စမတ်ဖုန်း လောကမှာ အားသွင်းနည်းပညာဟာ သိသိသာသာ တိုးတက်လာပါတယ်။ 200W Fast Charging ဟာ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ တကယ် ဖြစ်လာခဲ့ပြီး ဖုန်းတွေကို ၁၀ မိနစ်ထဲနဲ့ အားသွင်းပေးနိုင်ပါတယ်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ 240W Charging ထွက်ပေါ်လာပြီး ဖုန်းတွေကို ၁၀ မိနစ်အောက်နဲ့ အားသွင်းပေးနိုင်ပါတယ်။ အခုတော့ OPPO , OnePlus နဲ့ realme တို့ဟာ 300W Charging နည်းပညာကို ဖန်တီးနေပါတယ်။

မကြာသေးခင်က ပေါက်ကြားသတင်းအရ OPPO , OnePlus နဲ့ realme တို့ဟာ ဒြပ်ထု အသစ်တွေ၊ သိပ်သည်းဆမြင့်မားတဲ့ Battery တွေပါတဲ့ Super 100W Charging နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီကုမ္ပဏီတွေဟာ 150W Fast Charging ထက်ကျော်ပြီး 5,500mAh Battery ပါတဲ့ ဖုန်းအသစ်တွေကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

Its can Charging in 5 Minutes Phone 😱| Xiaomi 300W Charger - YouTube

ဒါ့အပြင် အဲဒီကုမ္ပဏီတွေဟာ 300W Ultra-high-power Solution ကိုလည်း ဖန်တီးနေပြီး လာမယ့်နှစ်မှာ 300W Charging ပါတဲ့ ဖုန်းတွေကို ရောင်းချနိုင်ပါတယ်။ 300W Charging နဲ့ 150W+5,500mAh Battery တွေကို OPPO Find X7 Series, OnePlus 12 Series နဲ့ တခြား ထုတ်ကုန်တွေမှာ ထည့်သွင်းလာနိုင်ပါတယ်။ ဒါပေမယ့် Find X6 Series နဲ့ OnePlus 11 တို့ကို ကြေညာထားတာ သိပ်မကြာသေးတဲ့အတွက် Find X7 Series နဲ့ OnePlus 12 Series တို့ထွက်ဖို့ အနည်းဆုံး ၆ လလောက်လိုပါသေးတယ်။

Ref : gizmochina