လက်ရှိအချိန်မှာ Bitcoin ရဲ့ ပေါက်ဈေးက ဒေါ်လာ ၁ သောင်းကျော်အထိ ရှိနေပြီဖြစ်ပြီးတော့ ဒါက Bitcoin တွေရဲ့ သမိုင်းသလျှောက် အမြင့်ဆုံးတက်ခဲ့တာဖြစ်ပြီး ယခင်က Bitcoin ဆိုတာက စိတ်မဝင်စားခဲ့တဲ့သူတွေတောင်မှ Bitcoin အပေါ် စိတ်ဝင်စားလာကြတာဖြစ်ပါတယ်။

တကယ်လို့ Bitcoin ကို ရှာဖွေတော့မယ်လို့ ဆုံးဖြတ်ထားတာပဲဖြစ်ြဖစ်၊ Bitcoin ကို ဝယ်ယူပြီး စုဆောင်းထားတော့မယ်ဆိုရင် သိထားသင့်တဲ့အချက် ၄ ခုရှိပါတယ်။ အဲ့ဒါတွေကတော့…

1. ကိုယ်ဆုံးရှုံးနိုင်သလောက်ပဲ ရင်းနှီးမြုပ်နှံပါ။

Bitcoin ရဲ့ လက်ရှိပေါက်ဈေးက ဒေါ်လာ ၁သောင်းဝန်းကျင်မှာရှိနေတယ်ဆိုပေမယ့် နှစ်စတုန်းက Bitcoin ပေါက်ဈေးက အခုထက် ၁၀ ဆ ပိုနည်းတဲ့ ဒေါ်လာ ၁၀၀၀ အောက်ပဲရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အချိန်မရွေးအဆများစွာတက်သွားနိုင်သလို အဆများစွာလည်း ထိုးကျသွားနိုင်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်အတွက် မရှိရင်လည်း ဘာမှမဖြစ်တဲ့ ပမာဏလောက်ပဲ ရင်းနှီးမြုပ်နှံပါ။

2. Bitcoin တွေရရှိလာပြီဆိုရင် ကိုယ့် Bitcoin Wallet ကို လုံခြုံအောင် ပြုလုပ်ပါ။

Bitcoin ကို စတင်စုမယ်ဆိုတာနဲ့ Bitcoin Wallet Account တစ်ခုရှိလာဖို့ လိုအပ်ပါတယ်။ အဆိုပါ Bitcoin Wallet Account ကို တွေ့ရာ Bitcoin Wallet Website တွေမှာ Account မပြုလုပ်ပဲနဲ့ လုံခြုံစိတ်ချရတဲ့ Coinbase လိုမျိုး Bitcoin Wallet Website တွေမှာပဲ သိမ်းထားပါ။ ကိုယ့် Account ကိုလည်း လုံခြုံအောင် 2 Step Verification အသုံးပြုထားပါ။

3. Bitcoin တွေကို ဝယ်ယူမယ်ဆိုရင် စိတ်ချရတဲ့နေရာကပဲ ဝယ်ယူပါ။

Bitcoin တွေကို လက်ရှိအချိန်မှာလည် Website အချို့ကနေ ဝယ်ယူလို့ရနေပြီး တစ်ခုသတိထားရမှာက Website တိုင်းက အစစ်အမှန်မဟုတ်တာကိုပါ။ အနည်းဆုံးသော Google မှာ ကိုယ်ဝယ်ယူမယ့် Website က လုံခြုံမှုရှိမရှိဆိုတာကို စစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။

4. တစ်ခါတည်း ပုံအောတာမျိုးမလုပ်ပဲ ပုံမှန်ပဲ ရင်းနှီးမြုပ်နှံပါ။

Bitcoin ဈေးက အခုအချိန်မှာ ဒေါ်လာ ၁ သောင်းဝန်းကျင်မှာရှိနေတယ်ဆိုပေမယ့် တစ်ခါတည်း အများကြီး ဝယ်ယူလိုက်ပြီးမှ ဈေးထိုးကျသွားတာမျိုး ဖြစ်ချင်မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် တစ်လကို ဘယ်လောက်ဆိုပြီး ပုံမှန်ပဲ မှန်မှန်ရင်းနှီးသွားတာက အဆင်ပြေမှာပါ။