[Unicode]

၂၀၁၉ ခုနှစ်အလွန် ၂၀၂၀ ပြည့်နှစ်မှာ 5G စမတ်ဖုန်းတွေရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုတွေက ပိုပြီးပြင်းထန်လာတော့မှာပါ။ ကမ္ဘာ့ စမတ်ဖုန်းနည်းပညာနယ်ပယ်ထဲမှာ ထိပ်တန်းကပါဝင်နေတဲ့ Apple လည်း 5G iPhone တွေကို ထုတ်လုပ်ရောင်းချလာမှာပါ။ ဒါပေမယ့် လာမယ့် ၂၀၂၀ မှာတော့ Apple ရဲ့ 5G iPhone တွေဟာ ထင်သလောက်ရောင်းအားကောင်းမှာမဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။

နည်းပညာလောကမှာ Apple ရဲ့ iPhone တွေဟာ အမြဲတမ်း ဦးဆောင်သူနေရာမှာ ရှိမနေခဲ့ပါဘူး။ ဥပမာအားဖြင့် အမေရိကန်မှာ Verizon က ၂၀၀၂ ခုနှစ်ဇန်နဝါရီမှာ 3G ကွန်ရက်ကို ဖြန့်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ် ဇွန်လလောက်မှ iPhone 3G ထွက်ခဲ့တာပါ။ 4G iPhone ဖြစ်တဲ့ 2013 iPhone 5 ကလည်း အမေရိကန်မှာ 4G ကွန်ရက်ဖြန့်ကျက်ပြီး ၂ နှစ်ကျော်မှ ထွက်လာတာပါ။

အခုလည်း 5G ကွန်ရက် ဖြန့်ကျက်နေပြီး 5G စမတ်ဖုန်းတွေ ထွက်ပေါ်နှင့်ပြီး ဖြစ်ပေမယ့် Apple ကတော့ 5G iPhone အတွက် အချိန်ယူနေတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ စက်တင်ဘာလောက်မှာ 5G iPhone တွေ ထွက်လာနိုင်တဲ့အတွက် ဒီတစ်ခေါက်ကတော့ 5G ကွန်ရက် စတင်ဖြန့်ကျက်ချိန်နဲ့ 5G iPhone စတင်ရောင်းချချိန်က သိပ်အများကြီး ကွာဟမှုမရှိတော့ဘူးလို့ ဆိုရမှာပါ။

Loup Ventures ရဲ့ managing partner Gene Munster ကတော့ ၂၀၂၀ မှာ Apple ရဲ့ 5G iPhone ရောင်းအားက ထင်သလောက် ကောင်းမှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ အကြောင်းရင်းက အမေရိကန်မှာ 5G ကွန်ရက်ဖြန့်ကျက်မှု ရာနှုန်းပြည့်မရှိသေးတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ ဒီသုံးသပ်ချက်ကို ထောက်ခံနိုင်တဲ့ အခြားသတင်းတစ်ခုလည်း ရှိနေပါသေးတယ်။

Verizon ရဲ့ CEO ဖြစ်တဲ့ Hans Vestberg ကလည်း လာမယ့် ၂၀၂၄ ခုနှစ်အထိ အမေရိကန် ၅၀% ကပဲ 5G စမတ်ဖုန်း အသုံးပြုကြဦးမယ်လို့ ခန့်မှန်းထားကြောင်း ပြောဆိုသွားခဲ့ဖူးပါတယ်။ စစ်တမ်းတွေအရလည်း လက်ရှိ iPhone အသုံးပြုနေသူအားလုံး ထဲက ၂၃% ကပဲ 5G iPhone ကို ပြောင်းလဲအသုံးပြုလိုကြတာကို တွေ့ရှိရပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် Munster ရဲ့ သုံးသပ်ချက်က မှန်ကန်နိုင်ခြေရှိတယ်လို့ ဆိုရမှာပါ။

Ref: Phone Arena

[Zawgyi]

၂၀၂၀ မွာ Apple ရဲ႕ 5G iPhone ေတြ ေရာင္းအားေကာင္းမွာမဟုတ္ဘူးလို႔ စစ္တမ္းေကာက္ယူမႈနဲ႔ သုံးသပ္ခ်က္မ်ားက ေဖာ္ျပ

