MediaTek ရဲ့ ပထမဆုံး 5nm chipset ကို တွေ့ရဖို့ နောက်ထပ်နှစ်အနည်းငယ် စောင့်ဆိုင်းရဖွယ်ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း Dimensity 1200 နဲ့ Dimensity 1100 ကို မိတ်ဆက်သွားမှာဖြစ်ပေမယ့် ဒီ Chipset တွေဟာ 6nm node တွေ ဖြစ်ပါတယ်။

နာမည်ကျော် Leakster Digital Chat Station ဖော်ပြထားတဲ့ Roadmap အရဆိုရင်တော့ 6nm chip တွေကို OPPO နဲ့ Vivo တို့က အရင်ဦးဆုံး အသုံးပြုမှာဖြစ်ပါတယ်။ (Redmi အမှုဆောင်တွေကလည်း အရိပ်အမြွက်ပြောခဲ့ပါသေးတယ်)

၂၀၂၂ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာမှ MidiaTek ဟာ 5nm chipset ဖြစ်တဲ့ Dimensity 2000 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီ Chipset ကိုအသုံးပြုဖို့ OPPO နဲ့ Vivo တို့က တန်းစီထားပေမယ့်၊ Honor ကလည်း ဖောက်သည်တစ်ဦးအဖြစ် ပါဝင်လာဖွယ်ရှိပါတယ်။ (Kirin ခေတ်လွန်ကာလဟာ Dimensity 1000+ သုံးထားတဲ့ Honor V40 နဲ့ စတင်တော့မှာပါ)

Dimensity 2000 ဟာ မိသားစုထဲမှာ စွမ်းဆောင်ရည်မြင့် Cortex-X core ကို ဆင့်ကဲမွေးစားတဲ့ ပထမဆုံး Chipset ဖြစ်လာဖွယ်ရှိပါတယ်။ X2 ကတော့ အထူးသဖြင့် Cortex-A79 CPU cores နဲ့ Mali-G79 GPU cores တွေကို ပေါင်းထားတာ ဖြစ်ပါလိမ့်မယ်။ ဒီသုံးမျိုးစလုံးကိုတော့ ARM က ကြေညာဖို့မရှိသေးပါဘူး။ (Dimensity 1200 CPU က Cortex-A78 core ပေါ်မှာ အခြေခံပါတယ်)

A79 က Matterhorn core ဖြစ်ပြီး ဒီနှစ်ထဲမှာ ပွဲထွက်လာဖို့ စီစဉ်ထားပါတယ်။ ဒါဟာ A78 ထက်စွမ်းဆောင်ရည် အနည်းငယ်တိုးလာဖို့ပဲ မျှော်လင့်နိုင်ပါတယ်။ (ဒါပေမယ့် A73 လိုမျိုး အဟောင်းတွေထက် 2.5X တိုးလာဖွယ်ရှိပါတယ်) Matterhorn ဟာ Memory safety ချိုးဖောက်တာတွေကိုထောက်လှမ်းဖို့အတွက် Hardware ပိုင်း ပါလာမယ်လို့ သိရပါတယ်။ လာမယ့်တည်ဆောက်မှုက Makalu ဖြစ်ပြီး A78 ထက် ၃၀% ပိုမြန်မှာ ဖြစ်ပါတယ်။

ရှင်းရှင်းလင်းလင်းမသိရသေးတာကတော့ ဒါဟာ X2 core ဟုတ်၊ မဟုတ်ဆိုတာပါပဲ။ ၂၀၂၃ အထိ အလုံးအရင်းလိုက် ထုတ်လုပ်မယ်လို့လည်း မျှော်လင့်ထားလို့မရပါဘူး။ Makalu ရဲ့စိတ်ဝင်စားစရာအချက်က 32-bit support ကို လျှော့ချပြီး 64-bit software ကိုပဲ သီးသန့် Run မယ်ဆိုတာပါပဲ။

Ref: GSM Arena