OnePlus ဟာ တစ်နှစ်ကို Flagship စမတ်ဖုန်း ၂ မျိုးစီမိတ်ဆက်နေကျဖြစ်ပြီး အခုလည်း လာမယ့် ၂၀၂၀ ဒုတိယနှစ်ဝက်ပိုင်းမှာ OnePlus 8T Series စမတ်ဖုန်းတွေကို မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ OnePlus 7T စမတ်ဖုန်းဟာ OnePlus အတွက် အအောင်မြင်ဆုံးစမတ်ဖုန်းတစ်လုံးဖြစ်ခဲ့သလိုပဲ အခုနှစ် OnePlus 8T စမတ်ဖုန်းတွေမှာလည်း ဘယ်လိုမျိုး ပြောင်းလဲမှုတွေပါဝင်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။

မနှစ်တုန်းကတော့ OnePlus 7 ထက် OnePlus 7T ဖုန်းဟာ 90Hz Display ၊ Waterdrop Notch လိုမျိုး သိသာတဲ့ပြောင်းလဲမှုတွေ ရှိပြီးတော့ OnePlus 7 Pro နဲ့ OnePlus 7T Pro ဖုန်းတွေမှာတော့ သိသိသာသာပြောင်းလဲမှုမရှိခဲ့ပါဘူး။ ယခုနှစ်မှာတော့ OnePlus ကနေ OnePlus 8T Pro ဖုန်းကို ပိုပြီးကောင်းမွန်တဲ့ Feature တစ်ခုထည့်သွင်းပေးဖို့ရှိနေပါတယ်။

ဒါကတော့ လက်ရှိ OPPO စမတ်ဖုန်းတွေမှာပါဝင်တဲ့ 65W SuperVOOC 2.0 Fast Charging လိုမျိုး 65W Super Wrap Charge Feature ကို OnePlus 8T Pro ဖုန်းအတွက်ထည့်သွင်းပေးသွားတော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ OnePlus စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ 30W Fast Charging နည်းပညာထက် သိသိသာသာကိုပိုပြီးမြန်ဆန်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် OnePlus 8T Series စမတ်ဖုန်းတွေမိတ်ဆက်ဖို့က အချိန်လပိုင်းလိုနေသေးတဲ့အတွက် ကျန်တဲ့ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာဦးမလဲဆိုတာကတော့ သတင်းတွေထွက်ရှိခြင်းမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် 65W Super Wrap Charge Feature ပါလာမယ့်အတွက် OnePlus 8T Pro ဖုန်းက လက်ရှိ Charging Speed အမြန်ဆုံးစမတ်ဖုန်းတွေထဲမှာ တစ်လုံးအပါအဝင်ဖြစ်လာတော့မှာပါ။

Ref – Gizmo China