖုန်းမှာ 6.39” Notch-less AMOLED Display, In-display Fingerprint Sensor, 48MP Main Camera ပါမယ့် Triple Camera Setup , 20MP Pop-up Selfie Camera နဲ့ 27W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးနိုင်မယ့် 4000mAh ဘက်ထရီကို ထည့်သွင်းတပ်ဆင်ထားနိုင်ပါတယ်။ Snapdragon 730 အသုံးပြု စမတ်ဖုန်းမှာတော့ Snapdragon 855 အသုံးပြု စမတ်ဖုန်းရဲ့ Specification တွေကို ခပ်ပါးပါးလေး ဝိတ်လျှော့ထားပြီး စျေးချိူချိူနဲ့ ရောင်းချလာနိုင်ပါတယ်။
Ref: Gizmochina