Frances Haugen ဆိုသူ ဝန်ထမ်းဟောင်းဟာ Facebook ရဲ့ အတွင်း သတင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဖွင့်ချပြီးနောက် Facebook နဲ့ မိခင်ကုမ္ပဏီ Meta ဟာ User တွေအတွက် ဘေးကင်း စိတ်ချရအောင် ဘယ်လို ပြုလုပ်ပေးထားသလဲဆိုတဲ့ ငြင်းခုန်ဆွေးနွေးမှုတွေ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ Haugen အဓိကထား ပြောပြသွားတဲ့ အချက် ၁ ခုက Engagement-based Ranking ဖြစ်ပါတယ်။

Engagement-based Ranking ဟာ User တွေ Like, Share, Comment များများပြုလုပ်တဲ့ပို့စ်တွေနဲ့ ဆက်စပ်ပတ်သက်တဲ့ ပို့စ်တွေကို News Feed မှာ များများပြသပေးတာပါ။ ဒါပေမယ့် အဲဒီ စနစ်ဟာ သတင်းအချက်အလက် အမှားတွေ၊ မုန်းတီးတဲ့ စကားတွေ၊ ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ သတင်းအချက်အလက်တွေကို ပြသပေးနေတယ်လို့ Haugen က ထောက်ပြသွားပါတယ်။ အဲဒီ စနစ် အစား ပို့စ်အသစ်တွေကို News Feed မှာ အရင်ဆုံး ကြည့်နိုင်မယ့် နည်းလမ်းကို ရွေးချယ်သင့်တယ်လို့ သူမက ပြောပါတယ်။

အဲဒီလို ကြည့်ရှုနိုင်မယ့် နည်းလမ်းကို အောက်မှာ ဖော်ပြပေးချင်ပါတယ်။

Facebook App

The "most recent" option in the Facebook app.

App ရဲ့ ညာဘက်ထိပ်က Menu ကို နှိပ်ပြီး အောက်ကို ဆင်းကာ See More ကို နှိပ်ပါ။ အဲဒီနောက်မှာ ပေါ်လာတဲ့ Recent and Favorites ကို နှိပ်ပါ။

Browser

The "most recent" option on Facebook.

Browser ကနေ Facebook အသုံးပြုသူတွေကတော့ ဘယ်ဘက်ခြမ်းက Sidebar ကို သွားပါ။ အောက်ကို ဆင်းပြီး Most Recent ကို နှိပ်ရင် Facebook ပြသပေးတဲ့အတိုင်း မဟုတ်ဘဲ ပို့စ်အသစ်တွေကို News Feed မှာ အရင်ဆုံး ကြည့်ရှုနိုင်ပါပြီ။

Facebook ဟာ အဲဒီလို ကြည့်ရှုတဲ့နည်းလမ်းကို Default အနေနဲ့ သတ်မှတ်ခွင့် မပေးထားပါဘူး။ အဲဒီအတွက် Facebook ကို ဖွင့်တိုင်း အဲဒီ Setting ကို ပြောင်းလဲပေးရမှာပါ။

အနာဂတ်မှာ Meta က အဲဒီ နည်းလမ်းနဲ့ ပိုမိုလွယ်ကူ မြန်ဆန်စွာ ကြည့်ရှုနိုင်မယ့် Setting ကို ပြုလုပ်ပေးလာနိုင်ပါတယ်။

Ref : businessinsider