ဖုန်းနဲ့ ဓါတ်ပုံရိုက်လိုက်ပေမယ့် တကယ့် Professional Camera နဲ့ ရိုက်ထားသလိုမျိုး ပြန်ပြီး Edit လုပ်လို့ရတယ်ဆိုတာ သင်သိပါသလား?

ဒါပေမယ့် အဲ့ဒီလိုမျိုး ပြန်ပြီး Edit လုပ်ဖို့အတွက် သာမန် Photo Editing Applications တွေနဲ့ မရပဲ အချို့သော Application တွေနဲ့ ကိုယ့်အစွမ်းအစပေါင်းစပ်ပြီး ဖုန်းနဲ့ရိုက်တယ်လို့ မထင်ရလောက်အောင် ကောင်းတဲ့ဓါတ်ပုံတွေကို ဖန်တီးနိုင်မှာပါ။

အဲ့ဒီအတွက် လူသုံးများတဲ့ Professional Photo Editing Apps ၄ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. VSCO Cam

VSCO Cam က အလွယ်ကူဆုံးသော Photo Editing Application တစ်ခုဖြစ်ပြီး Application ထဲမှာရှိတဲ့ နှစ်သက်ရာ Preset တွေကို အသုံးပြုနိုင်သလို ကိုယ့်စိတ်ကြိုက်လည်း အရောင်တွေ၊ Saturation တွေကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ VSCO Cam Application ရဲ့ အားသာချက်က ဘယ်လိုဓါတ်ပုံမျိုးကိုပဲဖြစ်ဖြစ် လှပသွားစေတဲ့ Preset တွေပဲဖြစ်ပါတယ်။

2. Snapseed

ဓါတ်ပုံကို ဝါသနာပါလို့ ရိုက်နေဖြစ်တဲ့သူတွေဆိုရင်တော့ Snapseed App ကို ရင်းနှီးနေကြမှာပါ။ ဒီ Google က ထုတ်လုပ်ထားတဲ့ Photo Editing Application ဟာ သာမန် စာရေးချင်တာပဲဖြစ်ဖြစ် Professional ဆန်ဆန် Edit လုပ်ချင်တာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်သလို တစ်နေရာထဲမှာ ပြင်လို့ရတဲ့ Application တစ်ခုလို့ ပြောရမှာပါ။

3. PicsArt Photo Studio and Collage

PicsArt Application ကတော့ အရောင်တွေချိန်တာထက် Social Media အတွက် Crop ပြုလုပ်တာ၊ Stickers တွေ၊ Lens Flare တွေထပ်ထည့်တာ၊ Filters တွေအုပ်တာ ပြုလုပ်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေဆုံး Application တစ်ခုဖြစ်မှာပါ။

4. Adobe Lightroom CC

Adobe Lightroom က မူရင်းဓါတ်ပုံကို မပျက်စီးစေပဲနဲ့ အလှပဆုံးဖုန်းထဲမှာပဲ Retouch လုပ်ချင်တဲ့သူတွေ အရွေးချယ်သင့်ဆုံးဖြစ်မှာပါ။ Color, Exposure နဲ့ Hightlight တွေကို အကောင်းဆုံး ပြင်ဆင်နိုင်သလို Edit လုပ်ပြီးလို့ ထွက်လာတဲ့ပုံကလည်း Quality ကျသွားခြင်းမရှိတာက အားသာချက်လို့ ပြောလို့ရပါတယ်။