[Unicode]

Apple ဟာ လာမယ့်နွေဦးရာသီမှာ iPad Pro series သစ်ကို မိတ်ဆက်ဖို့ အစောကြီးကတည်းက ပြင်ဆင်နေခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောထွက်လာတဲ့သတင်းအရ iPad Pro တွေရဲ့ မိတ်ဆက်ချိန်ဟာ ဒီနှစ်ရဲ့ နှောင်းပိုင်းလောက်ကို ရွှေ့သွားနိုင်တယ်လို့ သိရပါတယ်။

iPad Pro series သစ် မိတ်ဆက်ချိန် နောက်ကျသွားနိုင်တဲ့အကြောင်းရင်းက အမေရိကန်နည်းပညာကုမ္ပဏီကြီးဟာ 5G Device တွေအဖြစ်ဖန်တီးထားမှာဖြစ်တာကြောင့် ဈေးကွက်ထဲမိတ်ဆက်ချိန်ကိုလည်း နောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

ထပ်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာက Apple ရဲ့ ပထမဆုံး 5G iPad Pro တွေဟာ mini-LED မျက်နှာပြင်တွေလည်း ပါဝင်လာနိုင်တယ် ဆိုတာပါပဲ။ ထိုင်ဝမ်ရဲ့ Semiconductor Engineering ဘက်ကနေထွက်လာတဲ့သတင်းကတော့ Apple ဟာ 5G သုံးနိုင်တဲ့ တက်ဘလက်အတွက် Antenna-in-packaged နည်းပညာကို ထောက်ပံ့ဖို့ပြင်ဆင်နေတယ်ဆိုတာပါပဲ။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မော်ဒယ်အတိအကျကို မဖော်ပြခဲ့ပေမယ့် 5G သုံးနိုင်တဲ့ iPad Pro အနေနဲ့ ထပ်ဆောင်းကုန်ကျစရိတ်တွေများတဲ့ အမျိုးအစား ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ DigiTimes ကတော့ 5G iPad Pro တွေဟာ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ 5G iPhone တွေနဲ့အတူ မိတ်ဆက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အသစ်ထွက်လာမယ့် တက်ဘလက်ဟာ 12.9-inch iPad Pro ကို အဆင့်မြှင့်တင်ထားတာ ဖြစ်နိုင်တယ်လို့ Ming-Chi Kuo က ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကတည်းက ပြောခဲ့ဖူးပါတယ်။ အတွင်းပိုင်းမှာ မျိုးဆက်သစ် A14X Bionic သုံးထားပြီး LED တစ်သောင်း ပါဝင်တဲ့ အဆင့်မြင့် mini-LED မျက်နှာပြင် ပါဝင်လာနိုင်တယ်လို့လည်း Kuo က ပြောခဲ့ပါသေးတယ်။

ဒီသတင်းနှစ်ခုသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့ 5G iPad Pro တွေဟာ အလန်းလွန်၊ အလွန်လန်းနေမယ်လို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

Ref: Phone Arena

[Zawgyi]

Mini-LED Display ေတြ ပါဝင္ဖြယ္ရွိတဲ့ 5G iPad Pro အသစ္ေတြကို ဒုတိယႏွစ္ဝက္မွာ မိတ္ဆက္ႏိုင္

Apple ဟာ လာမယ့္ေႏြဦးရာသီမွာ iPad Pro series သစ္ကို မိတ္ဆက္ဖို႔ အေစာႀကီးကတည္းက ျပင္ဆင္ေနခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ လတ္တေလာထြက္လာတဲ့သတင္းအရ iPad Pro ေတြရဲ႕ မိတ္ဆက္ခ်ိန္ဟာ ဒီႏွစ္ရဲ႕ ေႏွာင္းပိုင္းေလာက္ကို ေ႐ႊ႕သြားႏိုင္တယ္လို႔ သိရပါတယ္။

iPad Pro series သစ္ မိတ္ဆက္ခ်ိန္ ေနာက္က်သြားႏိုင္တဲ့အေၾကာင္းရင္းက အေမရိကန္နည္းပညာကုမၸဏီႀကီးဟာ 5G Device ေတြအျဖစ္ဖန္တီးထားမွာျဖစ္တာေၾကာင့္ ေဈးကြက္ထဲမိတ္ဆက္ခ်ိန္ကိုလည္း ေနာက္ဆုတ္ဖို႔ဆုံးျဖတ္လိုက္တာလို႔ ဆိုပါတယ္။

ထပ္ၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတာက Apple ရဲ႕ ပထမဆုံး 5G iPad Pro ေတြဟာ mini-LED မ်က္ႏွာျပင္ေတြလည္း ပါဝင္လာႏိုင္တယ္ ဆိုတာပါပဲ။ ထိုင္ဝမ္ရဲ႕ Semiconductor Engineering ဘက္ကေနထြက္လာတဲ့သတင္းကေတာ့ Apple ဟာ 5G သုံးႏိုင္တဲ့ တက္ဘလက္အတြက္ Antenna-in-packaged နည္းပညာကို ေထာက္ပံ့ဖို႔ျပင္ဆင္ေနတယ္ဆိုတာပါပဲ။

ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ေမာ္ဒယ္အတိအက်ကို မေဖာ္ျပခဲ့ေပမယ့္ 5G သုံးႏိုင္တဲ့ iPad Pro အေနနဲ႔ ထပ္ေဆာင္းကုန္က်စရိတ္ေတြမ်ားတဲ့ အမ်ိဳးအစား ျဖစ္လာႏိုင္တယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ DigiTimes ကေတာ့ 5G iPad Pro ေတြဟာ ဒီႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္မွာ 5G iPhone ေတြနဲ႔အတူ မိတ္ဆက္လာဖြယ္ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။

အသစ္ထြက္လာမယ့္ တက္ဘလက္ဟာ 12.9-inch iPad Pro ကို အဆင့္ျမႇင့္တင္ထားတာ ျဖစ္ႏိုင္တယ္လို႔ Ming-Chi Kuo က ၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းကတည္းက ေျပာခဲ့ဖူးပါတယ္။ အတြင္းပိုင္းမွာ မ်ိဳးဆက္သစ္ A14X Bionic သုံးထားၿပီး LED တစ္ေသာင္း ပါဝင္တဲ့ အဆင့္ျမင့္ mini-LED မ်က္ႏွာျပင္ ပါဝင္လာႏိုင္တယ္လို႔လည္း Kuo က ေျပာခဲ့ပါေသးတယ္။

ဒီသတင္းႏွစ္ခုသာ အမွန္တကယ္ျဖစ္လာမယ္ဆိုရင္ေတာ့ 5G iPad Pro ေတြဟာ အလန္းလြန္၊ အလြန္လန္းေနမယ္လို႔ ေမွ်ာ္လင့္ႏိုင္မွာ ျဖစ္ပါတယ္။

Ref: Phone Arena