[Zawgyi]

ယမန္ေန႔က ကမာၻ႕ပထမဆုံး Button-less စမတ္ဖုန္းအျဖစ္ Meizu Zero ကိုေၾကျငာခဲ့ေပမယ့္ တရုတ္အေျခစုိက္ ကုမၸဏီဟာ ေနာက္ထပ္ နည္းပညာအေျပာင္းအလဲ ျဖစ္ေစမယ့္ ထုတ္ကုန္ကိုလည္း လုပ္ကုိင္ေနခဲ့ပါတယ္။ လာမယ့္ေဖေဖာ္ဝါရီလလည္ေလာက္မွာ တရားဝင္မိတ္ဆက္လာမယ့္ ဖုန္းကေတာ့ Meizu M9 Note စမတ္ဖုန္းပါ။

၄င္းဖုန္းေနာက္ဘက္မွာ Dual ကင္မရာစနစ္ ပါဝင္လာၿပီး အဓိက Sensor ကေတာ့ 48MP ျဖစ္မွာပါ။ ဒါေပမယ့္ Sony IMX Sensor အမ်ဳိးအစားေတာ့ မဟုတ္ဘဲ Samsung ကထုတ္တဲ့ GM1 ျဖစ္လာႏုိင္ပါတယ္။

Meizu တည္ေထာင္သူ Huang Zhang မွ ဒီအခ်က္အလက္ကို အတည္ျပဳေပးခဲ့ၿပီး M9 Note မွာ Snapdragon 675 ခ်စ္ပ္ဆက္လည္း ပါဝင္လာမယ္လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။ ၄င္းဟာ 11nm Process နဲ႔တည္ေဆာက္ထားတာျဖစ္ၿပီး Kryo 460 CPU Core ေတြနဲ႔ Adreno 612 GPU တုိ႔ျဖင့္ ပါဝင္ပါတယ္။ AnTuTu Benchmark မွာေတာ့ SD675 ရဲ႕ရမွတ္ဟာ 170,000 နီးပါးရွိခဲ့တာေၾကာင့္ ဒီဟန္းဆက္ဟာ Mid-range ထဲမွာ အျမင့္ပိုင္းအဆင့္ေလာက္နဲ႔ ထြက္လာမယ္လို႔ ယူဆရမွာပါ။

Meizu M9 Note မွာ ဘကၳရီကိုလည္း 4,000 mAh ဘကၳရီႀကီးကို သုံးထားေပမယ့္ အေျခခံအက်ဆုံး ေမာ္ဒယ္ဟာ တရုတ္ယြမ္တစ္ေထာင္ (ျမန္မာေငြ ႏွစ္သိန္းႏွစ္ေသာင္းခြဲခန္႔) သာရွိတာေၾကာင့္ ေဒၚလာ ၁၅၀ ေအာက္သာ တန္ဖိုးရွိမွာျဖစ္တယ္။ ဒီေျခလွမ္းဟာ မၾကာေသးခင္က ေၾကျငာထားတဲ့ Redmi Note 7 ကို ထိပ္တုိက္ေတြ႕ဖို႔ ျပင္ဆင္လာတာပဲလုိ႔ ဆုိရမွာပါ။

Ref – GSM Arena

[Unicode]

ယမန်နေ့က ကမ္ဘာ့ပထမဆုံး Button-less စမတ်ဖုန်းအဖြစ် Meizu Zero ကိုကြေငြာခဲ့ပေမယ့် တရုတ်အခြေစိုက် ကုမ္ပဏီဟာ နောက်ထပ် နည်းပညာအပြောင်းအလဲ ဖြစ်စေမယ့် ထုတ်ကုန်ကိုလည်း လုပ်ကိုင်နေခဲ့ပါတယ်။ လာမယ့်ဖေဖော်ဝါရီလလည်လောက်မှာ တရားဝင်မိတ်ဆက်လာမယ့် ဖုန်းကတော့ Meizu M9 Note စမတ်ဖုန်းပါ။

၎င်းဖုန်းနောက်ဘက်မှာ Dual ကင်မရာစနစ် ပါဝင်လာပြီး အဓိက Sensor ကတော့ 48MP ဖြစ်မှာပါ။ ဒါပေမယ့် Sony IMX Sensor အမျိုးအစားတော့ မဟုတ်ဘဲ Samsung ကထုတ်တဲ့ GM1 ဖြစ်လာနိုင်ပါတယ်။

Meizu တည်ထောင်သူ Huang Zhang မှ ဒီအချက်အလက်ကို အတည်ပြုပေးခဲ့ပြီး M9 Note မှာ Snapdragon 675 ချစ်ပ်ဆက်လည်း ပါဝင်လာမယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။ ၎င်းဟာ 11nm Process နဲ့တည်ဆောက်ထားတာဖြစ်ပြီး Kryo 460 CPU Core တွေနဲ့ Adreno 612 GPU တို့ဖြင့် ပါဝင်ပါတယ်။ AnTuTu Benchmark မှာတော့ SD675 ရဲ့ရမှတ်ဟာ 170,000 နီးပါးရှိခဲ့တာကြောင့် ဒီဟန်းဆက်ဟာ Mid-range ထဲမှာ အမြင့်ပိုင်းအဆင့်လောက်နဲ့ ထွက်လာမယ်လို့ ယူဆရမှာပါ။

Meizu M9 Note မှာ ဘက္ထရီကိုလည်း 4,000 mAh ဘက္ထရီကြီးကို သုံးထားပေမယ့် အခြေခံအကျဆုံး မော်ဒယ်ဟာ တရုတ်ယွမ်တစ်ထောင် (မြန်မာငွေ နှစ်သိန်းနှစ်သောင်းခွဲခန့်) သာရှိတာကြောင့် ဒေါ်လာ ၁၅၀ အောက်သာ တန်ဖိုးရှိမှာဖြစ်တယ်။ ဒီခြေလှမ်းဟာ မကြာသေးခင်က ကြေငြာထားတဲ့ Redmi Note 7 ကို ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်လာတာပဲလို့ ဆိုရမှာပါ။

Ref – GSM Arena