Sony ရဲ့ လက်ကိုင်ဂိမ်းစက်တစ်ခုဖြစ်တဲ့ PSP လို့ လူသိများတဲ့ Play Station Portable ဂိမ်းစက်ဟာ အခုအချိန်အထိဆော့ကစားတဲ့သူတွေရှိနေဆဲပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ PSP ဂိမ်းတွေကစားနိုင်ဖို့ PSP ဂိမ်းစက်တစ်ခုလုံးဝယ်ယူစရာမလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဖုန်းထဲမှာပဲ PSP Emulator App ထည့်ထားလိုက်တာနဲ့ PSP ဂိမ်းတွေအကုန်လုံးကို ဖုန်းမှာ ဆော့ကစားနိုင်တာကြောင့်ပါ။

အဲ့ဒီ PSP Emulator တွေထဲကမှ အကောင်းဆုံး PSP Emulator App ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. AwePSP

AwePSP Emulator က အရိုးရှင်းဆုံး PSP Emulator တစ်ခုဖြစ်ပြီး Application ထဲကို ဝင်ရောက်ပြီး Download လုပ်ထားတဲ့ PSP ဂိမ်းကိုဖွင့်လိုက်တာနဲ့ ဆောါကစားနိုင်မှာဖြစ်ပါတယ်။ ဒီ App ဟာ Hardware Controller နဲ့ ချိတ်ဆက်ပြီးလည်း အသုံးပြုနိုင်မှာဖြစ်ပြီးတော့ ပုံမှန်အားဖြင့် Stable ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

2. Emulator PSP Pro

ဒီ App ကတော့ Pro လို့နာမည်တပ်ထားပေမယ့်လည်း အခမဲ့ Download ရယူနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Features တွေအစုံလင်ဆုံးဖြစ်သလို Control တွေအရလည်း လွယ်ကူတဲ့အတွက် စမ်းသပ်ကြည့်သင့်တဲ့ App တစ်ခုဖြစ်မှာပါ။

3. Matsu Emulator

ဒီ App က PSP ဂိမ်းတွေကို လောလောဆယ်မှာ Support မပြုလုပ်သေးဘူးဖြစ်ပါတယ်။ ဘာဖြစ်လို့ ထည့်သွင်းထားရတာလဲဆိုရင် PSP ဂိမ်းတွေကို မကြာခင် Support ပြုလုပ်မှာဖြစ်တဲ့အပြင် အခုအချိန်မှာ PSX, SNES, NES, Game Boy အစရှိတဲ့ အရင်က ထွက်ရှိတဲ့ Family ဂိမ်းအစုံကို Support ပြုလုပ်ပြီး ဆော့ကစားနိုင်တာကြောင့်ဖြစ်ပါတယ်။

4. PPSSPP

ဒီ PPSSPP App ကတော့ PSP Emulator တွေထဲမှာ မသိတဲ့သူမရှိသလောက်ရှားမှာပါ။ လက်ရှိ PSP Emulator တွေထဲမှာ Update အမြန်ဆုံးဖြစ်သလို တကယ်လို့ ကိုယ့်ဖုန်းက Android Version အမြင့်ဖုန်းဆိုရင် ကျိန်းသေ PPSSPP ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။

5. RetroArch

RetroArch ကလည်း Matsu Emulator လိုပဲ ယခင် SNES Family Game တွေကနေ ယခု PSP ဂိမ်းတွေအထိ အကုန်လုံးကို ဆော့ကစားနိုင်တဲ့ Emulator တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကျွမ်းတဝင်မရှိသူတွေအတွက်ကတော့ Setting တွေက အနည်းငယ်ရှုပ်ထွေးနိုင်ပါလိမ့်မယ်။