တစ်ခါတလေမှာ အလုပ်ကိစ္စ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် Gmail နဲ့ ဆက်သွယ်နေရတယ်ဆိုရင် အဆိုပါ Gmail မှာ ဆက်သွယ်ဖူးတဲ့သူတွေကို ဖုန်း Contact List ထဲမှာ အလိုအလျောက်ထည့်သွင်းပြီးသားဖြစ်နေတာကို ကြုံဖူးကြမှာပါ။ ဒါက ကိုယ့်ဖုန်းထဲက Contact ကို ပိုပြီးရှုပ်ထွေးစေနိုင်ပြီး အရေးအကြောင်းရှိတဲ့အချိန်တွေမှာ အခက်ကြုံနိုင်ပါတယ်။

ဒါကြောင့် အခုလိုမျိုး Gmail ထဲကသူတွေကို ဖုန်း Contact ထဲ အလိုအလျောက်မရောက်နေအောင် ဘယ်လိုမျိုးပြုလုပ်ရမလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

အရင်ဆုံးအနေနဲ့ Desktop Web Browser မှာ Gmail ကို ဖွင့်ပြီး Setting Icon ကို နှိပ်ပါ။ ပြီးရင်တော့ See All Settings ကို နှိပ်ပြီး Settings Page ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။

Settings – General အောက်မှာ Create Contact For Auto-complete ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ “I’ll Add Contact Myself” ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အောက်ဆုံးမှာရှိတဲ့ Save Changes ကိုနှိပ်ပြီးရင် Gmail မှာ ဆက်သွယ်ဖူးတဲ့သူတွေကို Google Contact အနေနဲ့ အလိုအလျောက်မှတ်ထားတော့မှာမဟုတ်ပါဘူး။

Ref – Android Central