၂၀၁၉ ခုႏွစ္အလြန္ ၂၀၂၀ ျပည့္ႏွစ္မွာ 5G စမတ္ဖုန္းေတြရဲ႕ ေဈးကြက္ၿပိဳင္ဆိုင္မႈေတြက ပိုၿပီးျပင္းထန္လာေတာ့မွာပါ။ ကမာၻ႔ စမတ္ဖုန္းနည္းပညာနယ္ပယ္ထဲမွာ ထိပ္တန္းကပါဝင္ေနတဲ့ Apple လည္း 5G iPhone ေတြကို ထုတ္လုပ္ေရာင္းခ်လာမွာပါ။ ဒါေပမယ့္ လာမယ့္ ၂၀၂၀ မွာေတာ့ Apple ရဲ႕ 5G iPhone ေတြဟာ ထင္သေလာက္ေရာင္းအားေကာင္းမွာမဟုတ္ဘူးလို႔ ခန႔္မွန္းရပါတယ္။

နည္းပညာေလာကမွာ Apple ရဲ႕ iPhone ေတြဟာ အၿမဲတမ္း ဦးေဆာင္သူေနရာမွာ ရွိမေနခဲ့ပါဘူး။ ဥပမာအားျဖင့္ အေမရိကန္မွာ Verizon က ၂၀၀၂ ခုႏွစ္ဇန္နဝါရီမွာ 3G ကြန္ရက္ကို ျဖန႔္ခဲ့ေပမယ့္ ၂၀၀၈ ခုႏွစ္ ဇြန္လေလာက္မွ iPhone 3G ထြက္ခဲ့တာပါ။ 4G iPhone ျဖစ္တဲ့ 2013 iPhone 5 ကလည္း အေမရိကန္မွာ 4G ကြန္ရက္ျဖန႔္က်က္ၿပီး ၂ ႏွစ္ေက်ာ္မွ ထြက္လာတာပါ။

အခုလည္း 5G ကြန္ရက္ ျဖန႔္က်က္ေနၿပီး 5G စမတ္ဖုန္းေတြ ထြက္ေပၚႏွင့္ၿပီး ျဖစ္ေပမယ့္ Apple ကေတာ့ 5G iPhone အတြက္ အခ်ိန္ယူေနတုန္း ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၂၀ စက္တင္ဘာေလာက္မွာ 5G iPhone ေတြ ထြက္လာႏိုင္တဲ့အတြက္ ဒီတစ္ေခါက္ကေတာ့ 5G ကြန္ရက္ စတင္ျဖန႔္က်က္ခ်ိန္နဲ႔ 5G iPhone စတင္ေရာင္းခ်ခ်ိန္က သိပ္အမ်ားႀကီး ကြာဟမႈမရွိေတာ့ဘူးလို႔ ဆိုရမွာပါ။

Loup Ventures ရဲ႕ managing partner Gene Munster ကေတာ့ ၂၀၂၀ မွာ Apple ရဲ႕ 5G iPhone ေရာင္းအားက ထင္သေလာက္ ေကာင္းမွာမဟုတ္ဘူးလို႔ သုံးသပ္ခဲ့ပါတယ္။ အေၾကာင္းရင္းက အေမရိကန္မွာ 5G ကြန္ရက္ျဖန႔္က်က္မႈ ရာႏႈန္းျပည့္မရွိေသးတဲ့အတြက္ေၾကာင့္လို႔ ဆိုပါတယ္။ ဒီသုံးသပ္ခ်က္ကို ေထာက္ခံႏိုင္တဲ့ အျခားသတင္းတစ္ခုလည္း ရွိေနပါေသးတယ္။

Verizon ရဲ႕ CEO ျဖစ္တဲ့ Hans Vestberg ကလည္း လာမယ့္ ၂၀၂၄ ခုႏွစ္အထိ အေမရိကန္ ၅၀% ကပဲ 5G စမတ္ဖုန္း အသုံးျပဳၾကဦးမယ္လို႔ ခန႔္မွန္းထားေၾကာင္း ေျပာဆိုသြားခဲ့ဖူးပါတယ္။ စစ္တမ္းေတြအရလည္း လက္ရွိ iPhone အသုံးျပဳေနသူအားလုံး ထဲက ၂၃% ကပဲ 5G iPhone ကို ေျပာင္းလဲအသုံးျပဳလိုၾကတာကို ေတြ႕ရွိရပါတယ္။ ဒီအခ်က္ေတြကို ၾကည့္ျခင္းအားျဖင့္ Munster ရဲ႕ သုံးသပ္ခ်က္က မွန္ကန္ႏိုင္ေျခရွိတယ္လို႔ ဆိုရမွာပါ။

Ref: Phone Arena